ၾကားသိရသမွ်

ဈေးကုန်းဆရာ​တော်ပျံလွန်တဲ့ကိစ္စနဲ့ပါတ်သက်ပြီး​ လူတချို့ကိုပြောလိုက်တဲ့ သရုပ်ဆောင်မင်းမော်ကွန်း…..

မ​နေ့က ​ဈေးကုန်းဆရာ​တော်ပျံလွန်တဲ့ကိစ္စနဲ့ပါတ်သက်ပြီး​ကောင်းခြင်းဆိုးခြင်းဘာတစ်ခုမှမ​ဝေဖန်လိုပါ

လူတစ်ချို့ရဲ့ကိစ္စကိုပဲ​ပြောချင်တာဖြစ်ပါတယ်

​ဈေးကုန်းဆရာ​တော်ကြီးပျံလွန်​တော်မူမှထပြီးသံဃာ​တော်​တွေကိုမပြစ်မှား မ​စော်ကားသင့်ပါဆိုတဲ့နိဗ္ဗာန်ကိုချက်ခြင်းမျက်​မှောက်ပြု​​သွားကြသူ

သူ​တော်စင်သူ​တော်​ကောင်းကြီးများကိုပဲနည်းနည်း​လောက်​မေးကြည့်ချင်တာပါ

ခင်များတို့က သံဃာကို​မ​စော်ကားသင့်ဘူးမပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုရင်

စကစ ​တွေက ရဟန်းသံဃာ​တော်​တွေကိုဖမ်းဆီးရိုက်နှက်ခဲ့တုန်းကညှင်းဆဲသတ်ဖြတ်ခဲ့ကြတုန်းက​ဘာလို့ငြိမ်​နေကြသလဲ

မိုးကုတ်​ရေပူဆရာ​တော်ကြီးကို​ထောင်သုံးနှစ်ချခဲ့တုန်းကပဲခူး​အောင်ရတနာ​ကျောင်းတိုက်ဆရာ​တော်ရိုက်နှက်စစ်​ဆေးခံရရင်းပျံလွန်ခဲ့တုန်းကမး​မောက်မှာ ဆရာ​တော်ဦးက​သေလလက်နက်ကြီးထိလို့ပျံလွန်တုန်းကဘာလို့အသံမထွက်ခဲ့ကြသလဲ

မန်း​လေးမစိုးရိမ်​တိုက်ကသံဃာ​တွေပရိတ်ရွတ်လို့စစ်တပ်ကဘုန်းကြီး​ကျောင်းထဲထိဝင်ပြီးဆဲဆိုအကြမ်းဖက်ခြိမ်း​ခြောက်ပစ်ခတ်ခဲ့တာ​
ရက်ပိုင်းပဲရှိ​သေးဗျာ

အဲ့ဒီတုန်းက

ခင်များတို့ ဝစီပိတ်ကျင့်​နေကြသလား

ဒါ​တွေကိုကျသံဃာမဟုတ်ဘူးထင်လို့လား

ဒါမှမဟုတ်ကိုယ်ကိုးကွယ်တဲ့ဘုန်းကြီးမဟုတ်လို့တခြားဘုန်းကြီးဘာဖြစ်ဖြစ်ဆိုပြီးသံဃာ​တော်​တွေကိုခွဲခြားခဲ့တာလား

ဒါမှမဟုတ် စစ်တပ်က​တော့သံဃာ​တွေကိုနှိပ်စက်သတ်ဖြတ်​စော်ကားပြစ်မှားခွင့်ရှိတယ်ဆိုပြီးသတ်မှတ်ထားခဲ့ကြသလား​ဖြေပါမဟာ့မဟာသာသနာပြုအရိယာသူ​တော်စင်တို့

Crd Kyaw Kyaw Htay