အနုပညာ

တစ်ကမ္ဘာလုံးမှာမှ တစ်ခုတည်းရှိမဲ့ သူမကိုယ်တိုင် ထိုးထားတဲ့ Macrame လေးကို လွတ်လပ်ရေးနေ့မှာ ချပြလာတဲ့ ချစ်သုဝေ…

လူလေးလှသလို စိတ်ထားလေးလည်း သိမ်မွေ့နူးညံ့တဲ့ အဆိုတော်၊ သရုပ်ဆောင် ချစ်သုဝေကတော့ တစ်နိုင်ငံလုံး သူမရဲ့ ပရိသတ်မရှိလောက်အောင်ကို အောင်မြင်ပြီး လူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်ပါတယ်

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာပစ္စည်းလေးတွေနဲ့ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ချစ်သုဝေက ဒီကနေ့မှာလည်း

တစ်ကမ္ဘာလုံးမှာမှ တစ်ခုတည်းရှိတဲ့ Macrame လေးကို လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့မှာ ချပြလာခဲ့ပါတယ်

“လွတ်လပ်ရေးနေ့ ပြည်ထောင်စုနေ့ ဒီတခါ “Our Land” ဖန်တီးမှုလေးဟာ Treza အတွက်တော့ reference တစ်ခုမှ ယူစရာမရှိပါပဲ

ဖြစ်ချင်စိတ်ကို ရအောင်ဖန်တီးထားတဲ့ “macrame” “တို့ပြည်..တို့မြေ..များလူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ”

တကယ်ပဲ ပြည်ထောင်စုကို အသက်ပေးလို့ကာကွယ်ပေးနေရပြီ။ ဒီတော့ “Our Land” macrame လေးကလည်း တန်ဖိုးရှိတဲ့အသက်တွေအတွက် မြေပြင်ကို တိုက်ရိုက်စီးဆင်းသွားမှာပါ။ ” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်

ချစ်သုဝေကတော့ သူမကိုယ်တိုင်ထိုးထားတဲ့ macrame လေးကိုရောင်းချပြီး ရံပုံငွေရှာဖွေခဲ့ရာ ပထမအကြိမ် သိန်း (၆၀) ကျော်

ဒုတိယအကြိမ် သိန်း (၁၇၀) ကျော်ရရှိခဲ့တာဖြစ်ပြီး အခုတတိယအကြိမ်မှာ ရံပုံငွေတွေ ဘယ်လောက်ရမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်နော်။

Crd#

Zawgyi

တစ်ကမ္ဘာလုံးမှာမှ တစ်ခုတည်းရှိမဲ့ သူမကိုယ်တိုင် ထိုးထားတဲ့ Macrame လေးကို လွတ်လပ်ရေးနေ့မှာ ချပြလာတဲ့ ချစ်သုဝေ…









Crd#