” NUG အစိုးရ အနိုင်ရဖို့ သေချာသွားပြီလို့ ထုတ်ပြောလိုက်တဲ့ ကုလနဲ့ နိုင်ငံတကာ သတင်းဌာနများ ”
” NUG အစိုးရဟာ နိုင်ငံတကာ အသိအမှတ်ပြုမှု့မှာ အနိုင်ရဖို့ သေချာစေခဲ့ပါတယ် ။ မြန်မာစစ်ကောင်စီဟာ သံတမန်အသစ် အောင်သူရိန်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ လဲပေးဖို့ တောင်းဆိုခဲ့တာကို ကုလသမဂ္ဂအဖွဲ့ကြီးက ရွှေ့ဆိုင်းလိုက်တာပါ ။
ဒီလိုရွှေ့ဆိုင်းတာဟာ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်လိုက်တာပါပဲ ။ ” လို့ RFA သတင်းဌာနက ကုလကိုယ်စားပြု သံအမတ်တစ်ဦးနဲ့ အင်တာဗျူးပြီးချိန်မှာ ပြောကြားလိုက်တာပါ ။
” အခုလိုရွှေ့ဆိုင်းတာဟာ ကုလသမဂ္ဂရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ မညီညွတ်ပါဘူး ။ နိုင်ငံတကာဥပဒေမှာ အချုပ်အချာအာဏာကို နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ ပြည်ပရေးရာတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချနိုင်တဲ့ လွတ်လပ်မှု့အဖြစ် သတ်မှတ်ထားပါတယ် ။
အချုပ်အချာ နိုင်ငံတွေရဲ့ တန်းတူညီမျှရေးကို ကုလပဋိညာဉ်စာတမ်းမှာ ဖော်ပြထားပါတယ် ။ အဖွဲ့ဝင်အားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ သာတူညီမျှရေးအပေါ်မှာ အခြေံတယ်လို့ ကုလသမဂ္ဂက ပြဋ္ဌာန်းထားပါတယ် ။ ဒီဆုံးဖြတ်ချက်ဟာ အဲ့ဒီစာချုပ်နဲ့ မကိုက်ညီပါဘူး ”
လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောကြားလိုက်ပါတယ် ။ ဝါရှင်တန် မြန်မာသံရုံးမှာ ဗိုလ်မှုးကြီး အောင်သူရိန်ကို စစ်သံမှုးအဖြစ် ခန့်အပ်ဖို့လည်း ဦးကျော်မိုးထွန်းကို ဗိုလ်ချုပ်ဇော်မင်းထွန်းက တောင်းဆိုလိုက်ပါတယ် ။
အာဆီယံအဖွဲ့ကို မြန်မာစစ်ကောင်စီကနေ နုတ်ထွက်စာ ၃ စောင် တင်လိုက်ပါတယ် ။
မြန်မာအစိုးရအဆက်ဆက်ကို ခုခံကာကွယ်လာတဲ့ တရုပ်နဲ့ ရုရှားဟာ စစ်ျကာင်စီဘက်မှာ မရှိတော့ဘူးလို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ် ။
မြန်မာစစ်ကောင်စီကတော့ မျှော်လင့်တောင်းဆိုထားတဲ့ သံအမတ်အသစ် ဗိုလ်မှုးကြီး အောင်သူရိန်ကို ရုရှားနဲ့တရုတ်က လုပ်ပိုင်ခွင့်သုံးပြီး ခန့်အပ်လိမ့်မယ်လို့ ယုံကြည်ထားပေမယ့် ၊ ရွှေ့ဆိုင်းလိုက်တဲ့အပေါ်မှာ ဒေါသတကြီး တုံ့ပြန်လာပါတယ် ။
” ဒါဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်ပါ ။ သိပ်ကို နာကျင်ပါတယ် ။ အထူးသဖြင့် သံတမန်ရေးရာမှာ နိုင်ငံတကာဟာ ကျွန်တော်တို့ စစ်အစိုးရဘက်ကနေ အသံမထွက်ကြတော့ဘူး ။ သိပ်ကို ဝမ်းနည်းစရာကောင်းပါတယ် လို့ မြန်မာစစ်ကောင်စီက နိုင်ငံတကာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ် ။
ဒါကတော့ RFA သတင်းထောက် Joshua Lipes ရေးသားထားတဲ့ သတင်းနဲ့ သုံးသပ်မှု့ပါ ။
သုံးသပ်ရရင် ……၊
ကုလသမဂ္ဂက မြန်မာစစ်ကောင်စီ တင်ပြတောင်းဆိုထားတဲ့ နိုင်ငံတကာ တရားဝင်မှု့နဲ့ ကိုယ်စားလှယ်အသစ် အသိအမှတ်ပြုမှု့ကို ရွှေ့ဆိုင်းလိုက်တာပါ ။ အထောက်အထားစီစစ်ရေး အဖွဲ့ခေါင်းဆောင် ဆွီဒင်သံအမတ်ကတော့ ကုလစည်းကမ်းအရ သတင်းထောက်တွေကို စကားအကုန် မပြောခဲ့ပါဘူး ။
သို့ပေမယ့် နိုင်ငံတကာ ကုလကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ သတင်းဌာနတွေကတော့ ကုလရဲ့ ရွှေ့ဆိုင်းမှု့ဟာ ” NUG အနိုင်ရတာပါပဲ ” တဲ့ ။
ထပ်ပြောပါဦးမယ် ။ နားမရှင်းသူတွေ ရှိနေတတ်လို့ပါ ။ကုလသမဂ္ဂရဲ့ ရွှေ့ဆိုင်းမှု့ဟာ ” NUG အနိုင်ရတာပါ ” တဲ့ ။
ရှင်းပါတယ် ။ မြန်မာပြည်သူတွေရဲ့ အသံကို ကုလ ၊ နိုင်ငံတကာ ၊ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက သိပါတယ် ။ အထောက်အထားတွေနဲ့ ကုလ ၊ နိုင်ငံတကာတရားရုံး ၊
အာဂျင်တီးနား တရားရုံးတွေအထိ ချက်ကျ လက်ကျ တင်ပြထားပါတယ် ။ ငြင်းစရာမရှိပါဘူး ။ ဒီအခြေအနေမှာ အထောက်အထားစီစစ်ရေးကော်မတီက တွေ့ရှိထားသမျှတွေကို ရုရှားနဲ့ တရုတ်လည်း မကာကွယ်နိုင်တော့ပါဘူး ။
ဆိုတော့ ….၊
ချက်ချင်းလက်ငင်း NUG ကို အသိအမှတ်ပြုလိုက်မယ်ဆိုရင် ပြည်တွင်းက ပြည်သူတွေက ဓားစာခံဖြစ်သွားနိုင်ပါတယ် ။ အမေစုနဲ့ ဖမ်းဆီးခံထားရသူတွေ အန္တရာယ်ရှိပါတယ် ။ ဒီတော့ ကုလက ရွှေ့ဆိုင်းလိုက်ပါတယ် ။ ရွှေ့ဆိုင်းထားချိန်မှာ ကုလနဲ့ နိုင်ငံတကာ မဟာမိတ်တွေက ဘယ်လိုစီစဉ်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ် ။
ရွှေ့ဆိုင်းတဲ့အပေါ်မှာ စစ်ကောင်စီဘက်က ဒေါသတကြီး တုံ့ပြန်နေပုံကိုကြည့်မယ်ဆိုရင် ၊ ရွှေ့ဆိုင်းမှု့ဟာ သူတို့ရှုံးပြီဆိုတာ စစ်ကောင်စီသိသွားပါပြီ ။ ဒီအချိန်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တစ်ဆင့်လျှော့ပြီး အောင်သူရိန်ကို စစ်သံမှုးအဖြစ် လက်ခံပေးဖို့ ဒူးဖက် ဆက်သွယ်လာပါတယ် ။
ဒီတော့ …..၊မြန်မာ့အရေး ဘယ်လိုလဲ …..?
ဆိုရင် ၊ ပွဲကတော့ ဇာတ်သိမ်းခန်းနီးလာလေလေ လွမ်းခန်း ၊ ကြမ်းခန်း ၊ မျက်ရည်စမ်းစမ်းနဲ့ စစ်ဗိုလ်ချုပ်အိုကြီး ( JUNTA ) တွေ ပြေးကြရပါလိမ့်မယ် လို့ သုံးသပ်ချင်ပါတယ် ။
ဘကြီးအောင် LA