ၾကားသိရသမွ်

လိုအပ္သူေတြကို ေျခတု၊လက္တုစက္႐ုံေလးေဆာက္ပီး အကုန္လႉဒါန္းမယ္ဆိုတဲ့ ခိုင္ႏွင္းေဝ…

လိုအပ္သူေတြကို ေျခတု၊လက္တုစက္႐ုံေလးေဆာက္ပီး အကုန္လႉဒါန္းမယ္ဆိုတဲ့ ခိုင္ႏွင္းေဝ

ပရဟိတအလုပ္ေတြနဲ႔ ပရိသတ္ေတြရဲ႕ ေလးစားခ်စ္ခင္မႈေတြကို မ်ားစြာရရွိထားတဲ့ ခိုင္ႏွင္းေဝကေတာ့ လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္ျပဳလုပ္ေနသူပဲ ျဖစ္ပါတယ္။

လတ္တေလာအေျခအေနေတြ အမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းေနတဲ့အျပင္ အလႉေငြေတြလည္း တတ္ႏိုင္သေလာက္လႉဒါန္းေနတာ ေတြ႕ရပါတယ္။

အလႉအတန္းေပါင္းမ်ားစြာကိုကိုယ္က်ိဳးမၾကည့္ပဲလႉဒါန္းခဲ့ၿပီး၊၇ရက္သားသမီးမ်ားႏွင့္အတူ ပရဟိတလုပ္ငန္းေတြကိုဦးေဆာင္လုပ္ကိုင္ေနသူလဲျဖစ္ပါတယ္။ဆင္းရဲခ်ိဳ႕တဲ့ တဲ့သူေတြအတြက္အဖက္ဖက္ကေနရပ္တည္ၿပီးျဖည့္ဆီးေပးခဲ့တဲ့သူပါ။

အားလူံးအ တြက္ေတာ့ကယ္တင္ရွင္သူရဲေကာင္းတစ္ေယာက္လိုပါပဲေနာ္။ဒါ့အျပင္ ကိုဗစ္ေရာဂါေတြ ျဖစ္ပြားေနတဲ့ ကာလတစ္ေလွ်ာက္မွာလည္း ေအာက္ဆီဂ်င္အိုးေတြ အျပင္ အျခား လိုအပ္တာေတြလည္း လႉဒါန္းခဲ့ပါေသးတယ္ ။

ပရိတ္သတ္ေတြခ်စ္ရတဲ့ပရဟိတမိခင္ႀကီးေခၚ ခိုင္ႏွင္းေဝကေတာ့ ဝမ္းသာစရာသတင္းေလးတစ္ခုကိုမွ်ေဝလာခဲ့ပါတယ္။မသန္မစြမ္းျဖစ္သူ၊ေမြးရာပါေျခလက္မျပည့္စုံသူ၊အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္မိမိရဲ႕ေျခလက္မ်ားကိုဆုံးရႈံးလိုက္ရတဲ့သူေတြအတြက္ရည္စူးထားတဲ့အလႉေလးပါ။ေလးစားအားထားရာေကာင္းတဲ့အမ်ိဳးသမီးတစ္ဦးပါပဲ။

အလႉ႔ရွင္တစ္ဦးကသူမဆီလာလႉဒါန္းထားတဲ့ေျမကြက္ေလးကိုအက်ိဳးရွိစြာအသုံးျပဳေတာ့မွာျဖစ္ပါတယ္။ မသန္စြမ္းသူမ်ားအတြက္ ေျခတု လက္တုမ်ားကို အဆင္ေျပေျပနဲ႔ လိုသေလာက္ လႉဒါန္းေပးႏိုင္ရန္ ရည္႐ြယ္ၿပီး စက္႐ုံတစ္ခု ေဆာက္လုပ္ရန္ စီစဥ္ေနၿပီလို႔ သိရပါတယ္ ။ကုသိုလ္လဲရဝမ္းလဲဝ ဆိုသလိုပဲေပါ့ တကယ္မြန္ျမတ္လွပါေပတယ္။

မည္သူမဆို လႉဒါန္းေပးမယ့္ အေၾကာင္းကိုလည္း ”သူမရဲ႕socialမွာသူမရဲ႕ရည္႐ြယ္ခ်က္တစ္ခုကို ယခုလိုပဲေျပာျပလာခဲ့ပါတယ္။”ေျခတု လက္တုစက္႐ုံေလးတစ္ခုတည္ေထာင္ဘို႔စတင္အေကာင္အထည္ ေဖာ္ျဖစ္ပါတယ္ရွင္က်မကိုလႉဒါန္းထားတဲ့ေတာင္ဒဂုံ(၁၀၅)ေျမကြက္မွာစက္႐ုံအေသးစားေလးတည္ ေထာင္ၿပီးေျခတု၊လက္တုမတပ္ႏိုင္ေသာမည္သူမဆိုအခမဲ့ တပ္ဆင္လႉဒါန္းေပးသြားပါမယ္

စက္႐ုံအတြက္ေနရာေဆာက္ျခင္း၊စက္မ်ားဝယ္ယူျခင္း၊ပညာရွင္မ်ားေခၚယူျခင္းတို႔ကိုအျမန္ဆုံ:လုပ္ေဆာင္၍လိုအပ္ေနေသာသူမ်ားကိုကူညီေပးသြားပါမယ္က်မနဲ႔အတူခုႏွစ္ရက္သားသမီးမ်ားအားလုံးရဲ႕စုေပါင္းကုသိုလ္အလႉေလးမ်ားပဲျဖစ္ပါတယ္ရွင္”ဆိုၿပီးေရးသားလာခဲ့ပါတယ္။သူမရဲ႕သဒၵါတရား၊ဂ႐ုဏာတရား၊ေမတၱာတရားေတြးကိုသာဓုေခၚဆိုေပးသြားၾကပါဦးေနာ္။

unicode

လိုအပ်သူတွေကို ခြေတု၊လက်တုစက်ရုံလေးဆောက်ပီး အကုန်လှူဒါန်းမယ်ဆိုတဲ့ ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။

အလှူအတန်းပေါင်းများစွာကိုကိုယ်ကျိုးမကြည့်ပဲလှူဒါန်းခဲ့ပြီး၊၇ရက်သားသမီးများနှင့်အတူ ပရဟိတလုပ်ငန်းတွေကိုဦးဆောင်လုပ်ကိုင်နေသူလဲဖြစ်ပါတယ်။ဆင်းရဲချို့တဲ့ တဲ့သူတွေအတွက်အဖက်ဖက်ကနေရပ်တည်ပြီးဖြည့်ဆီးပေးခဲ့တဲ့သူပါ။

အားလူံးအ တွက်တော့ကယ်တင်ရှင်သူရဲကောင်းတစ်ယောက်လိုပါပဲနော်။ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်မှာလည်း အောက်ဆီဂျင်အိုးတွေ အပြင် အခြား လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ် ။

ပရိတ်သတ်တွေချစ်ရတဲ့ပရဟိတမိခင်ကြီးခေါ် ခိုင်နှင်းဝေကတော့ ဝမ်းသာစရာသတင်းလေးတစ်ခုကိုမျှဝေလာခဲ့ပါတယ်။မသန်မစွမ်းဖြစ်သူ၊မွေးရာပါခြေလက်မပြည့်စုံသူ၊အကြောင်းအမျိုးမျိုးကြောင့်မိမိရဲ့ခြေလက်များကိုဆုံးရှုံးလိုက်ရတဲ့သူတွေအတွက်ရည်စူးထားတဲ့အလှူလေးပါ။လေးစားအားထားရာကောင်းတဲ့အမျိုးသမီးတစ်ဦးပါပဲ။

အလှူ့ရှင်တစ်ဦးကသူမဆီလာလှူဒါန်းထားတဲ့မြေကွက်လေးကိုအကျိုးရှိစွာအသုံးပြုတော့မှာဖြစ်ပါတယ်။ မသန်စွမ်းသူများအတွက် ခြေတု လက်တုများကို အဆင်ပြေပြေနဲ့ လိုသလောက် လှူဒါန်းပေးနိုင်ရန် ရည်ရွယ်ပြီး စက်ရုံတစ်ခု ဆောက်လုပ်ရန် စီစဉ်နေပြီလို့ သိရပါတယ် ။ကုသိုလ်လဲရဝမ်းလဲဝ ဆိုသလိုပဲပေါ့ တကယ်မွန်မြတ်လှပါပေတယ်။

မည်သူမဆို လှူဒါန်းပေးမယ့် အကြောင်းကိုလည်း ”သူမရဲ့socialမှာသူမရဲ့ရည်ရွယ်ချက်တစ်ခုကို ယခုလိုပဲပြောပြလာခဲ့ပါတယ်။”ခြေတု လက်တုစက်ရုံလေးတစ်ခုတည်ထောင်ဘို့စတင်အကောင်အထည် ဖော်ဖြစ်ပါတယ်ရှင်ကျမကိုလှူဒါန်းထားတဲ့တောင်ဒဂုံ(၁၀၅)မြေကွက်မှာစက်ရုံအသေးစားလေးတည် ထောင်ပြီးခြေတု၊လက်တုမတပ်နိုင်သောမည်သူမဆိုအခမဲ့ တပ်ဆင်လှူဒါန်းပေးသွားပါမယ်

စက်ရုံအတွက်နေရာဆောက်ခြင်း၊စက်များဝယ်ယူခြင်း၊ပညာရှင်များခေါ်ယူခြင်းတို့ကိုအမြန်ဆုံ:လုပ်ဆောင်၍လိုအပ်နေသောသူများကိုကူညီပေးသွားပါမယ်ကျမနဲ့အတူခုနှစ်ရက်သားသမီးများအားလုံးရဲ့စုပေါင်းကုသိုလ်အလှူလေးများပဲဖြစ်ပါတယ်ရှင်”ဆိုပြီးရေးသားလာခဲ့ပါတယ်။သူမရဲ့သဒ္ဒါတရား၊ဂရုဏာတရား၊မေတ္တာတရားတွေးကိုသာဓုခေါ်ဆိုပေးသွားကြပါဦးနော်။

crd#