ၾကားသိရသမွ်

ကြက်သူခိုး လိုက်ဖမ်းသူနဲ့ ကလေးအိပ်တုန်း ခိုးစားကြရအောင်ဆိုတဲ့ လင်မယား တွေ့ကြသောအခါ

သူခိုးဖမ်းမယ်

“ကျနော်တို့ မခိုးရပါဘူးအုပ်ချုပ်ရေးမှူးရယ်..”

“ဘုရားပေးပေး ကျမ်းပေးပေးပါ ကျမတို့ ဒါမျိုးအကျင့်လည်းမရှိရပါဘူးရှင်..”

“ကဲ..ဟုတ်ပီ ကိုတင်လှ ခင်များကြက်ကို သူတို့လင်မယားခိုးပါတယ်လို့စွပ်စွဲရအောင် ခင်များ က ဘာအထောက်အထားနဲ့စွပ်စွဲရတာလဲ..”

“ရှိပါတယ်ဆြာ.. အင်မတန်ကိုခိုင်လုံပါတယ် ဒီသတင်းက အတွင်းလူယုံကနေတဆင့်ပေါက်ကြားတာပါ ထောင်ချောက်ဆင်ဖမ်းတာလည်းမဟုတ်ရပါဘူး..”

အရေးထဲဒင်းကတမှောင့်ချဲ့ကားနေသေးတယ်

“ကဲပါ လိုရင်းပဲပြောဗျာ ခင်ဗျားဘယ်လိုသိတာလဲ..”

“အဟမ်း..ဒီလိုပါ မနေ့ညက ကျနော့် တိုက်ကြက်ဖကြီး အိပ်တန်းမဝင်တာနဲ့ကျနော်တစ်ညလုံး တိတ်တဆိတ်လိုက်လံပြီးလျို့ဝှက်စုံစမ်းပါတယ်

ဒါပေမယ့် သတင်းအစအနတောင်မရခဲ့ပါဘူး..”

“ဒါနဲ့များကွာ..”

“အဲ ကျနော်စကား မဆုံးသေးပါဘူးဆြာ”

“ကဲ ပြောဗျာ လိုရင်းကိုပြော..”

“ဟုတ်ကဲ့ ပြောပါ့မယ် မနက်မိုးလင်းတော့ကျနော် အိမ်နီးနားဝန်းကျင်မှာ စုံစမ်းနေတုန်း သူတို့ရဲ့သား အငယ်ဆုံးလေး နဲ့လမ်းမှာတွေ့တော့ “ဘဘဘာတွေရှာနေတာလဲ..” လို့မေးပါတယ်

“ဒါနဲ့ကျနော်လည်း ညကကြက်ကိုသူခိုး ခိုးစားလို့ လိုက်ရှာနေတာလို့ပြောလိုက်တယ်..

အဲလိုပြောလိုက်တော့ ခလေးမျက်နှာပျက်သွား တာကိုချက်ခြင်း ရိပ်မိလိုက်တယ်ဆြာ…

ဒါနဲ့ ကျနော်က သားသိရင်ပြောပြပါလား ဆိုတော့ မပြောဘူးဗျ…

ဘယ်ရမလဲကျနော်ကလူပျိုကြီးဆိုပေမယ့် ခလေးတွေရဲ့အထာကိုသိပြီးသားလေ…

အိပ်ကပ်ထဲကတစ်ထောင်တန်ထုတ်ပြီး သားမူန့်ဖိုးယူ..သားကို ဘဘကချစ်လို့ပေးတာ သားသိရင်ပြောပြပါလားဆိုတော့မှ

သားသိတော့မသိဘူး ညက အဖေကအမေ့ကို ပြောသံတော့ကြားလိုက်ထာ တဲ့..”

“အင်း ဟုတ်ပြီ..ဒါသဲလွန်စရတာ ခလေးကဘယ်လိုကြားတာတဲ့လဲ..”

“အဲ..ဘယ်လိုပြောလဲဆိုတော့

အမေကြီးရေ ဒို့ဒီညခလေးအိပ်ရင် ခိုးစားကြရအောင်”..တဲ့

“ဟေ..”

Credit:Minma Kha

Zawgyi

သူခိုးဖမ္းမယ္

“က်ေနာ္တို႔ မခိုးရပါဘူးအုပ္ခ်ဳပ္ေရးမႉးရယ္..”

“ဘုရားေပးေပး က်မ္းေပးေပးပါ က်မတို႔ ဒါမ်ိဳးအက်င့္လည္းမရွိရပါဘူးရွင္..”

“ကဲ..ဟုတ္ပီ ကိုတင္လွ ခင္မ်ားၾကက္ကို သူတို႔လင္မယားခိုးပါတယ္လို႔စြပ္စြဲရေအာင္ ခင္မ်ား က ဘာအေထာက္အထားနဲ႔စြပ္စြဲရတာလဲ..”

“ရွိပါတယ္ၾဆာ.. အင္မတန္ကိုခိုင္လုံပါတယ္ ဒီသတင္းက အတြင္းလူယုံကေနတဆင့္ေပါက္ၾကားတာပါ ေထာင္ေခ်ာက္ဆင္ဖမ္းတာလည္းမဟုတ္ရပါဘူး..”

အေရးထဲဒင္းကတေမွာင့္ခ်ဲ႕ကားေနေသးတယ္

“ကဲပါ လိုရင္းပဲေျပာဗ်ာ ခင္ဗ်ားဘယ္လိုသိတာလဲ..”

“အဟမ္း..ဒီလိုပါ မေန႔ညက က်ေနာ့္ တိုက္ၾကက္ဖႀကီး အိပ္တန္းမဝင္တာနဲ႔က်ေနာ္တစ္ညလုံး တိတ္တဆိတ္လိုက္လံၿပီးလ်ိဳ႕ဝွက္စုံစမ္းပါတယ္

ဒါေပမယ့္ သတင္းအစအနေတာင္မရခဲ့ပါဘူး..”

“ဒါနဲ႔မ်ားကြာ..”

“အဲ က်ေနာ္စကား မဆုံးေသးပါဘူးၾဆာ”

“ကဲ ေျပာဗ်ာ လိုရင္းကိုေျပာ..”

“ဟုတ္ကဲ့ ေျပာပါ့မယ္ မနက္မိုးလင္းေတာ့က်ေနာ္ အိမ္နီးနားဝန္းက်င္မွာ စုံစမ္းေနတုန္း သူတို႔ရဲ႕သား အငယ္ဆုံးေလး နဲ႔လမ္းမွာေတြ႕ေတာ့ “ဘဘဘာေတြရွာေနတာလဲ..” လို႔ေမးပါတယ္

“ဒါနဲ႔က်ေနာ္လည္း ညကၾကက္ကိုသူခိုး ခိုးစားလို႔ လိုက္ရွာေနတာလို႔ေျပာလိုက္တယ္..

အဲလိုေျပာလိုက္ေတာ့ ခေလးမ်က္ႏွာပ်က္သြား တာကိုခ်က္ျခင္း ရိပ္မိလိုက္တယ္ၾဆာ…

ဒါနဲ႔ က်ေနာ္က သားသိရင္ေျပာျပပါလား ဆိုေတာ့ မေျပာဘူးဗ်…

ဘယ္ရမလဲက်ေနာ္ကလူပ်ိဳႀကီးဆိုေပမယ့္ ခေလးေတြရဲ႕အထာကိုသိၿပီးသားေလ…

အိပ္ကပ္ထဲကတစ္ေထာင္တန္ထုတ္ၿပီး သားမူန္႔ဖိုးယူ..သားကို ဘဘကခ်စ္လို႔ေပးတာ သားသိရင္ေျပာျပပါလားဆိုေတာ့မွ

သားသိေတာ့မသိဘူး ညက အေဖကအေမ့ကို ေျပာသံေတာ့ၾကားလိုက္ထာ တဲ့..”

“အင္း ဟုတ္ၿပီ..ဒါသဲလြန္စရတာ ခေလးကဘယ္လိုၾကားတာတဲ့လဲ..”

“အဲ..ဘယ္လိုေျပာလဲဆိုေတာ့

အေမႀကီးေရ ဒို႔ဒီညခေလးအိပ္ရင္ ခိုးစားၾကရေအာင္”..တဲ့

“ေဟ..”

Credit:Minma Kha