သူတို့တှကတေော့ လူတှေ အကှောငြး သိလာတောငမြှ ဆကရြိုးသားနတတေကြှတဲ့သူတှလညြေး ဖှဈပါတယြ။ တဈခါတဈလေ သူတို့ကို သူတို့ ရိုးသားမှနြးတောငြ မသိကှတာကတော့ သူတို့ရဲ့ ခစွစြရာ အခကွပြဲ ဖှဈပါတယြ။
(၅) ဒေါသကွီးတယျ
သူတို့လေးတှကေ တောရြုံ စိတမြဆိုးတတပြါဘူး။ စိတဆြိုးပှီဆိုရငလြညြး ဒေါသထှကလြာပှီး မထိနြးနိုငအြောငြ ဖှဈတတကြှပါတယြ။ သူတို့ ဒေါသကိုတော့ မဆှတာ အကောငြးဆုံးပါပဲ။
ဘယလြောကပြဲ သဘောကောငြးပါစေ ဒေါသကှီးတာကတော့ လကဖြွားခါလောကအြောငပြါပဲ။ ဒေါသကှီးပမယေ့လြညြး ပတဝြနြးကငွြ ဂရုမစိုကတြတတြာကလှဲရငြ အမှား သိပမြရှိအောငြ လုပတြတကြှပါသေးတယြ။
Kham
Zawgyi
ဗုဒ္ဓဟူး သားသမီးတွေမှာ ရှိနေတတ်တဲ့ ချစ်စရာကောင်းတဲ့ အချက်များ
လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုသလို ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သူတွေကလည်း သူများထက်ကို ထူးခြားနေတတ်ပါတယ်။ သူများနဲ့ မတူတဲ့ အချက်တွေ ရှိနေသလို သူတို့က သိပ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့သူတွေလည်း ဖြစ်ပါတယ်။
သူတို့မှာ ရှိနေတဲ့ ပင်ကို အကျင့်လေးတွေကတော့ ချစ်စရာလည်း ကောင်းနေသလို တစ်မျိုးလေးလည်း ထူးခြားနေတတ်ပါတယ်။ သူတို့မှာ ရှိနေတဲ့ အရာတွေကတော့…
(၁) စိတ်ကောက်တတ်တယ်
သူတို့က ခဏခဏ စိတ်ကောက်တတ်ပါတယ်။ အကြောင်း မရှိဘဲ ကောက်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ စိတ်ကောက်တိုင်းမှာ အကြောင်း ရှိပါတယ်။
သူတို့ စိတ်ကောက်ပြီဆိုရင် ချစ်ဖို့ ကောင်းနေတတ်ပြီး စကားမပြောတော့တာနဲ့ အဖက်မလုပ်တော့တာတွေအပြင် သူတို့ စိတ်ကောက်နေကြောင်းပါ အသိပေးတတ်ကြပါသေးတယ်။
အချော့ ကြိုက်ကြပေမယ့် မချော့လည်း မသိချင်ယောင်ဆောင်ပြီး စိတ်ကောက်ပြေသွားတတ်ကြတာကလည်း သူတို့ရဲ့ ချစ်စရာ အကျင့် တစ်ခုပါပဲ။
(၂) မဟုတ်မခံစိတ် ရှိတယ်
သူတို့ကတော့ အမြဲ ခပ်ဇတ်ဇတ်ကြဲလေးတွေ ဖြစ်ပါတယ်။ ဘယ်သူကိုမှလည်း မကြိုက်သလို ကိုယ် မမှားဘဲ မှားတယ်လို့ ပြောတာကိုလည်း လက်မခံနိုင်ကြသူတွေ ဖြစ်ပါတယ်။
မဟုတ်မခံစိတ် အပြည့် ရှိပြီး ဘယ်တော့မှ ငြိမ်ခံ မနေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့အနားမှာ မတရားတာ လုပ်နေရင်လည်း လက်ပိုက်ကြည့်မနေနိုင်သူတွေ ဖြစ်ပါတယ်။
(၃) ဂရုမစိုက်တတ်ဘူး
သူတို့တွေရဲ့ ချစ်ဖို့ကောင်းတာ တစ်ချက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်တတ်တဲ့ အကျင့်ပါပဲ။ မလေးစားတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်လုပ်ချင်ရာ လုပ်တဲ့အခါမှာတော့ ဘယ်သူ့ကို ဂရုစိုက်စရာ လိုလို့လဲဆိုပြီး တွေးတတ်ကြတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့်လည်း သူ့ကို လူတစ်မျိုး လူဂွစာလို့ ပြောတာ ခံရတတ်ပါသေးတယ်။
(၄) စိတ်သဘော ရိုးရှင်းတယ်
သူတို့တွေက အင်မတန်ကို စိတ်သဘောလည်း ရိုးရှင်းပါတယ်။ ဘဝကို ရိုးရိုးသားသား ဖြတ်သန်းတတ်ကြသလို တစ်ဖက်သားကို စိတ်ဒုက္ခပေးတာမျိုးကို မနှစ်မြို့တတ်ကြပါဘူး။
သူတို့တွေကတော့ လူတွေ အကြောင်း သိလာတောင်မှ ဆက်ရိုးသားနေတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ သူတို့ကို သူတို့ ရိုးသားမှန်းတောင် မသိကြတာကတော့ သူတို့ရဲ့ ချစ်စရာ အချက်ပဲ ဖြစ်ပါတယ်။
(၅) ဒေါသကြီးတယ်
သူတို့လေးတွေက တော်ရုံ စိတ်မဆိုးတတ်ပါဘူး။ စိတ်ဆိုးပြီဆိုရင်လည်း ဒေါသထွက်လာပြီး မထိန်းနိုင်အောင် ဖြစ်တတ်ကြပါတယ်။ သူတို့ ဒေါသကိုတော့ မဆွတာ အကောင်းဆုံးပါပဲ။
ဘယ်လောက်ပဲ သဘောကောင်းပါစေ ဒေါသကြီးတာကတော့ လက်ဖျားခါလောက်အောင်ပါပဲ။ ဒေါသကြီးပေမယ့်လည်း ပတ်ဝန်းကျင် ဂရုမစိုက်တတ်တာကလွဲရင် အမှား သိပ်မရှိအောင် လုပ်တတ်ကြပါသေးတယ်။
Kham



