ၾကားသိရသမွ်

နေမကောင်းဖြစ်နေတဲ့သခင်ဖြစ်သူရဲ့အနားကနေ ထွက်သွားဖို့ ငြင်းဆန်နေခဲ့တဲ့ ခွေးလိမ္မာလေး(ရုပ်သံ)

နေမကောင်းဖြစ်နေတဲ့သခင်ဖြစ်သူရဲ့အနားကနေ ထွက်သွားဖို့ ငြင်းဆန်နေခဲ့တဲ့ ခွေးလိမ္မာလေး(ရုပ်သံ)

Ventilator စက်တပ်ရင်း လဲအိပ်နေတဲ့ပိုင်ရှင်ဖြစ်သူရဲ့ဘေးမှ ထွက်ခွါရန် ငြင်းဆန်ကြောင်းပြသနေတဲ့ဗီဒီယိုတစ်ခုအပြီးမှာ golden retriever ခွေးလေးတစ်ကောင်ဟာ onlineမှာ လူသိများကျော်ကြားသွားခဲ့ပါတယ်။ Mao Mao လို့ခေါ်တဲ့အဆိုပါခွေးလေးနှင့် ပိုင်ရှင်ဖြစ်သူ အသက် ၅၆နှစ်အရွယ် Shao တို့ဟာ တရုတ်နိုင်ငံ Henan ပြည်နယ် Xinxiang မြို့မှာ နေထိုင်ကြကြောင်း MailOnline မှ သိရပါတယ်။

အသက် ၂နှစ်အရွယ် Mao Mao ဟာ Ventilator စက်တပ်ရင်း အိပ်ရာဝင်ဖို့ ကြိုးစားနေတဲ့ Shao ရဲ့ရင်ဘတ်ပေါ်ကို သူ့ခေါင်းလေးတင်ကာ အနားယူနေပုံကို ပြီးခဲ့တဲ့ ၂၀၂၀ ၊ဧပြီ ၁၅ရက်နေ့မှာ ရိုက်ကူးခဲ့တဲ့ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။

ဆရာဝန်ကသွေးတိုးနှင့်နှလုံးရောဂါခံစားနေရတဲ့ Shao အား ရုတ်တရက်နှလုံးရပ်တန့်ခြင်းမှကာကွယ်ရန် ventilator(လေဝင်လေထွက်ထိန်းစက်)ဖြင့် အိပ် စက် ရန်ပြောကြားခဲ့ပါတယ်။ဗီဒီယိုထဲမှာ Shao က ချစ်ဖို့ကောင်းတဲ့ခွေးလေးအား “ စိတ်မပူနဲ့ ၊ ငါနေလို့ကောင်းတယ် ၊ မင်းသွားလို့ရတယ်” လို့ ပြောနေခဲ့ပါတယ်။ခွေးလေးဟာ ပိုင်ရှင်ဖြစ်သူက ventilator စက်တပ်ထားတဲ့အချိန်တိုင်း နေမကောင်းဖြစ်နေတယ်လို့ အမြဲထင်နေခဲ့ပါတယ်။

ခွေးလေးဟာ Shao အိပ်ရာကနေထလာမှ သူလေးလည်းထသွားတတ်ပါသေးတယ်။“ ငါသူ့လိုခွေးမျိုးတစ်ခါမှမတွေ့ဖူးဘူး၊ သူက ငါ့အတွက်မိသားစုအစစ်အမှန်မဟုတ်ပေမဲ့ မိသားစုဝင်တစ်ယောက်လို ဖြစ်နေတယ်” လို့ Shao က ဆိုခဲ့ပါတယ်။အင်တာနက်သုံးစွဲသူများကလည်း Mao လေးကိုချစ်မဆုံးဖြစ်သွားခဲ့ရပြီး လူတစ်ယောက်က “ခွေးလေးတွေက လူလိုဘဲ အရာအားလုံးကို သိနေတယ်၊

သူတို့က ငါတို့ရဲ့မိသားစုအစစ်လိုဘဲ” လို့မှတ်ချက်ပေးခဲ့ပါတယ်။ခွေးပိုင်ရှင်တစ်ယောက်ကလည်း “ကျွန်တော့်ခွေးလေးလည်း ကျွန်တော်နေမကောင်းရင် အ စားမစားဘဲ ကျွန်တော့်ဘေးမှာ အမြဲရှိနေတတ်တယ် ” လို့ သူ့ရဲ့ချစ်မဝဖြစ်ရတဲ့ခွေးလေးအကြောင်းကို မှတ်ချက်ပေးခဲ့ပါသေးတယ်။

crd