ျမင္းၿခံတြင္ တလင္းျပင္ ႏွမ္းသိမ္းေနသည့္ မိသားစုဝင္ ငါးးဦး မိုးႀကိဳးပစ္ခံရၿပီး သုံးဦးေသဆုံး
ျမင္းၿခံၿမိဳ႕နယ္ ေျမာက္ကြၽန္းေက်း႐ြာတြင္ ႐ြာအျပင္ဘက္ တလင္းျပင္၌ ေနလွန္းထားသည့္ ႏွမ္းမ်ား ႐ုတ္သိမ္းေနသည့္ မိသားစုဝင္ငါးဦး မိုးႀကိဳးပစ္ခံရသျဖင့္
သုံးဦးေသဆုံးၿပီး တစ္ဦး ထိခိုက္ဒဏ္ရာရမႈ ဇြန္(၆)ရက္ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
႐ြာအျပင္ဘက္ရွိ ႏွမ္းတလင္းတြင္ မိသားစုဝင္ ငါးဦး ႏွမ္းသိမ္းေနစဥ္ မိုးမ႐ြာ၊ ေလမတိုက္ဘဲ လွ်ပ္စစ္ေၾကာင္းက်ကာ မိုးႀကိဳးပစ္ခံရျခင္း ျဖစ္ေၾကာင္း အဆိုပါ ေက်း႐ြာမွ ေဒသခံမ်ားက ေျပာသည္။
မိသားစုဝင္ ငါးဦးအနက္ တစ္ဦး မိုးႀကိဳးစက္ကြင္းလြတ္ၿပီး ေလးဦး မိုးႀကိဳးထိမွန္ခံရေၾကာင္း၊ ေသဆုံးသူ သုံးဦးမွာ သားအမိႏွစ္ဦးႏွင့္ တူေတာ္စပ္သူတို႔ျဖစ္ၿပီး ထိခိုက္ဒဏ္ရာရသူမွာလည္း သားအငယ္ဆုံးျဖစ္ကာ လက္ရွိတြင္ ျမင္းၿခံေဆး႐ုံသို႔
တင္ပို႔ထားရသည္ဟု ကိုယ္တိုင္ျမင္ေတြ႕ခဲ့သလို ေသဆုံး၊ ထိခိုက္ဒဏ္ရာရသူမ်ားကို ေဆး႐ုံသို႔ ကူညီ ပို႔ေဆာင္ေပခဲ့သည့္ ေျမာက္ကြၽန္းေက်း႐ြာမွ ေဒသခံအမ်ိဳးသားတစ္ဦးက Mandalay In-depth News အား ေျပာသည္။
“႐ြာအျပင္႐ိုးထဲက ႏွမ္းတလင္းမွာ သူတို႔ မိသားစုဝင္ေတြ အတူတူ အလုပ္ လုပ္ေနၾကတာေပါ့။ ဒီမွာ ေနက ေတာ္ေတာ္ေလးကို ပူတယ္ဗ်။ မိုး႐ြာလို႔ မိုးႀကိဳးပစ္တာ မဟုတ္ဘူး။ ပူလို႔ မိုးႀကိဳးပစ္တာ။
မိုးေပါက္လည္း မက်ဘူး။ မိုးၿခိမ္းသံလည္း မရွိဘူး။ အဲ့လိုမ်ိဳး ပူတဲ့ခါၾကေတာ့ လွ်ပ္စီးေၾကာင္း လက္လာၿပီးေတာ့ အဲ့ဒီ လွ်ပ္စီးေၾကာင္းႀကီးက ႐ိုးထဲကို က်သြားတာ”ဟု အထက္ပါအမ်ိဳးသားက ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျမင္းၿခံနယ္ေျမရဲစခန္း၌ ေသမႈေသခင္း ဖြင့္ကာ စစ္ေဆးလွ်က္ ရွိေၾကာင္း သတင္းရရွိသည္။ ၿပီးခဲ့သည့္ ေမလလယ္ပိုင္းကလည္း မႏၲေလးတိုင္း စဥ့္ကူးၿမိဳ႕နယ္တြင္ မိုးႀကိဳးပစ္မႈမ်ားေၾကာင့္ တစ္ေန႔တည္း လူသုံးဦး ေသဆုံးခဲ့သည္။
Unicode
မြင်းခြံတွင် တလင်းပြင် နှမ်းသိမ်းနေသည့် မိသားစုဝင် ငါးးဦး မိုးကြိုးပစ်ခံရပြီး သုံးဦးသေဆုံး
မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာတွင် ရွာအပြင်ဘက် တလင်းပြင်၌ နေလှန်းထားသည့် နှမ်းများ ရုတ်သိမ်းနေသည့် မိသားစုဝင်ငါးဦး မိုးကြိုးပစ်ခံရသဖြင့် သုံးဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရမှု
ဇွန်(၆)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ရွာအပြင်ဘက်ရှိ နှမ်းတလင်းတွင် မိသားစုဝင် ငါးဦး နှမ်းသိမ်းနေစဉ် မိုးမရွာ၊ လေမတိုက်ဘဲ လျှပ်စစ်ကြောင်းကျကာ မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံများက ပြောသည်။
မိသားစုဝင် ငါးဦးအနက် တစ်ဦး မိုးကြိုးစက်ကွင်းလွတ်ပြီး လေးဦး မိုးကြိုးထိမှန်ခံရကြောင်း၊ သေဆုံးသူ သုံးဦးမှာ သားအမိနှစ်ဦးနှင့် တူတော်စပ်သူတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမှာလည်း သားအငယ်ဆုံးဖြစ်ကာ
လက်ရှိတွင် မြင်းခြံဆေးရုံသို့ တင်ပို့ထားရသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သလို သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ ကူညီ ပို့ဆောင်ပေခဲ့သည့် မြောက်ကျွန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက Mandalay In-depth News အား ပြောသည်။
“ရွာအပြင်ရိုးထဲက နှမ်းတလင်းမှာ သူတို့ မိသားစုဝင်တွေ အတူတူ အလုပ် လုပ်နေကြတာပေါ့။ ဒီမှာ နေက တော်တော်လေးကို ပူတယ်ဗျ။ မိုးရွာလို့ မိုးကြိုးပစ်တာ မဟုတ်ဘူး။ ပူလို့ မိုးကြိုးပစ်တာ။
မိုးပေါက်လည်း မကျဘူး။ မိုးခြိမ်းသံလည်း မရှိဘူး။ အဲ့လိုမျိုး ပူတဲ့ခါကြတော့ လျှပ်စီးကြောင်း လက်လာပြီးတော့ အဲ့ဒီ လျှပ်စီးကြောင်းကြီးက ရိုးထဲကို ကျသွားတာ”ဟု အထက်ပါအမျိုးသားက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြင်းခြံနယ်မြေရဲစခန်း၌ သေမှုသေခင်း ဖွင့်ကာ စစ်ဆေးလျှက် ရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလလယ်ပိုင်းကလည်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် မိုးကြိုးပစ်မှုများကြောင့် တစ်နေ့တည်း လူသုံးဦး သေဆုံးခဲ့သည်။