စစ်ကောင်စီသင်္ကြန်ပွဲမှာ ဝင်ဖျော်ဖြေတဲ့အနုပညာရှင်တွေ
ဆဏ်း/People’s Spring
တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်ပွဲမှာ မပါဝင်ကြဖို့ တိုက်တွန်းခဲ့ပေမယ့် ပါဝင်ဖျော်ဖြေခဲ့ကြတဲ့အနုပညာရှင်တွေလည်းရှိနေပါတယ်။
ပဲခူးဗဟိုမဏ္ဍပ်မှာ သင်္ကြန်အကြိုနေ့ကနေ အတတ်နေ့အထိ မိုးအောင်ရင် ၊ပူစူး ၊ အစ္စဏီ၊ပွင့်နဒီမောင်စတဲ့ အနုပညာရှင်တွေကဖျော်ဖြေပေးမှာဖြစ်တယ်လို့ စစ်ကောင်စီသတင်းတွေကို ဖော်ပြပေးနေတဲ့ Tin Soe အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူကတင်ထားပါတယ်။
ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာတော့ မြန်မာသံအဆိုတော်တွေတော်တော်များများ နဲ့ မျက်နှာသစ် အဆိုတော်တွေ ဖျော်ဖြေတာကို စစ်ကောင်စီလက်အောက်ခံ မီဒီယာရဲ့ ထုတ်လွှင့်မှုမှာတွေ့ရပါတယ်။
အဲဒီ့အပြင် သက်ကြီး အမျိုးသမီးသရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမေများအဖွဲ့ပါဝင်ဖျော်ဖြေတာကြောင့် ဝေဖန်တာတွေလည်းရှိနေပါတယ်။
အမေများအဖွဲ့ခက်ခဲနေတယ်လို့ဆိုဝာာကြောင့် အလှူငွေနဲ့ဆေးတွေထောက်ပံ့ပေးဖူးတဲ့ အမေရိကန်ရောက် မြန်မာတစ်ဦးကလည်း အဓမ္မဘက်မှာ ရပ်တည်သူသည်ကိုတွေ့ရသောကြောင့် ထပ်မံထောက်ပံ့ရန်အစီအစဉ်မရှိတော့ကြောင်း သူ့ဖေ့စ်ဘွတ်ခ်ကနေ တရားဝင်ပြောကြားထားပါတယ်။
သင်္ကြန်ကာလက အနုပညာရှင်တွေအတွက် ငွေရှာလို့ကောင်းတဲ့ အချိန်ဖြစ်ပေမယ့် နာမည်ကြီး အဆိုတော် တော်တော်များများက ပွဲငှားတွေရှိပေမယ့် လက်မခံဖြစ်ကြောင်း သူတို့ရဲ့ လူမှုကွန်ရက်တွေမှာရေးသားထားကြပါတယ်။
စစ်ကောင်စီအလိုကျ ဖျော်ဖြေကြတဲ့ အနုပညာရှင်တွေကိုတော့ လူမှုရေးပြစ်ဒဏ်ချမှတ်ဖို့ ပြည်သူအချင်းချင်းတိုက်တွန်းထားကြပါတယ်။
နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင် မေသန်းနု တို့ကတော့ စစ်ကောင်စီကကျင်းပတဲ့ မန္တလေးမြို့ရတနာပုံဥယာဉ်ဖွင့်ပွဲကို ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။
သင်္ကြန်ကာလတိုက်ရိုက်ထုတ်လွှင့်မယ့် ဖျော်ဖြေရေးအစီအစဉ်တွေအတွက် အနုပညာရှင်တွေရဲ့ သီချင်းတွေကို အခမဲ့ ထုတ်လွှင့်ခွင့်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဂီတအစည်းအရုံးကို ခွင့်တောင်းထားတဲ့စာတစ်စောင်လည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပြီး ဝေဖန်ခံနေရပါတယ်။
စစ္ေကာင္စီသၾကၤန္ပြဲမွာ ဝင္ေဖ်ာ္ေျဖတဲ့အႏုပညာရွင္ေတြ
ဆဏ္း/People’s Spring
ေတာ္လွန္ေရးအင္အားစုေတြက စစ္ေကာင္စီ ျပဳလုပ္တဲ့ သၾကၤန္ပြဲမွာ မပါဝင္ၾကဖို႔ တိုက္တြန္းခဲ့ေပမယ့္ ပါဝင္ေဖ်ာ္ေျဖခဲ့ၾကတဲ့အႏုပညာရွင္ေတြလည္းရွိေနပါတယ္။
ပဲခူးဗဟိုမ႑ပ္မွာ သၾကၤန္အႀကိဳေန႔ကေန အတတ္ေန႔အထိ မိုးေအာင္ရင္ ၊ပူစူး ၊ အစၥဏီ၊ပြင့္နဒီေမာင္စတဲ့ အႏုပညာရွင္ေတြကေဖ်ာ္ေျဖေပးမွာျဖစ္တယ္လို႔ စစ္ေကာင္စီသတင္းေတြကို ေဖာ္ျပေပးေနတဲ့ Tin Soe အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသုံးျပဳသူကတင္ထားပါတယ္။
ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္မွာေတာ့ ျမန္မာသံအဆိုေတာ္ေတြေတာ္ေတာ္မ်ားမ်ား နဲ႔ မ်က္ႏွာသစ္ အဆိုေတာ္ေတြ ေဖ်ာ္ေျဖတာကို စစ္ေကာင္စီလက္ေအာက္ခံ မီဒီယာရဲ့ ထုတ္လႊင့္မႈမွာေတြ႕ရပါတယ္။
အဲဒီ့အျပင္ သက္ႀကီး အမ်ိဳးသမီးသ႐ုပ္ေဆာင္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အေမမ်ားအဖြဲ႕ပါဝင္ေဖ်ာ္ေျဖတာေၾကာင့္ ေဝဖန္တာေတြလည္းရွိေနပါတယ္။
အေမမ်ားအဖြဲ႕ခက္ခဲေနတယ္လို႔ဆိုဝာာေၾကာင့္ အလႉေငြနဲ႔ေဆးေတြေထာက္ပံ့ေပးဖူးတဲ့ အေမရိကန္ေရာက္ ျမန္မာတစ္ဦးကလည္း အဓမၼဘက္မွာ ရပ္တည္သူသည္ကိုေတြ႕ရေသာေၾကာင့္ ထပ္မံေထာက္ပံ့ရန္အစီအစဥ္မရွိေတာ့ေၾကာင္း သူ႔ေဖ့စ္ဘြတ္ခ္ကေန တရားဝင္ေျပာၾကားထားပါတယ္။
သၾကၤန္ကာလက အႏုပညာရွင္ေတြအတြက္ ေငြရွာလို႔ေကာင္းတဲ့ အခ်ိန္ျဖစ္ေပမယ့္ နာမည္ႀကီး အဆိုေတာ္ ေတာ္ေတာ္မ်ားမ်ားက ပြဲငွားေတြရွိေပမယ့္ လက္မခံျဖစ္ေၾကာင္း သူတို႔ရဲ့ လူမႈကြန္ရက္ေတြမွာေရးသားထားၾကပါတယ္။
စစ္ေကာင္စီအလိုက် ေဖ်ာ္ေျဖၾကတဲ့ အႏုပညာရွင္ေတြကိုေတာ့ လူမႈေရးျပစ္ဒဏ္ခ်မွတ္ဖို႔ ျပည္သူအခ်င္းခ်င္းတိုက္တြန္းထားၾကပါတယ္။
နာမည္ႀကီး အႏုပညာရွင္ေတြျဖစ္တဲ့ ရန္ေအာင္ ေမသန္းႏု တို႔ကေတာ့ စစ္ေကာင္စီကက်င္းပတဲ့ မႏၲေလးၿမိဳ႕ရတနာပုံဥယာဥ္ဖြင့္ပြဲကို ေဖ်ာ္ေျဖေပးခဲ့တယ္လို႔ သိရပါတယ္။
သၾကၤန္ကာလတိုက္ရိုက္ထုတ္လႊင့္မယ့္ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြအတြက္ အႏုပညာရွင္ေတြရဲ့ သီခ်င္းေတြကို အခမဲ့ ထုတ္လႊင့္ခြင့္ေပးဖို႔ ျပန္ၾကားေရးဝန္ႀကီးဌာနက ျမန္မာနိုင္ငံဂီတအစည္းအ႐ုံးကို ခြင့္ေတာင္းထားတဲ့စာတစ္ေစာင္လည္း လူမႈကြန္ရက္မွာ ျပန႔္ႏွံ့ခဲ့ၿပီး ေဝဖန္ခံေနရပါတယ္။