ရှက်ပြီးလဲသေဖို့ကောင်းတဲ့ အောင်လ”
ဒီလို့ တုံ့ပြန်မူမျိုးနဲ့ ကျွန်တော့်တို့ နိုင်ငံဂုဏ်ဆောငိခဲ့တဲ့ ချန်ပီယံကို သူ့ပရိသတ်တွေဆက်ဆံတာတွေ့ရတော့ ကျွန်တော်တကယ်ခံစားရတယ်ဗျာ။
သူ့အကြောင်းကျတော်နဲနဲပြောပြပါရစေဗျာ . သူဟာ အင်မတန်ခက်ခဲတဲ့အခြေအနေတွေကို ဖြတ်သန်းပြီးမှ ဒီကနေ့အခြေနေရောက်ရှိခဲ့တာပါ။
ကျွန်တော်ပြောနိုင်တာတခုရှိတယ် ၊ ကျတော့်ဘဝမှာ သူ့လောက်လူမျိုး နဲ့ နိုင်ငံအတွက် သွေးနဲ့ ချွေးနဲ့ရင်းပြီး အနစ်နာခံနိုင်တဲ့သူမျိုး တိုင်ပြည်ကိုချစ်တဲ့သူမျိုး ကျွနိတောပတ်ဝနိကျင်းမှာ သူ့လိုလူမျိုးအရန်းရှာပါတယ်။
ဒါပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေအပေါ် သူက တုံ့ပြန်မှုနည်းနေလို့ လူပ်ရှားမူ ပြောဆိုမူမရှိလို့ လူတော်တော်များများက သူ့ကိုဝေဖန်နေကြတယ် ပစ်ပယ်နေကြတာကိုတွေ့ရတယ်
အဲ့လို အောင်လကို ပစ်ပယ်သူ ဝေဖန်သူတွေကို ကျွန်တော် တခုမေးပါရစေဗျာ၊ အောင်လကို အဲ့လိုပုတ်ခပ် နာကျင်စေတဲ့ စကားလုံးတွေသုံးပြီးပစ်ပယ်ဖို့ ရေးသားတာ မှန်တယ်၊တရားတယ် လို့ထင်ပါသလား ?
အနိုင်ကျင့် ခြိမ်းခြောက်နေတယ်လို့ မမြင်ဘူးလား? ဝေဖန်နေတာလား လိုချင်တဲ့ အရာမရလို့ အမြတ်ဒေါသနဲ့ တုံ့ပြန်နေတာလား?
အဲ့လိုကောမန့်ရေးအနိုင်ကျင့်ပုတ်ခပ်သူတွေ သူတွေရဲ့ စကားတွေက ဖိနှိပ်သူတွေနဲ့ ဘာကွာနေသေးလဲ ? ကျတော်တခုမေးချင်တာက ကျတော်တို့တွေသူတပါးကိုထိခိုက် နာကြင်စေခြင်းနဲ့ ဘာကောင်းကျိုးလုပ်ရပ်တွေ လူံ့ဆော်ပြသနိုင်မှာလဲဗျာ?
မဖြစ်မနေကောမန့်ပေးမယ်ဆိုလည်း ဒီအချက်လေးတွေကိုစဉ်စားသိရှိပြီးမှ ရေးဖို့ ကျတော် ဆောင်းဆိုပါတယ် ဗျာ
၁) အောင်လ ဒီတစ်ပတ်အတွင်း သူ့ရဲ့ ချစ်လှစွာသော အစ်မ (ဝမ်းကွဲ) တစ်ယောက်ကို ကင်ဆာရောဂါကြောင့် ဆုံးရှုံးလိုက်ရတယ်။ သူတို့တစ်မိသားစုလုံးလဲ ဝမ်းနည်းပူဆွေးနေကြရတယ်။
၂) အစိုးရက သူ့ရဲ့ဗီဇာကို အချိန်မရွေးငြင်းပယ်နိုင်ပြီး သူ့မိသားစုနဲ့ သူ့အိမ်ကို ပြန်လာဖို့ အချိန်မရွေးတားမြစ် နိုင်တယ်။ သူ့ရဲ့အိမ်မြန်မာပြည်ကို ပြန်မလာနိုင်ဘဲနဲ့ မြန်မာနိုင်ငံအတွက် အကျိုးရှိအောင်ဘယ်လိုလုပ်နိုင်မလဲဗျာ
၃) အားကစားသမားတွေဟာသူတို့ရဲ့ အသင်းအဖွဲ့ နဲ့ စာချုပ်ချုပ်ဆိုထားရတာဖြစ်ပြီး နိုင်ငံရေးလုပ်ဖို့တားမြစ်ထားပါတယ် ။ တစ်ခုခုတင်ဖို့ ခွင့်ပြုချက်တွေတောင်းရပါတယ်
ကျွန်တော်ရဲ့ အမျိုးသမီး (ကချင်လူမျိုး) ကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ခန့်က ကချင်လူမျိုးစုတွေရဲ့ နာကျင်စရာခံစားချက်များစွာကို နားလည်လာခဲ့တယ်။ သူတို့တွေဟာ အဆုံးမဲ့တဲ့ ပဋိပက္ခတွေကို ဖြတ်ကျော်ခဲ့ရပြီး သာမန်ပြည်သူတွေထက် ရုန်းကန်ခဲ့ရသူပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ စိန်ခေါ်မှုတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အကောင်းဆုံးစိတ်နဲ့သာ ရှေ့ဆက်ခဲ့ကြတယ်။
အမေစုလိုပဲ ကျတော့အတွက်တော့ အောင်လဟာ အကောင်းဆုံးလှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့တယ်။ အောင်လရဲ့ အကျင့်စာရိတ္တနဲ့ပတ်သက်ပြီး ကျတော်ပြောနိုင်တာကသူဟာ ဖခင်ကောင်း၊ ခင်ပွန်းကောင်း၊ အစ်ကိုကောင်း၊ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ ကျွန်တော်အပြည့်အဝယုံကြည်တယ်။
အောင်လဟာ စကားနည်းနည်းပဲပြောပြီးအလုပ်နဲ့ပဲသက်သေပြတတ်တဲ့ သူမျိုးဖြစ်တယ်။ သူ့မှာ ရှိတဲ့ အင်အားကိုစိတ်လိုလက်ရဖျက်ဆီးမူဖြစ်အောင်မသုံးဘူး ၊ ဘာဖြစ်လို့လည်းဆိုတော့ ကြီးမားတဲ့ အင်အားနောက်မှာ ကြီးမားတဲ့ တာဝန်တွေ ရှိနေတယ်ဆိုတာသူနားလည်တယ် ၊ သူ့ဘဝရဲ့ခက်ခဲတဲ့အချိန်တိုင်းကိုလည်း နှလုံးသားနဲ့ မဟုတ်ဘဲ ဦးနှောက်နဲ့ဆုံးဖြတ်ချက်ချပြီးလုပ်ဆောင်ခဲ့တယ်။
ယခုဖြစ်ပေါ်နေတဲ့ကိစ္စဟာ ကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စပါ။ ကျွန်တော်တို့ အတူတူရှေ.ဆက်ရမှာဖြစ်ပြီး အောင်လကို ထိခိုက်အောင် ပုတ်ခတ်ပြောဆိုနေကြရမှာ မဟုတ်ပါဘူး ။
ကျွန်တော်တို့ အရေးကြီးတဲ့အရာကို အာရုံစိုက်နေရမဲ့အချိန်မှာ တစ်ဦးအပေါ်တစ်ဦး ဒေါသထွက်တိုက်ခိုက်နေလို့ ဘာများထူးသွားမှာလဲ ? ယခုဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အားလုံးစည်းစည်းလုံးလုံး ရပ်တည်သွားကြပါစို့! ကျွန်တော့်သူငယ်ချင်းအောင်လကိုလည်း အရင်ကလိုပဲ ဆက်အားပေးကြပါ ။
ဘယ်လောက်ပဲရှည်လျားပြီး ခက်ခဲတဲ့လမ်းဖြစ်နေပါစေ ကျွန်တော်တို့ ကောင်းမွန်စွာ ဆက်လက်လုပ်ဆောင်သွားကြရအောင်ဗျာ ၊ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် အောင်လနဲ့အတူ ကျွန်တော်ရပ်တည်သွားပါမယ်ခင်ဗျာ။
Crd