ၾကားသိရသမွ်

မိဘေတြရဲ႕ ေပါ့ဆမႈေၾကာင့္ ပုဂံဘုရားဖူးလာရင္း ကေလးတစ္ဦးကားထဲတြင္ ပိတ္မိ…

မိဘေတြရဲ႕ ေပါ့ဆမႈေၾကာင့္ ပုဂံဘုရားဖူးလာရင္း ကေလးတစ္ဦးကားထဲတြင္ ပိတ္မိ…

သၾကၤန္ ႐ုံးပိတ္ရက္ ကာလမွာ ပုဂံကို ဘုရားဖူးလာတဲ့ အသက္ ၁၁ ႏွစ္အ႐ြယ္ မိန္းကေလးငယ္ တစ္ဦးဟာ

အလုံ ပိတ္ကား ေပၚမွာ ၃ နာရီဝန္းက်င္ ၾကာေအာင္ ပိတ္မိ ေနခဲ့ၿပီး

ေဆး႐ုံမွာ ဆုံးသြားတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ တယ္လို႔ ပုဂံလူမႈ ကူညီကယ္ဆယ္ေရးအဖြဲ႕က တာဝန္ရွိသူ တစ္ေယာက္က ေျပာပါတယ္။

အဲ့ဒီကေလးငယ္ဟာ မိသားစုနဲ႔အတူ ဧၿပီ ၁၃ ရက္က ပုဂံကို ေရာက္လာခဲ့ၿပီး တစ္ေနကုန္ လည္ပတ္ၿပီးတဲ့ ေနာက္

ညေန ၃ နာရီမွာ ဟိုတယ္ကို သြားေရာက္ အနားယူတဲ့အခ်ိန္ ကေလးငယ္ဟာ ကားေပၚမွာ အိပ္ၿပီး က်န္ခဲ့ေပမယ့္

ပါလာတဲ့ မိသားစုက သတိမထားမိဘူးလို႔သိရပါတယ္။

ဟိုတယ္မွာအနားယူၿပီး ညေန ၆ နာရီ ျပန္ထြက္ခ်ိန္မွ ကေလး ေပ်ာက္ေၾကာင္းသိၿပီး ကားေပၚမွာ ရွာေတြ႕ အခ်ိန္

ကေလးက ေျခလက္ ေကြးေနတာကို ေတြ႕ရတဲ့အတြက္ ေညာင္ဦးက အထူးကု ေဆးခန္းတစ္ခုကို ေခၚေဆာင္သြား တယ္လို႔ ဆိုပါတယ္။

ေညာင္ဦး အထူးကု ေဆးခန္းက တစ္ဆင့္ မႏၲေလး ကေလးေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးခဲ့ရၿပီး ဧၿပီ ၁၅ ရက္

သၾကၤန္ အၾကတ္ေန႔မနက္ ၃ နာရီမွာ ကေလး ဆုံးသြားတာကို သိရတယ္လို႔

လိုက္ပါ ကူညီေပးခဲ့တဲ့ ပုဂံလူမႈကူညီ ကယ္ဆယ္ေရးအဖြဲ႕က တာဝန္ရွိသူတစ္ေယာက္ကေျပာပါတယ္။

အခုျဖစ္စဥ္မွာ ကေလးငယ္နဲ႔ ပါလာတဲ့ မိသားစုရဲ႕ ေပါ့ဆမႈေၾကာင့္ မလိုလားအပ္ဘဲ အသက္ဆုံးရႈံးရတာျဖစ္ၿပီး

ကေလးမိဘေတြ အေနနဲ႔လည္း အခုလိုမျဖစ္ရေအာင္ ဂ႐ုစိုက္ၾကဖို႔ လိုတယ္လို႔ ပုဂံလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ က တာဝန္ရွိသူ တစ္ေယာက္ကေျပာပါတယ္

Photo – ပုဂံလူမႈကူညီကယ္ဆယ္ေရးအဖြဲ႕,

ခရက္ဒစ္ – One News

Zawgyi,

မိဘတွေရဲ့ ပေါ့ဆမှုကြောင့် ပုဂံဘုရားဖူးလာရင်း ကလေးတစ်ဦးကားထဲတွင် ပိတ်မိ…

သင်္ကြန် ရုံးပိတ်ရက် ကာလမှာ ပုဂံကို ဘုရားဖူးလာတဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးဟာ

အလုံ ပိတ်ကား ပေါ်မှာ ၃ နာရီဝန်းကျင် ကြာအောင် ပိတ်မိ နေခဲ့ပြီး

ဆေးရုံမှာ ဆုံးသွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ တယ်လို့ ပုဂံလူမှု ကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

အဲ့ဒီကလေးငယ်ဟာ မိသားစုနဲ့အတူ ဧပြီ ၁၃ ရက်က ပုဂံကို ရောက်လာခဲ့ပြီး တစ်နေကုန် လည်ပတ်ပြီးတဲ့ နောက်

ညနေ ၃ နာရီမှာ ဟိုတယ်ကို သွားရောက် အနားယူတဲ့အချိန် ကလေးငယ်ဟာ ကားပေါ်မှာ အိပ်ပြီး ကျန်ခဲ့ပေမယ့်

ပါလာတဲ့ မိသားစုက သတိမထားမိဘူးလို့သိရပါတယ်။

ဟိုတယ်မှာအနားယူပြီး ညနေ ၆ နာရီ ပြန်ထွက်ချိန်မှ ကလေး ပျောက်ကြောင်းသိပြီး ကားပေါ်မှာ ရှာတွေ့ အချိန်

ကလေးက ခြေလက် ကွေးနေတာကို တွေ့ရတဲ့အတွက် ညောင်ဦးက အထူးကု ဆေးခန်းတစ်ခုကို ခေါ်ဆောင်သွား တယ်လို့ ဆိုပါတယ်။

ညောင်ဦး အထူးကု ဆေးခန်းက တစ်ဆင့် မန္တလေး ကလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပြီး ဧပြီ ၁၅ ရက်

သင်္ကြန် အကြတ်နေ့မနက် ၃ နာရီမှာ ကလေး ဆုံးသွားတာကို သိရတယ်လို့

လိုက်ပါ ကူညီပေးခဲ့တဲ့ ပုဂံလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အခုဖြစ်စဉ်မှာ ကလေးငယ်နဲ့ ပါလာတဲ့ မိသားစုရဲ့ ပေါ့ဆမှုကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးရတာဖြစ်ပြီး

ကလေးမိဘတွေ အနေနဲ့လည်း အခုလိုမဖြစ်ရအောင် ဂရုစိုက်ကြဖို့ လိုတယ်လို့ ပုဂံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ က တာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်

Photo – ပုဂံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့,

ခရက်ဒစ် – One News