စစ်အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ အာဏာ ဆုပ်ကိုင်နိုင်ရေး အတွက် တိုင်းပြည်ကို မြေလှန်စနစ် ကျင့်သုံးလာသည် မှာ ၁၁ လ ထဲသို့ တအိအိ နှင့် ဝင်ရောက်လာနေခဲ့ပြီး လူထု ထောက်ခံမှုသည်လည်း သုံညအဆင့်သို့ ထိုးကျလာနေသည်။
တိုင်းပြည်ကို အမြန်ဆုံး ထိန်းချုပ်နိုင်ရန် ပြည်သူ တရပ်လုံး အပေါ် စစ်ပွဲကြီး ဆင်နွှဲလာနေရသည့် အဆင့် ရောက်လာနေသည်။
ထိုမျှမကသေး လူထုက ရွေးချယ်တင်မြှောက်ထားသော ခေါင်းဆောင်များအား မတရားပုဒ်မများ တပ်ကာ ဖမ်းဆီးထောင်ချနေမှု များသည်
မည်သည့် ရှု့ဒေါင့်က ကြည့် ကြည့် မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များ ဖြစ်သည်ကို အားလုံး က သိနေကြသဖြင့် ၎င်းတို့ ဘာလုပ်လုပ် ထောက်ခံနေကြသူများသာ ကျေနပ်နေကြမည် ဖြစ်ပြီး လူထုကတော့ ရွံရှာသည်ထက် ရွံရှာလာခြင်းသာ အဖတ်တင်လာခဲ့သည်။
ယင်းနှင့် အတူ ထိုမျှလောက်အထိ အဆင်ခြင်တုံတရား ကင်းမဲ့နေသူများအား မည်သို့မျှ ပိုနေမြဲ ကျားနေမြဲ အုပ်ချုပ်ခွင့် ပေး၍ မရတော့ဟု သိမြင်လာသည် နှင့်အတူ ပြည်သူများက အဆုံးအထိ တိုက်ခိုက်သွားရန် သံဓိဋ္ဌာန် ချထားပြီးလည်း ဖြစ်နေသည်။
တဖက်တွင်လည်း ပြည်ပ ရင်းနှီးမြုပ်နှံလိုသူများကလည်း နိုင်ငံတကာ ကျင့်ထုံးများကို မျက်ကွယ်ပြုပြီး လုပ်ချင်တိုင်း လုပ်ခွင့်ရနေသည့် အဖွဲ့ အပေါ် ၎င်းတို့ အကျိုးစီးပွား ထိခိုက်လာနိုင်သည့် အရေး ကို တွေးတော ပူပန်လာကြမည်က မလွဲဧကန်ပင်။
စစ်အာဏာသိမ်း အဖွဲ့နှင့် အကြောင်းအမျိုးမျိုး နှင့် ဆက်ဆံလိုသူသည့် အစိုးရများ နှင့် ကုမ္ပဏီများ ရှိနေသော်လည်း ကိုယ်ကျင့်သိက္ခာ ရှု့ဒေါင့်ပိုင်း အရ ပြစ်တင် ရှုတ်ချခံရမည့် အလားအလာများကြောင့် လက်တွန့်နေကြသည်။
တယ်လီနော သည်ပင် ၎င်းတို့၏ Wave Money လုပ်ငန်းကို ပိုင်ဆိုင်ထားသည့် ၅၁% ကို Yoma Strategic Holdings သို့ ရောင်းချရန် သဘောတူလိုက်ပြီ ဖြစ်သည်။
မည်သို့ပင် လူကြားကောင်းအောင် နည်းမျိုးစုံဖြင့် ပြောဆိုနေသော် ငြားလည်း အစစအရာရာ တိုးတက်ရန် အရှိန်ယူနေသော နိုင်ငံအား ရုတ်ခြည်း ဗုန်းဗုန်းလဲကျသွားအောင် လုပ်ခဲ့သည့်
ငို့ဘ သမား အတွက် သမိုင်းက တရားခံ များ အဖြစ် သတ်မှတ်ပေးထားပြီး ဖြစ်ယုံမက ၎င်းတို့ အသက်ရှင်နေသမျှ ကာလပတ်လုံး စိတ်လက်ချမ်းသာစွာ နေသွားနိူင်ကြ တော့မည် မဟုတ်ပေ။
၂၀၂၂ ခုနှစ်တွင် မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဟု နက္ခတ္တဗေဒကျွမ်းကျင်သူက ဟောကိန်းထုတ်ထားကြောင်း နဲ့ မန္တလေးမဟာသင်္ကြန်စာက မင်းရာဇာနှင့် မိဖုရားအပေါင်း အန္တရာယ်ကျမည်ဟု ဖော်ပြထားတယ်လို့ ခောတ်သစ်သတင်းအရ သိရပါတယ်။
ပြည်သူများ၏ အောင်ပွဲများသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်မှစတင်မည်ဖြစ်ပြီး လျှင်မြန်သည့် အရှိန်အဟုန်များဖြင့် ထင်သာမြင်သာ အောင်ပွဲများရရှိလိမ့်မည်ဖြစ်ကြောင်း၊
၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး မင်းအောင်လှိုင်နှင့်စစ်ဘက်ခေါင်းဆောင်များ ပျက်စီးကိန်းကြုံလိမ့်မည်ဟုလည်း နက္ခတ္တဗေဒကျွမ်းကျင်သူတစ်ဦးက ဟောကိန်းထုတ်လိုက်သည်။
မင်းအောင်လှိုင် အတွက် ကား ပြေးစရာ မြေမရှိတော့သော်လည်း စစ်တပ် အတွက် တခုတည်းသော ထွက်ပေါက်ကား လက်ရှိ ငို့ဘသမား စစ်ခေါင်းဆောင်များကို ဖယ်ရှားပြီး တိုင်းပြည်ကို
ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည် တည့်မတ်ပေးခြင်းပင် ဖြစ်ပေတော့သည်။ ထိုသို့ မဟုတ်ပါက အားလုံး အဖို့ ပြည်သူများ၏ သိမ်းကျုံး ဒဏ်ခတ်ခြင်းကို ခံကြရပေတော့မည်။
မိမိကြောင့် တစုံတယောက် ဒုက္ခရောက်သွားယုံနှင့်ပင် ဗုဒ္ဓဘာသာ ယုံကြည်မှု အရ အင်မတန် အပြစ်ကြီးလှသည် မဟုတ်ပါလား၊ ယခု က လူများ သန်း နှင့် ချီ၍ စီးပွားပျက်၊ အိုးပျက် အိမ်ပျက်၊ သားတကွဲ မယားတကွဲ တင်မက အသက်ပါ ဆုံးရှူံးသွားရသည့် အဖြစ်ကို ဗေဒင် ယတြာများဖြင့် ပြေပျောက် နိုင်ပါဦးမည်လော။
တော်လှန်ရေးကြီး မုချ အောင်ရမည်!!!