14.April.2022 မှ 20.April..2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်းကစိတ်ချမ်းသာစရာလေးတွေကြုံရလိမ့်မယ်။ ဇာတာရှင်အတွက်ဆွတ်ပျံ့ကြည်နူးစရာ အချိန်ပါ။ ဝေးကွာနေတဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံ ရတတ်သလို အပျော်ခရီးတွေလဲ မိသားစုလိုက်သွားရတတ်ပါ တယ်။ ရပ်ဝေးမှ မိတ်ဆွေတွေရဲ့ အကူအညီအထောက် အပံ့တွေရလာတတ်ပါတယ်။ အိမ်တွင်းရေးကိစ္စတွေမှာတော့ အောက်လက်ငယ်သားတွေအတွက် ငွေကုန်ကြေးကျများရတတ်ပါတယ်။ရွှေငွေလက်ဝတ်ရတနာတွေ ဝင်တတ်ပါ တယ်။ကောင်းသောကံတွေဖြစ်လာနိုင်ပါတယ်။
လူမျိုးခြား ၊ဘာသာခြားတွေနဲ့ ပတ်သက် ဆက်နွယ်သောလုပ်ငန်း များ အထူးအကျိုးပေးမည်။အလုပ်သစ်တွေအတွက် ဆွေးနွေးခြင်း၊အကြံယူခြင်း၊ဆောင်ရွက်ခြင်းများ လုပ်ထားလို့ ကောင်းတဲ့ကာလပါပဲ။ သားသမီးကြောင့်စိတ်ချမ်းမြေ့ရပါလိမ့်မည်။ ငွေကံ က လဲအကောင်းဘက်မှာ အလေးသာ နေပါလိမ့်မယ်။ ဒါအပြင် ကျန်းမာရေးလဲအလွန်ကောင်းနေလိမ့်မယ်။ ပညာ ရေးအပေါ်မှာ မိမိကိုယ်တိုင်စိတ်ပါဝင် စားမှု နည်းနေပါလိမ့်မယ်။
အချစ်ရေး ရှုပ်ထွေးမှုတွေရှိလာနိုင်တဲ့ အတွက် ဆင်ခြင်သင့်ပါတယ်ဗျ။ အချစ်သစ် တွေ့နေ နိုင်တဲ့ကာလပါပဲ။အိမ်တွင်းရေးမှာတော့ အိမ်ထောင်ဘက်ကိုထိန်းရခက်ခဲတာမျိုးပဲဖြစ်ဖြစ်၊ အိမ်ထောင်ဘက်ကျန်းမာရေးညံ့တာပဲဖြစ်ဖြစ်ကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း ၄/၈/၇ အထူးဟော ပျော်စရာ၊အမှတ်ရစရာ ကာလပါ ယတြာ ရွှေရင်အေးတစ်ပွဲ ဘုရားလှူပေးပါ။
တနင်္လာ
သတိနဲ့ယှဉ်ပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ ကံကမကောင်းတာတော့ မဟုတ်ဘူး။ဆင်ခြင်တုံတရား အားနည်း နေချိန်မို့ပါ။စိတ်ကူးရည်ရွယ်ထားတာရှိရင်တော့ ဖြေးဖြေးခြင်းပဲ အကောင်အထည်ဖော်ပါ။ ဘာမှ အလောတကြီး ဆုံးဖြတ်ချက်ချခြင်းမျိုးမပြုပါနဲ့။လူငယ်များ မကောင်းသောကိစ္စတွေကို အကောင်းထင်နေမိတတ် ပါတယ်။ အပေါင်းအသင်းများနဲ့ အပျော်ကြူးခြင်းရှောင်ပါ။
ရန်ဖြစ် ပြဿ နာဖြစ်တတ်ပါတယ်။ ဓားခုတ်ရာ လက်ဝင်ခံမိတာမျိုး မဖြစ်ပါစေနဲ့ ။ လက်မှတ်ရေးထိုးခြင်း အာမခံခြင်းများ အထူးရှောင်ပါ။ ဒါကြောင့်ဒီကာလဟာ ကိုယ် နေတဲ့အနီးအနားကလွဲလို့ စိမ်းတဲ့နေရာဒေသတွေကို သွားရောက်တာ၊ လည်ပတ်တာမျိုးတွေအထူးရှောင် လိုက်စေချင်ပါတယ်။ကိုယ်ပိုင် စီးပွားရေးကတော့ကြိုးစားနိုင်မှအဆင်ပြေမှာပါ။ အလုပ်တွေကို ဝီရိယထည့်ပြီးကြိုး စားပါ။ ကျန်းမာရေးကတော့ ဒီကာလမှာ အရက်သေစာ သောက်စားခြင်း ၊ပင်လယ်စာအများအပြားစားခြင်းမျိုးက ကျန်းမာရေးကိုအားနည်းစေပါတယ်။
အချစ်ရေးကံကတော့ အလွန်ကောင်းပါတယ်။ ချစ်သူကြောင့် စိတ်ပျော်ရွှင် ချမ်းမြေ့ရမဲ့ကြုံရတတ်ပါတယ်။ ငွေကြေးအကြပ်အတည်းတွေတော့ ကြုံရတတ်တဲ့ကာလပါပဲဗျ ။ ငွေချေးထားရင် အကြွေးရှင်ကပွဲလာကြမ်းတာမျိုး ကြုံရတတ်ပါတယ်။အကျိုးပေးဂဏန်း ၆/၉/၅အထူးဟော ကံညံ့နေပါတယ် ယတြာ ဘုန်ကြီးရဟန်းတစ်ပါးကို တရားစာအုပ်လှူပါ။
အင်္ဂါ
ဒီကာလအတွင်းမိဘကဖြစ်စေ၊လုပ်ငန်းရှင်ကဖြစ်စေ မိမိတောင်းဆိုထားတာလေးတွေရှိရင် ဖြည့်ဆည်း ပေးပါလိမ့်မယ်။ မိမိလုပ်ချင်တာတော့ လုပ်ခွင့်ရမယ်ပေါ့ဗျ ။ ဒီကာလအတွင်း ကောင်းသောခရီး ၊ မိမိစိတ်ထဲ အရမ်းသွားချင်တဲ့ ခရီးတွေသွားရတတ်ပါတယ်။အလုပ်နားရက်ဖြစ်ရင်တောင် ဒီကာလမှာ အိမ်တွင်းအလုပ်တွေ ကြောင့် မအားမလပ်ဖြစ်ရတတ်ပါတယ်။ ငွေကံကလဲအဝင်ကြမ်းအထွက်ကြမ်းဖြစ်နေရတတ်ပါတယ်။
မိမိအိမ်သား ထဲက ကိုယ်ဝန်ဆောင်သည်ရှိရင်မီးဖွားတာမျိုးကြုံရတတ်ပါတယ်။ အလုပ်စီးပွားကတော့ အထိုင်အလုပ်များအထူး အကျိုးပေးမဲ့အချိန်ပါ။ယာဉ်ကားတွေကို အရှိန်လွန်မောင်းမိနေမိတတ်ပါတယ်။ သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းမိလို့ အဖမ်းခံရတာမျိုး၊မတော်တဆ ထိခိုက်မိတာမျိုးတွေဖြစ်ရတတ်ပါတယ်။ စပ်တူအလုပ်များမကောင်းသေးပါဘူး။ ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းတာမျိုး မရှိပါဘူး။ နှားစေး ချောင်းဆိုးလောက်ပဲ ဖြစ်မှာပါ။
အချိုရည်တွေ အများအပြားမသောက်မိပါစေနဲ့။ အချစ်ရေးမှာတော့ စိတ်ချမ်းသာစရာတွေများပြား တာကိုတွေ့ရတယ်။ မိမိ တစ်ဖက်သတ် ချစ်ရသူက ဖွင့်ဟပြောဆိုပြီး ချစ်ခွင့်ပန်တာမျိုးတွေလဲ အချို့သူတွေမှာကြုံလာရဖွယ်ရှိပါတယ်။ ပညာရေးကတော့ အရမ်းညံ့နေချိန်မို့ ဝီရိယတိုးပြီး ကြိုးစားပါလို့မှာချင်ပါတယ်။အကျိုးပေးဂဏန်း ၆/၉/၃အထူးဟော ကံသင့်ပါတယ်။ယတြာ အုန်းနို့ခေါက်ဆွဲတစ်ပွဲ ဘုရားလှူပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီတစ်ပတ်အတွင်းမှာ အသိပညာတွေ၊ဗဟုသုတတွေအများကြီးရရှိနိုင်တဲ့ကာလပါ။ အနာဂတ်အတွက် ဘာလုပ်ရ မလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိခွင့်ရမဲ့ကာလပဲဖြစ်ပါတယ်။မိမိကရေရှည်အတွက် ရင်းနှီးမြုပ်နှံမှုပြု ထား တဲ့ အလုပ်ကနေ အကျိုးအမြတ်အထူးရရှိပါလိမ့်မယ်။ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ဆုံဆည်းရတတ်တယ်။ တစ်စိမ်းတစ်ရံတွေနဲ့ ဆွေမျိုးသားချင်းသဖွယ် ရင်းနှီးခွင့်တွေရလာတတ်ပါတယ်။မြုပ်နေသော ငွေကြေးတွေလဲ ပြန်ပေါ်လာပါလိမ့်မယ်။
နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ကိုင်ရသော အလုပ်များအထူးအကျိုးဖြစ်ထွန်းမည်။နိုင်ငံခြား သွားဖို့ စောင့်ဆိုင်းနေသူများသတင်းကောင်းကြားရတတ်ပါတယ်။ မိမိ ယုံကြည်ရာကို လုပ်ကိုင်ပြီး အကျိုးဖြစ် ထွန်းမဲ့အချိန်ပါပဲ။ လုပ်ငန်းစီးပွားများတိုးတတ်လာနိုင်မဲ့ကာလပါ။ ဖောက်သည်အသစ်များတိုးပွားမဲ့ကာလပါ။ အိမ်ထောင်သည်များ ဆန့်ကျင်ဘက်လိင်တွေနဲ့ အနေအထိုင်ဆင်ခြင်ဖို့လိုပါတယ်။ စုတ်ကိစ္စရှုပ်ထွေးနိုင်တဲ့အချိန်မို့ လို့ပါ။
ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။အပူရှပ်တာတွေအလွန်ဖြစ်လွယ်တယ်။ ခေါင်းလျှော်တာမျိုးကို အချိန်အခါကြည့်ပြီးမှ ဆောင်ရွက်ပါ။ အချစ်ရေးကံကတော့ စန်းပွင့်နေတဲ့အတွက် အထူးပြောစရာမလိုပါဘူး။ အဆင်မပြေတဲ့ ချစ်သူတွေပြန်အဆင်ပြေပါလိမ့်မယ်။ပညာရေးကံအထူးကောင်းနေတဲ့ကာလပါဗျ။အကျိုးပေးဂဏန်း ၇/၀/၃အထူးဟော အဆင်ပြေမဲ့အချိန်ပါ။ယတြာ ထန်းလျက်ပါသောမုန့်တစ်မျိုးမျိုး ဘုရားကပ်ပါ။
ကြာသပတေး
ဒီကာလဟာကြာသပတေးသားသမီးတွေအတွက် အိမ်မှုကိစ္စတွေ မိသားစုကိစ္စတွေနဲ့ အလုပ်များနေရ တတ်ပါ တယ်။ အလုပ်နားရက် အိမ်တွင်းပြင်ဆင်စရာကိစ္စတွေနဲ့ မနားနိုင်ဖြစ်နေရမှာပါ။ လူငယ်များအိမ်မကပ်နိုင်ဘဲ လေနေတတ်ပါတယ်။ လေတာထက် ရှိတဲ့ငွေလေးတွေလောင်းကစားလုပ်မိရာကနေ ကုန်သွားတတ်ပါတယ်။ လောင်းကစားမလုပ်သူတောင် အခြား ငွေကြေးကဏ္ဍကတော့ ကုန်စရာတွေများနေတတ်ပါတယ်။ ငွေအထွက်များ တတ်တဲ့ ကာလပါ။
အလုပ်စီးပွားကတော့ ကောင်းလိုက် မကောင်းလိုက် တစ်လှည့်စီ ကြုံနေရတတ်တဲ့ အနေ အထားပါ။ တစ်ယောက်ထဲနေ တစ်စိတ်ထဲထားပြီးတရားရှာသူများ ထူးခြားတဲ့ဉာဏ်စဉ်တွေရလာတတ်ပါတယ်။ အပြင်ထွက်လေ ကံညံ့လေဆိုတာမျိုးဖြစ်တတ်တဲ့ကာလမို့ အိမ်တွင်းပုန်းတာမျိုးက ဒီတစ်ပတ်အတွက်အကောင်း ဆုံးပါပဲ။လခစား ဝန်ထမ်းများ လူကြီး ငြိုငြင်ခြင်းခံရနိုင်ပါတယ်။ ကျန်းမာရေး မညံ့ပေမဲ့ တရှောင်ရှောင်နဲ့တော့ ဖြစ်ရတတ်ပါတယ်။
ပညာရေးမကောင်းသေးပါ။ ရလဒ်နည်းနေတတ်ပါတယ်။ အချစ်ရေးကံကြမ္မာက ချစ်သူနဲ့ သဘောထားလွဲနေတတ်တယ်။ ဒါပေမဲ့ ညှိနှိုင်းလို့အဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေး အိမ်တွင်းရေးသာယာမှု တွေရှိလာတော့မဲ့ အချိန်အခါပါပဲ။အကျိုးပေးဂဏန်း ၁/၂/၉အထူးဟော အချိန်တွေကုန်မှန်းမသိ ကုန်နေရတတ်တယ်။ယတြာ လူကြီးသူမတွေကို တတ်နိုင်တာလေးနဲ့ ကန်တော့လိုက်ပါ။
သောကြာ
ဒီကာလဟာ ပင်ပန်းနွမ်းနယ်စရာတွေများတတ်ပါတယ်။ ခရီးသွားခြင်းကြောင့်ပဲ ဖြစ်ဖြစ် ၊ အလုပ်ဒဏ်ပိနေ လို့ပဲဖြစ်ဖြစ် လူပင်ပန်းဖြစ်ရတတ်ပါတယ်။မိတ်ဆွေတွေလာခေါ်တာကြောင့်လဲ မနားရတာမျိုးတွေဖြစ်ရပါလိမ့် မယ်။ စပ်တူအလုပ်များ အချင်းချင်းစိတ်ဝမ်းကွဲတတ်တယ်။ နားလည်မှုရှိပါ။ ငွေကံက ရစရာရှိတဲ့ ငွေကြေးတွေ ရက်ရွေ့ခြင်း ၊ဆိုင်းငံ့ခြင်းမျိုး ကြုံရတတ်ပါတယ်။ မိသားစုအတွင်းမကြေလည်စရာကိစ္စတွေရှိရင် ချက်ချင်းဖြေ ရှင်းသင့်တဲ့အချိန်ပါပဲ။
အိမ်သားတစ်ဦးကြောင့်စိတ်ရှုပ်ရတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့အမြင်မကြည်တာရှိရင် မြုံမထားဘဲ နားလည်းသည်အထိ ဖြေရှင်းသင့်ပါတယ်။ ငွေကြေးချေးငှားတာမျိုးရှောင်ပါ။ လက်ခက်တဲ့သူကို ချေးမိသလိုဖြစ်သွားတတ်ပါတယ်။ နမော်နမဲ့ မလုပ်မိပါစေနဲ့။ လက်ကချော်ပြီးဖုန်းကျကွဲတာ၊တန်ဖိုးရှိ ပစ္စည်း တစ်ခုခုကျပျောက်တာ၊ ချော်လဲပြီးခြေထောက်ဒဏ်ဖြစ်တာမျိုးတွေကြုံရနိုင်လို့ပါ။ ကျန်းမာရေးဂရုပြုသင့်ပါ တယ်။
ဗိုက်အောင့် ဗိုက်နာဖြစ်စေသော အစားအသောက်များ ရှောင်သင့်သလို အစာခံပြီးနေခြင်းမျိုးလဲရှောင်ပါ။ အချစ်ရေးကံ အားအကောင်းဆုံးအချိန်ကာ လပဲဖြစ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ ချစ်သူကြောင့် ပျော်ရသူတွေ များပါလိမ့်မယ်။ ချစ်သူဆီက တန်ဖိုးထားစရာ လက်ဆောင်မျိုးတွေရလာတတ်ပါတယ်။အကျိုးပေးဂဏန်း ၃/၆/၈အထူးဟော အစာအိမ်ရောဂါရှိသူများ ဆင်ခြင်သင့်တဲ့ကာလပါ။ယတြာ မုန့်လက်ဆောင်း ဘုရားကပ်လှူပါ။
စနေ
ကံကောင်းခြင်းတွေစတင်ကြုံလာရမဲ့ကာလပဲဖြစ်ပါတယ်။စိတ်ကူးရည်မှန်းထားတာလေးတွေ ပြည့်မြောက် အောင်မြင်ပါလိမ့်မယ်။ မိမိလုပ်ချင်သော မိမိအာသီသရှိသော အလုပ်များ လုပ်ခွင့်ရ၍ကြည်နူးပျော်ရွှင်ရတတ်ပါ တယ်။ မတည့်သူတွေ၊မိမိကိုအရင်ကကြည့်မရသူတွေကအစ တစ်ရင်းတနှီးနှုတ်ဆက်တာ၊စကားပြောလာတာ မျိုး တွေ ကြုံလာရတတ်တဲ့ကာလဖြစ်ပါတယ်။ ခရီးတိုလေးတွေလဲ မကြာမကြာသွားရတတ်ပါတယ်။
ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန်ချပြီး လုပ်ဆောင်နိုင်ပါက ပိုအဆင်ပြေမဲ့ကာလပါပဲ။ တစ်ပတ်ရစ်ပစ္စည်းတွေရှိလို့ ရောင်းချင်ရင်ဒီ တစ်ပတ်အတွင်းရောင်းတာက ပိုမို ဈေးကောင်းရတတ်ပါတယ်။ဒီကာလအတွင်း အလုပ်ကံကောင်းလာတတ်သလို အခွင့်အလမ်းသစ်တွေလဲရတတ်ပါတယ်။ အပျော်ခရီးတွေလဲ သွားရတတ်ပါတယ်ဗျာ ။ ဒီကာလအတွင်း မှာ အဓိဌာန်တွေ စတင်ဝင်ခြင်း၊တရားဘာဝနာပွားများခြင်းများကို ဦးစားပေးဆောင်ရွက်ပါ။
တရားရဲ့ အေးချမ်းမှုကို ရတာတွေ၊ သမာဓိရလွယ်တာမျိုးတွေ၊အသိဉာဏ်ပွင့်လန်းတာမျိုးတွေကြုံရပါလိမ့်မယ်။ရေရှည်စီမံကိန်းအတွက် စတင်လုပ်ကိုင်ခြင်းများ အထူးကောင်းမည်။အချစ်ရေးကံကောင်းမဲ့ကာလပါပဲ။ ကျန်းမာရေးလဲ ညံ့နေ၊ဆိုးနေသူ များတောင်ပြန်လည်ကောင်းလာလိမ့်မယ်။ ပညာရေးကတော့ အကောင်းအဆိုးမျှနေချိန်ပါ။အကျိုးပေးဂဏန်း ၃/၀/၄အထူးဟော ကံမြင့်မားနေမည်။ယတြာ သောကြာနေ့မှာဇော်စိမ်းပန်းဘုရားလှူပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Zawgyi
14.April.2022 မွ 20.April..2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
တနဂၤေႏြ
ဒီကာလအတြင္းကစိတ္ခ်မ္းသာစရာေလးေတြႀကဳံရလိမ့္မယ္။ ဇာတာရွင္အတြက္ဆြတ္ပ်ံ႕ၾကည္ႏူးစရာ အခ်ိန္ပါ။ ေဝးကြာေနတဲ့ မိသားစုဝင္ေတြနဲ႔ ျပန္ဆုံ ရတတ္သလို အေပ်ာ္ခရီးေတြလဲ မိသားစုလိုက္သြားရတတ္ပါ တယ္။ ရပ္ေဝးမွ မိတ္ေဆြေတြရဲ႕ အကူအညီအေထာက္ အပံ့ေတြရလာတတ္ပါတယ္။ အိမ္တြင္းေရးကိစၥေတြမွာေတာ့ ေအာက္လက္ငယ္သားေတြအတြက္ ေငြကုန္ေၾကးက်မ်ားရတတ္ပါတယ္။ေ႐ႊေငြလက္ဝတ္ရတနာေတြ ဝင္တတ္ပါ တယ္။ေကာင္းေသာကံေတြျဖစ္လာႏိုင္ပါတယ္။
လူမ်ိဳးျခား ၊ဘာသာျခားေတြနဲ႔ ပတ္သက္ ဆက္ႏြယ္ေသာလုပ္ငန္း မ်ား အထူးအက်ိဳးေပးမည္။အလုပ္သစ္ေတြအတြက္ ေဆြးေႏြးျခင္း၊အႀကံယူျခင္း၊ေဆာင္႐ြက္ျခင္းမ်ား လုပ္ထားလို႔ ေကာင္းတဲ့ကာလပါပဲ။ သားသမီးေၾကာင့္စိတ္ခ်မ္းေျမ့ရပါလိမ့္မည္။ ေငြကံ က လဲအေကာင္းဘက္မွာ အေလးသာ ေနပါလိမ့္မယ္။ ဒါအျပင္ က်န္းမာေရးလဲအလြန္ေကာင္းေနလိမ့္မယ္။ ပညာ ေရးအေပၚမွာ မိမိကိုယ္တိုင္စိတ္ပါဝင္ စားမႈ နည္းေနပါလိမ့္မယ္။
အခ်စ္ေရး ရႈပ္ေထြးမႈေတြရွိလာႏိုင္တဲ့ အတြက္ ဆင္ျခင္သင့္ပါတယ္ဗ်။ အခ်စ္သစ္ ေတြ႕ေန ႏိုင္တဲ့ကာလပါပဲ။အိမ္တြင္းေရးမွာေတာ့ အိမ္ေထာင္ဘက္ကိုထိန္းရခက္ခဲတာမ်ိဳးပဲျဖစ္ျဖစ္၊ အိမ္ေထာင္ဘက္က်န္းမာေရးညံ့တာပဲျဖစ္ျဖစ္ႀကဳံရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၄/၈/၇ အထူးေဟာ ေပ်ာ္စရာ၊အမွတ္ရစရာ ကာလပါ ယၾတာ ေ႐ႊရင္ေအးတစ္ပြဲ ဘုရားလႉေပးပါ။
တနလၤာ
သတိနဲ႔ယွဥ္ၿပီးေတာ့ ေဆာင္႐ြက္ေစခ်င္ပါတယ္။ ကံကမေကာင္းတာေတာ့ မဟုတ္ဘူး။ဆင္ျခင္တုံတရား အားနည္း ေနခ်ိန္မို႔ပါ။စိတ္ကူးရည္႐ြယ္ထားတာရွိရင္ေတာ့ ေျဖးေျဖးျခင္းပဲ အေကာင္အထည္ေဖာ္ပါ။ ဘာမွ အေလာတႀကီး ဆုံးျဖတ္ခ်က္ခ်ျခင္းမ်ိဳးမျပဳပါနဲ႔။လူငယ္မ်ား မေကာင္းေသာကိစၥေတြကို အေကာင္းထင္ေနမိတတ္ ပါတယ္။ အေပါင္းအသင္းမ်ားနဲ႔ အေပ်ာ္ၾကဴးျခင္းေရွာင္ပါ။
ရန္ျဖစ္ ျပႆ နာျဖစ္တတ္ပါတယ္။ ဓားခုတ္ရာ လက္ဝင္ခံမိတာမ်ိဳး မျဖစ္ပါေစနဲ႔ ။ လက္မွတ္ေရးထိုးျခင္း အာမခံျခင္းမ်ား အထူးေရွာင္ပါ။ ဒါေၾကာင့္ဒီကာလဟာ ကိုယ္ ေနတဲ့အနီးအနားကလြဲလို႔ စိမ္းတဲ့ေနရာေဒသေတြကို သြားေရာက္တာ၊ လည္ပတ္တာမ်ိဳးေတြအထူးေရွာင္ လိုက္ေစခ်င္ပါတယ္။ကိုယ္ပိုင္ စီးပြားေရးကေတာ့ႀကိဳးစားႏိုင္မွအဆင္ေျပမွာပါ။ အလုပ္ေတြကို ဝီရိယထည့္ၿပီးႀကိဳး စားပါ။ က်န္းမာေရးကေတာ့ ဒီကာလမွာ အရက္ေသစာ ေသာက္စားျခင္း ၊ပင္လယ္စာအမ်ားအျပားစားျခင္းမ်ိဳးက က်န္းမာေရးကိုအားနည္းေစပါတယ္။
အခ်စ္ေရးကံကေတာ့ အလြန္ေကာင္းပါတယ္။ ခ်စ္သူေၾကာင့္ စိတ္ေပ်ာ္႐ႊင္ ခ်မ္းေျမ့ရမဲ့ႀကဳံရတတ္ပါတယ္။ ေငြေၾကးအၾကပ္အတည္းေတြေတာ့ ႀကဳံရတတ္တဲ့ကာလပါပဲဗ် ။ ေငြေခ်းထားရင္ အေႂကြးရွင္ကပြဲလာၾကမ္းတာမ်ိဳး ႀကဳံရတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၆/၉/၅အထူးေဟာ ကံညံ့ေနပါတယ္ ယၾတာ ဘုန္ႀကီးရဟန္းတစ္ပါးကို တရားစာအုပ္လႉပါ။
အဂၤါ
ဒီကာလအတြင္းမိဘကျဖစ္ေစ၊လုပ္ငန္းရွင္ကျဖစ္ေစ မိမိေတာင္းဆိုထားတာေလးေတြရွိရင္ ျဖည့္ဆည္း ေပးပါလိမ့္မယ္။ မိမိလုပ္ခ်င္တာေတာ့ လုပ္ခြင့္ရမယ္ေပါ့ဗ် ။ ဒီကာလအတြင္း ေကာင္းေသာခရီး ၊ မိမိစိတ္ထဲ အရမ္းသြားခ်င္တဲ့ ခရီးေတြသြားရတတ္ပါတယ္။အလုပ္နားရက္ျဖစ္ရင္ေတာင္ ဒီကာလမွာ အိမ္တြင္းအလုပ္ေတြ ေၾကာင့္ မအားမလပ္ျဖစ္ရတတ္ပါတယ္။ ေငြကံကလဲအဝင္ၾကမ္းအထြက္ၾကမ္းျဖစ္ေနရတတ္ပါတယ္။
မိမိအိမ္သား ထဲက ကိုယ္ဝန္ေဆာင္သည္ရွိရင္မီးဖြားတာမ်ိဳးႀကဳံရတတ္ပါတယ္။ အလုပ္စီးပြားကေတာ့ အထိုင္အလုပ္မ်ားအထူး အက်ိဳးေပးမဲ့အခ်ိန္ပါ။ယာဥ္ကားေတြကို အရွိန္လြန္ေမာင္းမိေနမိတတ္ပါတယ္။ သတ္မွတ္မိုင္ႏႈန္းထက္ပိုေမာင္းမိလို႔ အဖမ္းခံရတာမ်ိဳး၊မေတာ္တဆ ထိခိုက္မိတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ စပ္တူအလုပ္မ်ားမေကာင္းေသးပါဘူး။ က်န္းမာေရးအတြက္ စိုးရိမ္စရာေကာင္းတာမ်ိဳး မရွိပါဘူး။ ႏွားေစး ေခ်ာင္းဆိုးေလာက္ပဲ ျဖစ္မွာပါ။
အခ်ိဳရည္ေတြ အမ်ားအျပားမေသာက္မိပါေစနဲ႔။ အခ်စ္ေရးမွာေတာ့ စိတ္ခ်မ္းသာစရာေတြမ်ားျပား တာကိုေတြ႕ရတယ္။ မိမိ တစ္ဖက္သတ္ ခ်စ္ရသူက ဖြင့္ဟေျပာဆိုၿပီး ခ်စ္ခြင့္ပန္တာမ်ိဳးေတြလဲ အခ်ိဳ႕သူေတြမွာႀကဳံလာရဖြယ္ရွိပါတယ္။ ပညာေရးကေတာ့ အရမ္းညံ့ေနခ်ိန္မို႔ ဝီရိယတိုးၿပီး ႀကိဳးစားပါလို႔မွာခ်င္ပါတယ္။အက်ိဳးေပးဂဏန္း ၆/၉/၃အထူးေဟာ ကံသင့္ပါတယ္။ယၾတာ အုန္းႏို႔ေခါက္ဆြဲတစ္ပြဲ ဘုရားလႉပါ။
ဗုဒၶဟူး/ရာဟု
ဒီတစ္ပတ္အတြင္းမွာ အသိပညာေတြ၊ဗဟုသုတေတြအမ်ားႀကီးရရွိႏိုင္တဲ့ကာလပါ။ အနာဂတ္အတြက္ ဘာလုပ္ရ မလဲဆိုတာကို ရွင္းရွင္းလင္းလင္းသိခြင့္ရမဲ့ကာလပဲျဖစ္ပါတယ္။မိမိကေရရွည္အတြက္ ရင္းႏွီးျမဳပ္ႏွံမႈျပဳ ထား တဲ့ အလုပ္ကေန အက်ိဳးအျမတ္အထူးရရွိပါလိမ့္မယ္။ မိတ္ေဟာင္းေဆြေဟာင္းေတြနဲ႔ဆုံဆည္းရတတ္တယ္။ တစ္စိမ္းတစ္ရံေတြနဲ႔ ေဆြမ်ိဳးသားခ်င္းသဖြယ္ ရင္းႏွီးခြင့္ေတြရလာတတ္ပါတယ္။ျမဳပ္ေနေသာ ေငြေၾကးေတြလဲ ျပန္ေပၚလာပါလိမ့္မယ္။
ႏိုင္ငံရပ္ျခားနဲ႔ ဆက္သြယ္လုပ္ကိုင္ရေသာ အလုပ္မ်ားအထူးအက်ိဳးျဖစ္ထြန္းမည္။ႏိုင္ငံျခား သြားဖို႔ ေစာင့္ဆိုင္းေနသူမ်ားသတင္းေကာင္းၾကားရတတ္ပါတယ္။ မိမိ ယုံၾကည္ရာကို လုပ္ကိုင္ၿပီး အက်ိဳးျဖစ္ ထြန္းမဲ့အခ်ိန္ပါပဲ။ လုပ္ငန္းစီးပြားမ်ားတိုးတတ္လာႏိုင္မဲ့ကာလပါ။ ေဖာက္သည္အသစ္မ်ားတိုးပြားမဲ့ကာလပါ။ အိမ္ေထာင္သည္မ်ား ဆန႔္က်င္ဘက္လိင္ေတြနဲ႔ အေနအထိုင္ဆင္ျခင္ဖို႔လိုပါတယ္။ စုတ္ကိစၥရႈပ္ေထြးႏိုင္တဲ့အခ်ိန္မို႔ လို႔ပါ။
က်န္းမာေရးအနည္းငယ္ညံ့ေနပါတယ္။အပူရွပ္တာေတြအလြန္ျဖစ္လြယ္တယ္။ ေခါင္းေလွ်ာ္တာမ်ိဳးကို အခ်ိန္အခါၾကည့္ၿပီးမွ ေဆာင္႐ြက္ပါ။ အခ်စ္ေရးကံကေတာ့ စန္းပြင့္ေနတဲ့အတြက္ အထူးေျပာစရာမလိုပါဘူး။ အဆင္မေျပတဲ့ ခ်စ္သူေတြျပန္အဆင္ေျပပါလိမ့္မယ္။ပညာေရးကံအထူးေကာင္းေနတဲ့ကာလပါဗ်။အက်ိဳးေပးဂဏန္း ၇/၀/၃အထူးေဟာ အဆင္ေျပမဲ့အခ်ိန္ပါ။ယၾတာ ထန္းလ်က္ပါေသာမုန႔္တစ္မ်ိဳးမ်ိဳး ဘုရားကပ္ပါ။
ၾကာသပေတး
ဒီကာလဟာၾကာသပေတးသားသမီးေတြအတြက္ အိမ္မႈကိစၥေတြ မိသားစုကိစၥေတြနဲ႔ အလုပ္မ်ားေနရ တတ္ပါ တယ္။ အလုပ္နားရက္ အိမ္တြင္းျပင္ဆင္စရာကိစၥေတြနဲ႔ မနားႏိုင္ျဖစ္ေနရမွာပါ။ လူငယ္မ်ားအိမ္မကပ္ႏိုင္ဘဲ ေလေနတတ္ပါတယ္။ ေလတာထက္ ရွိတဲ့ေငြေလးေတြေလာင္းကစားလုပ္မိရာကေန ကုန္သြားတတ္ပါတယ္။ ေလာင္းကစားမလုပ္သူေတာင္ အျခား ေငြေၾကးက႑ကေတာ့ ကုန္စရာေတြမ်ားေနတတ္ပါတယ္။ ေငြအထြက္မ်ား တတ္တဲ့ ကာလပါ။
အလုပ္စီးပြားကေတာ့ ေကာင္းလိုက္ မေကာင္းလိုက္ တစ္လွည့္စီ ႀကဳံေနရတတ္တဲ့ အေန အထားပါ။ တစ္ေယာက္ထဲေန တစ္စိတ္ထဲထားၿပီးတရားရွာသူမ်ား ထူးျခားတဲ့ဉာဏ္စဥ္ေတြရလာတတ္ပါတယ္။ အျပင္ထြက္ေလ ကံညံ့ေလဆိုတာမ်ိဳးျဖစ္တတ္တဲ့ကာလမို႔ အိမ္တြင္းပုန္းတာမ်ိဳးက ဒီတစ္ပတ္အတြက္အေကာင္း ဆုံးပါပဲ။လခစား ဝန္ထမ္းမ်ား လူႀကီး ၿငိဳျငင္ျခင္းခံရႏိုင္ပါတယ္။ က်န္းမာေရး မညံ့ေပမဲ့ တေရွာင္ေရွာင္နဲ႔ေတာ့ ျဖစ္ရတတ္ပါတယ္။
ပညာေရးမေကာင္းေသးပါ။ ရလဒ္နည္းေနတတ္ပါတယ္။ အခ်စ္ေရးကံၾကမၼာက ခ်စ္သူနဲ႔ သေဘာထားလြဲေနတတ္တယ္။ ဒါေပမဲ့ ညႇိႏႈိင္းလို႔အဆင္ေျပပါလိမ့္မယ္။ အိမ္ေထာင္ေရး အိမ္တြင္းေရးသာယာမႈ ေတြရွိလာေတာ့မဲ့ အခ်ိန္အခါပါပဲ။အက်ိဳးေပးဂဏန္း ၁/၂/၉အထူးေဟာ အခ်ိန္ေတြကုန္မွန္းမသိ ကုန္ေနရတတ္တယ္။ယၾတာ လူႀကီးသူမေတြကို တတ္ႏိုင္တာေလးနဲ႔ ကန္ေတာ့လိုက္ပါ။
ေသာၾကာ
ဒီကာလဟာ ပင္ပန္းႏြမ္းနယ္စရာေတြမ်ားတတ္ပါတယ္။ ခရီးသြားျခင္းေၾကာင့္ပဲ ျဖစ္ျဖစ္ ၊ အလုပ္ဒဏ္ပိေန လို႔ပဲျဖစ္ျဖစ္ လူပင္ပန္းျဖစ္ရတတ္ပါတယ္။မိတ္ေဆြေတြလာေခၚတာေၾကာင့္လဲ မနားရတာမ်ိဳးေတြျဖစ္ရပါလိမ့္ မယ္။ စပ္တူအလုပ္မ်ား အခ်င္းခ်င္းစိတ္ဝမ္းကြဲတတ္တယ္။ နားလည္မႈရွိပါ။ ေငြကံက ရစရာရွိတဲ့ ေငြေၾကးေတြ ရက္ေ႐ြ႕ျခင္း ၊ဆိုင္းငံ့ျခင္းမ်ိဳး ႀကဳံရတတ္ပါတယ္။ မိသားစုအတြင္းမေၾကလည္စရာကိစၥေတြရွိရင္ ခ်က္ခ်င္းေျဖ ရွင္းသင့္တဲ့အခ်ိန္ပါပဲ။
အိမ္သားတစ္ဦးေၾကာင့္စိတ္ရႈပ္ရတတ္ပါတယ္။ အိမ္ေထာင္ဘက္နဲ႔အျမင္မၾကည္တာရွိရင္ ၿမဳံမထားဘဲ နားလည္းသည္အထိ ေျဖရွင္းသင့္ပါတယ္။ ေငြေၾကးေခ်းငွားတာမ်ိဳးေရွာင္ပါ။ လက္ခက္တဲ့သူကို ေခ်းမိသလိုျဖစ္သြားတတ္ပါတယ္။ နေမာ္နမဲ့ မလုပ္မိပါေစနဲ႔။ လက္ကေခ်ာ္ၿပီးဖုန္းက်ကြဲတာ၊တန္ဖိုးရွိ ပစၥည္း တစ္ခုခုက်ေပ်ာက္တာ၊ ေခ်ာ္လဲၿပီးေျခေထာက္ဒဏ္ျဖစ္တာမ်ိဳးေတြႀကဳံရႏိုင္လို႔ပါ။ က်န္းမာေရးဂ႐ုျပဳသင့္ပါ တယ္။
ဗိုက္ေအာင့္ ဗိုက္နာျဖစ္ေစေသာ အစားအေသာက္မ်ား ေရွာင္သင့္သလို အစာခံၿပီးေနျခင္းမ်ိဳးလဲေရွာင္ပါ။ အခ်စ္ေရးကံ အားအေကာင္းဆုံးအခ်ိန္ကာ လပဲျဖစ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာ ခ်စ္သူေၾကာင့္ ေပ်ာ္ရသူေတြ မ်ားပါလိမ့္မယ္။ ခ်စ္သူဆီက တန္ဖိုးထားစရာ လက္ေဆာင္မ်ိဳးေတြရလာတတ္ပါတယ္။အက်ိဳးေပးဂဏန္း ၃/၆/၈အထူးေဟာ အစာအိမ္ေရာဂါရွိသူမ်ား ဆင္ျခင္သင့္တဲ့ကာလပါ။ယၾတာ မုန႔္လက္ေဆာင္း ဘုရားကပ္လႉပါ။
စေန
ကံေကာင္းျခင္းေတြစတင္ႀကဳံလာရမဲ့ကာလပဲျဖစ္ပါတယ္။စိတ္ကူးရည္မွန္းထားတာေလးေတြ ျပည့္ေျမာက္ ေအာင္ျမင္ပါလိမ့္မယ္။ မိမိလုပ္ခ်င္ေသာ မိမိအာသီသရွိေသာ အလုပ္မ်ား လုပ္ခြင့္ရ၍ၾကည္ႏူးေပ်ာ္႐ႊင္ရတတ္ပါ တယ္။ မတည့္သူေတြ၊မိမိကိုအရင္ကၾကည့္မရသူေတြကအစ တစ္ရင္းတႏွီးႏႈတ္ဆက္တာ၊စကားေျပာလာတာ မ်ိဳး ေတြ ႀကဳံလာရတတ္တဲ့ကာလျဖစ္ပါတယ္။ ခရီးတိုေလးေတြလဲ မၾကာမၾကာသြားရတတ္ပါတယ္။
ဆုံးျဖတ္ခ်က္ ျမန္ျမန္ဆန္ဆန္ခ်ၿပီး လုပ္ေဆာင္ႏိုင္ပါက ပိုအဆင္ေျပမဲ့ကာလပါပဲ။ တစ္ပတ္ရစ္ပစၥည္းေတြရွိလို႔ ေရာင္းခ်င္ရင္ဒီ တစ္ပတ္အတြင္းေရာင္းတာက ပိုမို ေဈးေကာင္းရတတ္ပါတယ္။ဒီကာလအတြင္း အလုပ္ကံေကာင္းလာတတ္သလို အခြင့္အလမ္းသစ္ေတြလဲရတတ္ပါတယ္။ အေပ်ာ္ခရီးေတြလဲ သြားရတတ္ပါတယ္ဗ်ာ ။ ဒီကာလအတြင္း မွာ အဓိဌာန္ေတြ စတင္ဝင္ျခင္း၊တရားဘာဝနာပြားမ်ားျခင္းမ်ားကို ဦးစားေပးေဆာင္႐ြက္ပါ။
တရားရဲ႕ ေအးခ်မ္းမႈကို ရတာေတြ၊ သမာဓိရလြယ္တာမ်ိဳးေတြ၊အသိဉာဏ္ပြင့္လန္းတာမ်ိဳးေတြႀကဳံရပါလိမ့္မယ္။ေရရွည္စီမံကိန္းအတြက္ စတင္လုပ္ကိုင္ျခင္းမ်ား အထူးေကာင္းမည္။အခ်စ္ေရးကံေကာင္းမဲ့ကာလပါပဲ။ က်န္းမာေရးလဲ ညံ့ေန၊ဆိုးေနသူ မ်ားေတာင္ျပန္လည္ေကာင္းလာလိမ့္မယ္။ ပညာေရးကေတာ့ အေကာင္းအဆိုးမွ်ေနခ်ိန္ပါ။အက်ိဳးေပးဂဏန္း ၃/၀/၄အထူးေဟာ ကံျမင့္မားေနမည္။ယၾတာ ေသာၾကာေန႔မွာေဇာ္စိမ္းပန္းဘုရားလႉပါ
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)