ၾကားသိရသမွ်

ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့် ပုံစံကြေညာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက…see more

ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့် ပုံစံကြေညာခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက…see more

စက်သုံးဆီလုံလုံလောက်လောက်ရှိပြီး ဒေါ်လာစျေး ၁၈၅၀ ဖြင့် စက်သုံးဆီအား ဖြန့်ဖြူးခိုင်းသည့်အပေါ်

ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့် ပုံစံကြေညာခြင်းဖြစ်ကာ သတိပေးခြင်းများ လုပ်ဆောင်ထားသည်ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ကျွန်တော်တို့နိုင်ငံတွင်းမှာ စက်သုံးဆီနဲ့ ပတ်သက်ပြီး ဆီအလုံအလောက်ရှိပါတယ်။

တင်သွင်းထားတဲ့ ဟာရော ထုတ်လုပ်နေတဲ့ဟာရော အလုံအလောက်ရှိပါတယ်။

ပြောရမယ်ဆိုရင် အရင်တုန်းက တင်သွင်းမှုမှာ ကျွန်တော်တို့က ချိန်ပြီးတော့ တင်သွင်းတယ်။

နိုင်ငံထဲမှာ ဘယ်လောက်ရှိရမယ်ဆိုတာ ချိန်ပြီးတင်သွင်းတယ်။ အခုချိန်မှာ ရှိရမယ့်စက်သုံးဆီပေါ့ စက်သုံးဆီက ပိုပြီးလည်းရှိတယ်။

အရန်လည်း အလုံအလောက်ရှိပါတယ်။ ဖြစ်ရတဲ့ အဓိက ပြသာနာကတော့ စက်သုံးဆီစျေးနှုန်းများ

တည်ငြိမ်စေရေးအတွက် ကုမ္ပဏီတွေကို ဒေါ်လာတွေ ရောင်းချပေးတယ်။ ကျွန်တော်တို့က စက်သုံးဆီကို

သင့်တင့်တဲ့စျေးနဲ့ ပြည်သူလူထုလက်ထဲ ဖြန့်နိုင်အောင်လုပ် တယ်။

ဒီအချိန်မှာ ကျွန်တော်တို့က စက်သုံးဆီကို ၁၈၅၀ စျေးနဲ့ဖြန့်နိုင်အောင်ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ တချို့ကုမ္ပဏီတွေကလည်း

စက်သုံးဆီမရှိတော့ဘူးဆိုတဲ့ဟာမျိုးနဲ့ ကြေညာကြတာပေါ့ဗျ။ အဲ့ဒါကြောင့် ဖြစ်နေတာ ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး အသိပေးရမယ့်သူ သတိပေးရမယ့်သူတွေကို သတိပေးပြီးဖြစ်တယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် စက်သုံးဆီလုပ်ငန်းရှင်များကို သင်္ကြန်ကာလအတွင်းက ဒေါ်လာရောင်းချမှုရပ်နားထားခဲ့ကြောင်း၊ ဧပြီ ၂၀ ရက်မှ

စတင်ကာ ဒေါ်လာရောင်းချမှု ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

“ စက်သုံးဆီနဲ့ ပတ်သက်ပြီး လုံလုံလောက်လောက်ရှိတယ်ဆိုတာကို ပြောချင်ပါတယ်။ စက်သုံးဆီ ဝယ်ယူနိုင်ရေးအတွက်

သင်္ကြန်ရက်မှာတော့ ကျွန်တော်တို့က ဒေါ်လာရောင်းချမှုရပ်နားခဲ့တာပေါ့လေ။

မနက်ဖန် (ဧပြီ ၂၀ ရက်) ကနေစပြီးတော့ ကျွန်တော်တို့ ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေကို ဒေါ်လာရောင်းချပေးတာ ဆက်လက်

ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Ref Eleven Media Group

zawgyi,

ကုမၸဏီအခ်ိဳ႕က စက္သုံးဆီမရွိသည့္ ပုံစံေၾကညာျခင္းျဖစ္သည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက…see more

စက္သုံးဆီလုံလုံေလာက္ေလာက္ရွိၿပီး ေဒၚလာေစ်း ၁၈၅၀ ျဖင့္ စက္သုံးဆီအား ျဖန႔္ျဖဴးခိုင္းသည့္အေပၚ

ကုမၸဏီအခ်ိဳ႕က စက္သုံးဆီမရွိသည့္ ပုံစံေၾကညာျခင္းျဖစ္ကာ သတိေပးျခင္းမ်ား လုပ္ေဆာင္ထားသည္ဟု နစက ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

“ ကြၽန္ေတာ္တို႔ႏိုင္ငံတြင္းမွာ စက္သုံးဆီနဲ႔ ပတ္သက္ၿပီး ဆီအလုံအေလာက္ရွိပါတယ္။

တင္သြင္းထားတဲ့ ဟာေရာ ထုတ္လုပ္ေနတဲ့ဟာေရာ အလုံအေလာက္ရွိပါတယ္။

ေျပာရမယ္ဆိုရင္ အရင္တုန္းက တင္သြင္းမႈမွာ ကြၽန္ေတာ္တို႔က ခ်ိန္ၿပီးေတာ့ တင္သြင္းတယ္။

ႏိုင္ငံထဲမွာ ဘယ္ေလာက္ရွိရမယ္ဆိုတာ ခ်ိန္ၿပီးတင္သြင္းတယ္။ အခုခ်ိန္မွာ ရွိရမယ့္စက္သုံးဆီေပါ့ စက္သုံးဆီက ပိုၿပီးလည္းရွိတယ္။

အရန္လည္း အလုံအေလာက္ရွိပါတယ္။ ျဖစ္ရတဲ့ အဓိက ျပသာနာကေတာ့ စက္သုံးဆီေစ်းႏႈန္းမ်ား

တည္ၿငိမ္ေစေရးအတြက္ ကုမၸဏီေတြကို ေဒၚလာေတြ ေရာင္းခ်ေပးတယ္။ ကြၽန္ေတာ္တို႔က စက္သုံးဆီကို

သင့္တင့္တဲ့ေစ်းနဲ႔ ျပည္သူလူထုလက္ထဲ ျဖန႔္ႏိုင္ေအာင္လုပ္ တယ္။

ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔က စက္သုံးဆီကို ၁၈၅၀ ေစ်းနဲ႔ျဖန႔္ႏိုင္ေအာင္ဆိုၿပီး ေျပာလိုက္တဲ့အခ်ိန္မွာ တခ်ိဳ႕ကုမၸဏီေတြကလည္း

စက္သုံးဆီမရွိေတာ့ဘူးဆိုတဲ့ဟာမ်ိဳးနဲ႔ ေၾကညာၾကတာေပါ့ဗ်။ အဲ့ဒါေၾကာင့္ ျဖစ္ေနတာ ျဖစ္ပါတယ္။

အဲ့ဒါနဲ႔ ပတ္သက္ၿပီး အသိေပးရမယ့္သူ သတိေပးရမယ့္သူေတြကို သတိေပးၿပီးျဖစ္တယ္” ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာၾကားသည္။

ထို႔ျပင္ စက္သုံးဆီလုပ္ငန္းရွင္မ်ားကို သၾကၤန္ကာလအတြင္းက ေဒၚလာေရာင္းခ်မႈရပ္နားထားခဲ့ေၾကာင္း၊ ဧၿပီ ၂၀ ရက္မွ

စတင္ကာ ေဒၚလာေရာင္းခ်မႈ ျပန္လည္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာ ၾကားသည္။

“ စက္သုံးဆီနဲ႔ ပတ္သက္ၿပီး လုံလုံေလာက္ေလာက္ရွိတယ္ဆိုတာကို ေျပာခ်င္ပါတယ္။ စက္သုံးဆီ ဝယ္ယူႏိုင္ေရးအတြက္

သၾကၤန္ရက္မွာေတာ့ ကြၽန္ေတာ္တို႔က ေဒၚလာေရာင္းခ်မႈရပ္နားခဲ့တာေပါ့ေလ။

မနက္ဖန္ (ဧၿပီ ၂၀ ရက္) ကေနစၿပီးေတာ့ ကြၽန္ေတာ္တို႔ ခြင့္ျပဳထားတဲ့ ကုမၸဏီေတြကို ေဒၚလာေရာင္းခ်ေပးတာ ဆက္လက္

ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

Ref Eleven Media Group