Zawgyi
Unicode
အိန်းးးးး နှစ်သစ်မှာ ကိုကျော့်ဆုတောင်းလေး အရမ်းမိုက်နေရော၊ အားလုံးအတွက်ပါတဲ့ သိပြီးကြပြီလား
သရုပ်ဆောင်မင်းမော်ကွန်းကတော့တစ်ခေတ်တစ်ခါကအောင်မြင်ပြီးသားဖြစ်တဲ့အပြင်သရုပ်ဆောင်ကောင်းပြီးစိတ်ထားကောင်းတာကြောင့်ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုယနေ့ထိရရှိနေဆဲပဲဖြစ်ပါတယ်၊မင်းမော်ကွန်သရုပ်ဆောင်နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊
ရဲလေးတို့နဲ့နှင်းဆီအငြိမ့်လူရွှင်တော်အဖွဲ့မှာလဲပါဝင်ထားပါသေးတယ်၊မင်းမော်ကွန်းကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်။မင်းမော်ကွန်းကတော်လှန်ရေးကြီးမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်မတရားအရေးယူထားခြင်းခံရတာကြောင့်
မိသားစုနဲ့ဝေးရာကိုတိမ်းရှောင်နေရပါတယ်၊တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲလူမှုကွန်ယက်စာမျက်နှာထက်ကနေပြည်သူတွေခွန်အားဖြစ်စေမယ့်စာသားတွေကိုရေးသားဖော်ပြလေ့ရှိပါတယ်၊အခုတစ်ခါဆိုရင်လဲမင်းမော်ကွန်းရဲ့အကြောင်းကိုပြည်သူတစ်ဦးကအခုလိုပြောကြားထားပါသေးတယ်။
ဒါကတော့သူနဲ့ကျွန်တော်အနုပညာနယ်ပယ်ထဲမှာစဆုံတော့သူကငယ်ရွယ်သလောက်အောင်မြင်ကျော်ကြားနေပါပြီ၊ကျွန်တော်သူနဲ့အတူဗီဒီယိုဇာတ်ကားအတော်များများဖန်တီးရိုက်ကူးခဲ့တယ်၊ပြီးတော့လည်းကျွန်တော်လိုချင်တဲ့Actionတစ်ခုကိုProကျကျ သရုပ်ဆောင်ပြသွားတယ်၊
ဇာတ်ကားရိုက်နေရင်းခဏလေးအားလပ်တဲ့အချိန်လေးမှာတောင်သီချင်းတွေကြိတ်ရေးနေတတ်တဲ့သူ၊မိသားစုကိုသိပ်ချစ်တတ်သူလဲဖြစ်ပါတယ်၊သူဟာနိုင်ငံရေးနားလည်တဲ့ ဖခင်တစ်ယောက်ရဲ့သားအဖြစ်မွေးလာခဲ့သူ၊သူကဓမ္မကိုချစ်မြတ်နိုးတယ်။ယနေ့မှာလည်း မင်သားကတော့ ပြည်သူတွေအတွက် နှစ်သစ်ဆုတောင်းကို မျှဝေခဲ့ပါတယ်။