ကြားသိရသမျှ


[Zawgyi]






Hlaing (Love Feeling)

[Unicode]

ထူးဆန်းစွာဖြင့် လက်နှင့်ခြေချောင်းတွေမှာ ၅ချောင်းအပြည့်မပါပဲ ဂဏန်းလက်တွေနှင့်သွားတူနေသည့် မိသားစု

ဗီယက်နမ်နိုင်ငံ Kien Giangပြည်နယ်တွင် နေထိုင်သော မိသားစုတစ်စုသည် ထူးခြားစွာ မျိုးဆက်၃ဆက်ထိကို ခြေလက်တွေမှာ မပြည့်စုံပဲ မွေးဖွားလာခဲ့ကြသည်။

သူတို့မိသားစုဝင်မျိုးဆက်မှာ အယောက်၂၀ရှိပေမယ့် ၁၃ယောက်လောက်က ထိုသို့ထူးဆန်းသည့် ခြေလက်တွေကို ပိုင်ဆိုင်ထားကာ အများမှ ဂဏန်းလက်တွေနှင့် ဆင်တူသည်ဟု ဆိုကြသည်။

သူတို့မိသားစုသည် လယ်သမားလက်လုပ်လက်စားသမားတွေသာ ဖြစ်သည့်အတွက် ထိုသို့ထူးဆန်းသည့် ဖြစ်စဉ်ကိုစစ်ဆေးကြည့်ဖို့ရာ ငွေကြေးမလုံလောက်သည့်အတွက် အနီးနားရှိ ဆေးဆရာတို့ဧ။်ပြောကြားချက်အရ မျိုးရိုးဗီဇပြောင်းသည့် လက္ခဏာတစ်ခုအဖြစ်သာ သိရှိခဲ့ရသည်။

သို့သော်လည်း သူတို့မိသားစုလေးတွေသည် ဘဝကိုအရှုံးမပေးပဲ အမြဲကြိုးစားလုပ်ဆောင်လေ့ရှိရာ ကလေးတွေမှလည်း အတန်းဖော်တွေဧ။်စနောက်ခြင်းခံရပေမယ့် ဂရုမစိုက်ပဲ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုသာ ရောက်အောင်သွားရန် ဆုံးဖြတ်ထားကြသည်။

Hlaing (Love Feeling)