မိန်းမယူပြီး လေးနှစ်အကြာမှာ ယောက်ျားထပ်ယူတဲ့ ဆရာဝန်ဆိုသူ ဖမ်းဆီးခံရ
မိန်းမယူပြီး လေးနှစ်အကြာမှာ ယောက်ျားထပ်ယူတဲ့ ဆရာဝန်အတု ဖမ်းဆီးခံရ
၂၀၁၈ ခုနှစ်မှာ မိန်းမတစ်ယောက်နဲ့ လက်ထပ်ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ ယောက်ျားတစ်ယောက် ထပ်ယူခဲ့တဲ့ ဆရာဝန်ဆိုသူရဲ့ အဖြစ်အပျက်ဟာ အခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ လူပြောများတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့တဲ့ ဒေါက်တာမင်းသစ်နိုင်ဟာ ဆရာဝန်အတုသာ ဖြစ်တယ်လို့ စစ်ဆေး တွေ့ရှိပြီးတဲ့နောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒီကနေ့မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာလို့ သိရပါတယ်။
ဒေါက်တာမင်းသစ်နိုင် ဆိုသူဟာ ဆရာဝန်တစ်ယောက် မဟုတ်ဘဲ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတဲ့ အဆင့်သာရှိတဲ့သူ ဖြစ်ပြီးတော့ ဆရာဝန်လို့ လိမ်ညာထားသူသာ ဖြစ်တယ်လို့ မော်လမြိုင် မြို့ခံတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီ ဒေါက်တာမင်းသစ်နိုင် ဆိုသူဟာ အမျိုးသားတစ်ဦးနဲ့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲဟာ လူမှုကွန်ရက်မှာ လူပြောများတဲ့ အကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

မင်္ဂလာဖိတ်စာမှာ ထည့်သွင်း ရေးသားထားတဲ့ ဖော်ပြချက်အရ ဒေါက်တာ မင်းသစ်နိုင်ရဲ့ မော်လမြိုင်မြို့က နေအိမ်ဟာ မြိုင်သာယာ တိုးချဲ့ရပ်ကွက်ထဲမှာ တည်ရှိတယ်လို့ သိရပါတယ်။
Credit … Mercury_Media
Zawgyi ဖြင့် ဖတ်ရန်
မိန္းမယူၿပီး ေလးႏွစ္အၾကာမွာ ေယာက္်ားထပ္ယူတဲ့ ဆရာဝႏ္ဆိုသူ ဖမ္းဆီးခံရ
မိန္းမယူၿပီး ေလးႏွစ္အၾကာမွာ ေယာက္်ားထပ္ယူတဲ့ ဆရာဝန္အတု ဖမ္းဆီးခံရ
၂၀၁၈ ခုႏွစ္မွာ မိန္းမတစ္ေယာက္နဲ႔ လက္ထပ္ၿပီးတဲ့ေနာက္ ၂၀၂၂ ခုႏွစ္မွာ ေယာက္်ားတစ္ေယာက္ ထပ္ယူခဲ့တဲ့ ဆရာဝန္ဆိုသူရဲ႕ အျဖစ္အပ်က္ဟာ အခုရက္ပိုင္းအတြင္း လူမႈကြန္ရက္မွာ လူေျပာမ်ားတဲ့ အေၾကာင္းအရာ တစၡဳ ျဖစ္ခဲ့ပါတယ္။

အမ်ိဳးသားတစ္ေယာက္နဲ႔ လက္ထပ္ခဲ့တဲ့ ေဒါက္တာမင္းသစ္ႏိုင္ဟာ ဆရာဝန္အတုသာ ျဖစ္တယ္လို႔ စစ္ေဆး ေတြ႕ရွိၿပီးတဲ့ေနာက္ သက္ဆိုင္ရာ တာဝန္ရွိသူေတြက ဒီကေန႔မွာ ဖမ္းဆီး ထိန္းသိမ္းလိုက္တာလို႔ သိရပါတယ္။
ေဒါက္တာမင္းသစ္ႏိုင္ ဆိုသူဟာ ဆရာဝန္တစ္ေယာက္ မဟုတ္ဘဲ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ထားတဲ့ အဆင့္သာရွိတဲ့သူ ျဖစ္ၿပီးေတာ့ ဆရာဝန္လို႔ လိမ္ညာထားသူသာ ျဖစ္တယ္လို႔ ေမာ္လၿမိဳင္ ၿမိဳ႕ခံတစ္ဦးက ေျပာျပပါတယ္။

အဲ့ဒီ ေဒါက္တာမင္းသစ္ႏိုင္ ဆိုသူဟာ အမ်ိဳးသားတစ္ဦးနဲ႔ ၿပီးခဲ့တဲ့ ဇြန္လဆန္းပိုင္းက လက္ထပ္မဂၤလာပြဲ ျပဳလုပ္ခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ မဂၤလာပြဲဟာ လူမႈကြန္ရက္မွာ လူေျပာမ်ားတဲ့ အေၾကာင္းအရာ ျဖစ္ခဲ့ပါတယ္။
မဂၤလာဖိတ္စာမွာ ထည့္သြင္း ေရးသားထားတဲ့ ေဖာ္ျပခ်က္အရ ေဒါက္တာ မင္းသစ္ႏိုင္ရဲ႕ ေမာ္လၿမိဳင္ၿမိဳ႕က ေနအိမ္ဟာ ၿမိဳင္သာယာ တိုးခ်ဲ႕ရပ္ကြက္ထဲမွာ တည္ရွိတယ္လို႔ သိရပါတယ္။
Credit … Mercury_Media



