အမှန်အားဖြင့်အပြင်လူများရဲ့ ကန့်ကွက်မှုကြောင့် အသက်အရွယ်ကွာခြားတဲ့ စုံတွဲတွေ များစွာရှိခဲ့ပြီး ယနေ့ထိ ပျော်ရွှင်နေဆဲဖြစ်ပါတယ် ။ အသက် ၅၂ နှစ်အရွယ်သတို့သားနဲ့ ကမ္ဘောဒီးယားမှ ၁၉ နှစ်အရွယ်သတို့သမီးတို့လည်း အတူတူပင်ဖြစ်ပါတယ် ။ သတို့သမီးက သူမအိမ်ထောင်ဖက်ဖြစ်ရန်နဲ့ သူမခင်ပွန်းရဲ့ ရင့်ကျက်မှုနဲ့ ယုံကြည်မှုတို့ကြောင့် အခြားမည်သည့်ကိုယ်ကျိုးကိုမှ ထိခိုက်စေရန် မရည်ရွယ်တာကြောင့် သူတို့ရဲ့အကြောင်းကို ဝေမျှရန် တွန့်ဆုတ်ခြင်း မရှိပါ ။
Khmernews ရဲ့အဆိုအရ ကမ္ဘောဒီးယားအနောက်မြောက်ပိုင်း Oddar Meanchey ပြည်နယ်မှာ ကျင်းပတဲ့ မင်္ဂလာဆောင်ပွဲဟာ အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့သတို့သားဖြစ်ပြီး သတို့သမီးက ၁၉ နှစ်သာရှိသေးတာပါ ။ ၎င်းတို့နှစ်ဦးက တရားဝင်မင်္ဂလာဆောင်ပွဲတစ်ခုကျင်းပခဲ့ပြီး Facebook ပေါ် တင်လိုက်တဲ့ အခါမှာ မင်္ဂလာဆောင်ဓာတ်ပုံများက လူများစွာရဲ့ အာရုံကိုစွဲဆောင်စေခဲ့ပါတယ် ။ လူအများစုက သူတို့ရဲ့ အသက်အရွယ်ကွာခြားမှုကို သာမကသတို့သမီးနဲ့ သတို့သားရဲ့ အသွင်အပြင်ကွာခြားမှုကိုပါ လူအများစုက အငြင်းပွားနေခဲ့ပါတယ် ။ သတို့သမီးရဲ့အလှအပက အလှမယ်လိုပင် အလွန်နုပျိုလှပပြီး အရပ်ရှည်ပါတယ် ။သူတို့နှစ်ဦး စေ့စပ်လိုက်သည့်အချိန်မှာ မစ္စတာ Bun နဲ့ Sharu တို့ တွေ့ဆုံတာ တစ်လသာရှိသေးပါတယ် ။ ထို့ကြောင့် ဒီစုံတွဲနှစ်ဦးက အချစ်ကြောင့်မဟုတ်ဘူးဆိုတာ သံသယများစွာရှိစေခဲ့ပါတယ် ။
JRose (KB Chimmy One)
Reference : yan
Zawgyi
JRose (KB Chimmy One)