(Unicodeဖြင့် ဖတ်ရန်)
ပရိသတ်ကြီးရေ အုပ်စိုးခန့်ကတော့ ဒီနေ့မှာ သူ့အား သစ္စာဖောက်ကာ နောက်ကျော ဓားနဲ့ထိုးခဲ့တဲ့ သူငယ်ချင်း အကြောင်းကို ပြောပြလာတာပါ။
သူ့အနေနဲ့ Yyနဲ့ Stwတို့ လူမှုရေးဖောက်ပြန်မှု ပြဿနာတွေမှာ သူ့ကိုလည်း ပရိသတ်တချို့က ပြောဆိုမှုတွေရှိ ခဲ့ကြတာပါ။ ဒီနေ့မှာတော့ “ရန်ပိုင်စိုး(Liam) မင်းငါ့နောက်ကျောကို ဒါးနဲ့ထိုးရတာ မပီးတော့ဘူးလားကွာ ..
မင်း မမောသေးဘူးလား မင်းလုပ်နေတာတွေ ငါအကုန်သိတယ်… ငါစိတ်ထဲမှာ ထင်နေလို့ ငါ့ storyကို custom လုပ်တင်လိုက်တာ
နောက်နေ့ မင်းရဲ့ ဆယ်လီ စပိုင် စမော “ ဆိုတဲ့ page မှာ ငါထင်တဲ့အတိုင်း ချက်ချင်းတက်လာတယ်သားကြီးရာ.. ငါတို့ခင်မင်မှုကို မျက်နှာထောက်ပြီး မတင်ဖို့လုပ်ထားပေမယ့်..
ပိုပြီး ဆိုးလာလို့ တင်မှရတော့မယ် သားကြီးရေ၊ နိူင်ငံရေးအခြေအနေကြောင့် အားလုံး စိတ်ညစ်နေကြချိန်မှာ ငါ့ကို နင်းပြီးမှ မင်းပေ့ချ်ကို followers ရှာတာတွေ ရပ်သင့်ပါပြီ။
သူငယ်ချင်းရာ ဒီထက်ရှင်းတာ မရှိတော့ပါဘူး၊ မင်းဟုတ် မဟုတ် ငါစမ်းကြည့်တာ မင်းငြင်းချင်သေးလား? “ဆိုတဲ့ စာလေးနဲ့ သက်သေတွေကို အချက်ကျကျ တင်ပြလာခဲ့တာပါ။
Fri Exceptလုပ်ကာ တင်ခဲ့တဲ့ my dayတွေကို “ကျန်တဲ့ 2 viewersက ရော လို့ဆိုရင် သူတို့နှစ်ယောက်က ပြည်သူချစ်တဲ့ အနုပညာရှင် နှစ်ယောက် …ယားလို့ တောင်ကုတ်မအားဘူး..
သူတို့ အကြောင်းကိုလည်း ငါသိတယ် သူတို့က အဲလိုအောက်တန်းကျတဲ့ အလုပ်တွေလည်း မလုပ်ပါဘူးဗျာ”ဆိုတဲ့စာလေးနဲ့ ဖော်ပြခဲ့တာပါ။
တကယ့်ကို မထင်ထားတဲ့သူကနောက်ကျော ထိုးတာကို ခံလိုက်ရတဲ့ အုပ်စိုးခန့်အတွက် အားပေးစကားပြော ခဲ့ကြပါဦးနော်။