မႏၲေလးတြင္ ယေန႔ညဦးပိုင္းက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအိမ္ဗုံးေပါက္ကြဲမႈျဖစ္ခဲ့မွစၿပီး စစ္ေကာင္စီလက္နက္ကိုင္မ်ားက
ေသနတ္ျဖင့္ရမ္းသန္းပစ္ခတ္မႈမ်ားျပဳလုပ္ခဲ့သျဖင့္ အမ်ား ျပည္သူစိုးရိမ္ထိတ္လန႔္မႈတို႔ျဖစ္ခဲ့သည္။
“ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအိမ္ဗုံးကြဲတာကေနစတာပါ၊ အဲဒီမွာဟိုေကာင္ေတြ (စစ္ေကာင္စီတပ္မ်ား) ေရာက္လာၿပီး ရပ္ကြက္ထဲရမ္းသန္းပစ္ၾကေတာ့တာပဲ၊
နာက္ေတာ့ ၆၂ လမ္းေပၚတက္သြားၿပီး အဲဒီမွာ ဆက္ပစ္တယ္၊ လမ္းသြားလမ္းလာေတြကိုတားၿပီးစစ္တယ္၊
တခ်ိဳ႕႐ိုက္ႏွက္ခံရတာေတြရွိတယ္” ဟု သတင္းရင္းျမစ္တစ္ဦးကေျပာသည္။
မဟာေအာင္ေျမၿမိဳ႕နယ္ ၆၂ လမ္း၊ ၃၈ လမ္းႏွင့္ ၃၉ လမ္းၾကား၊ နဒီျမန္မာေဆး႐ုံေတာင္ဘက္ မဟာၿမိဳင္ရပ္ကြက္ ေဒသခံတို႔ကဘုန္းႀကီး႐ြာဟုေခၚၾကသည့္ရပ္ကြက္မွရပ္ကြက္အုပ္ ခ်ဳပ္ေရးမႉးဦးဖိုးေက်ာ္ဆိုသူ၏ေနအိမ္ကို ယေန႔ညဦးပိုင္းက ဗုံးျဖင့္ပစ္ေပါက္ခံရၿပီးေနာက္မၾကာမီတြင္
စစ္ေကာင္စီလက္နက္ကိုင္တပ္ဖြဲ႕ေရာက္လာၿပီး ပစ္ခတ္မႈတို႔ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အဆိုပါေပါက္ကြဲပစ္ခတ္မႈကို မႏၲေလးၿမိဳ႕ေနရာေတာ္ေတာ္မ်ားမ်ားကၾကားလိုက္ရၿပီး၊ ထို႔ေနာက္ပိုင္းတြင္လည္း မဟာေအာင္ေျမၿမိဳ႕နယ္ႏွင့္ခ်မ္းေအးသာစံၿမိဳ႕နယ္တို႔တြင္ ေပါက္ကြဲမႈ တခ်ိဳ႕ရွိခဲ့ေၾကာင္း ေဒသခံသတင္းရင္းျမစ္မ်ားကေျပာသည္။
လက္ရွိတြင္ ေ႐ႊဘုန္းရွိန္ရပ္ကြက္ကို စစ္ေကာင္စီလက္နက္ကိုင္မ်ားက အဝင္အထြက္ပိတ္ဆို႔ထားလိုက္ၿပီး
၆၂ လမ္းတေလွ်ာက္ကိုလည္း တားဆီးစစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။
credit
unicode
မန္တလေးတွင် ယနေ့ညဦးပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့မှစပြီး စစ်ကောင်စီလက်နက်ကိုင်များက
သေနတ်ဖြင့်ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် အများ ပြည်သူစိုးရိမ်ထိတ်လန့်မှုတို့ဖြစ်ခဲ့သည်။
“ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဗုံးကွဲတာကနေစတာပါ၊ အဲဒီမှာဟိုကောင်တွေ (စစ်ကောင်စီတပ်များ) ရောက်လာပြီး ရပ်ကွက်ထဲရမ်းသန်းပစ်ကြတော့တာပဲ၊
နာက်တော့ ၆၂ လမ်းပေါ်တက်သွားပြီး အဲဒီမှာ ဆက်ပစ်တယ်၊ လမ်းသွားလမ်းလာတွေကိုတားပြီးစစ်တယ်၊
တချို့ရိုက်နှက်ခံရတာတွေရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြား၊ နဒီမြန်မာဆေးရုံတောင်ဘက် မဟာမြိုင်ရပ်ကွက် ဒေသခံတို့ကဘုန်းကြီးရွာဟုခေါ်ကြသည့်ရပ်ကွက်မှရပ်ကွက်အုပ် ချုပ်ရေးမှူးဦးဖိုးကျော်ဆိုသူ၏နေအိမ်ကို ယနေ့ညဦးပိုင်းက ဗုံးဖြင့်ပစ်ပေါက်ခံရပြီးနောက်မကြာမီတွင်
စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ရောက်လာပြီး ပစ်ခတ်မှုတို့ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါပေါက်ကွဲပစ်ခတ်မှုကို မန္တလေးမြို့နေရာတော်တော်များများကကြားလိုက်ရပြီး၊ ထို့နောက်ပိုင်းတွင်လည်း မဟာအောင်မြေမြို့နယ်နှင့်ချမ်းအေးသာစံမြို့နယ်တို့တွင် ပေါက်ကွဲမှု တချို့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။
လက်ရှိတွင် ရွှေဘုန်းရှိန်ရပ်ကွက်ကို စစ်ကောင်စီလက်နက်ကိုင်များက အဝင်အထွက်ပိတ်ဆို့ထားလိုက်ပြီး
၆၂ လမ်းတလျှောက်ကိုလည်း တားဆီးစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။