ပြည်တွင်းသတင်း

ဝေဠုကျော်ကို တရားရုံးမှ ကြေငြာလိုက်ပြီ..See more. ..

ဝေဠုကျော်ကို တရားရုံးမှ ကြေငြာလိုက်ပြီ

ကာမလိမ်လည်မှုဖြင့် တရားစွဲခံထားရသည့် သရုပ်ဆောင်ဝေဠုကျော် သက်သေတင်သည့် အလှမယ်သင်းသင်း၏ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများကို ယမန်နေ့ ရုံးချိန်းတွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပယ်ချလိုက်သည်။

ပြီးခဲ့သည့် မတ် ၂၉ ရက် ရုံးချိန်းတွင် တရားလို သင်းသင်း၏ လိင်ပိုင်းဆိုင်ရာပုံများကို ဝေဠုကျော်၏ ရှေ့နေမှ တင်ပြခဲ့ ခြင်းဖြစ်သည်။

သင်းသင်း၏ရှေ့နေ ဦးကျော်လတ်စိုးက “ညစ်ညမ်းပုံ ၂ ပုံကို သက်သေအဖြစ် လက်မခံဘူး။ ကျန်တဲ့ ၁ ပုံကို လက်ခံတယ်။

အဲဒီပုံက ရိုးရိုးသာမန်ပုံပါ။ ယောက်ျားတယောက်နဲ့ မသင်းသင်းနဲ့အတူ တွဲရိုက်ထားတဲ့ပုံ။ ဒါက အရင်တုန်းက ဝေဠုကျော် မတိုင်ခင် ဖြစ်ခဲ့တဲ့ကိစ္စပါ။ အဲဒါကိုတော့ တရားရုံးက သက်သေခံအဖြစ် လက်ခံထားတယ်။

ညစ်ညမ်းပုံ ၂ ပုံကို လက်မခံ ဘူး။ ပယ်လိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တရားလိုဘက်မှ ယင်းအမိန့်အပေါ် လက်ခံသောကြောင့် ပြင်ဆင်မှုတက်ရန် အစီအစဉ်မရှိဘဲ တဖက်စွပ်စွဲခံရသူဘက်မှ ပြင်ဆင်မှုတက်လိုပါက အခွင့်အရေးရှိကြောင်း သိရသည်။

“ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်” ဟု ရှေ့နေ ဦးကျော်လတ်စိုးက ပြောသည်။

ဆက်လက်၍ ၎င်းက “ကျနော့် သဘောထားကတော့ ဒါအစောကြီးကတည်းက မဖြစ်သင့်တဲ့အရာတခုပါ။ သက်သေခံ ဥပဒေပုဒ်မ ၁၅၁၊ ၁၅၂ အရဆိုရင်လည်း သက်သေကို ဂုဏ်သိက္ခာထိခိုက်မယ့်အရာမျိုး၊ အခြေအမြစ်မရှိတဲ့အရာမျိုး မေး မြန်းခွင့် မရှိဘူးလို့ ပြောထားတာလေ။

ဒီလိုမျိုး ညစ်ညမ်းပုံတွေ တင်သွင်းလာတဲ့အခါ ဒါကို သက်သေခံအဖြစ် လက်ခံလိုက် တယ်ဆိုရင် ဒါနဲ့ပတ်သက်တဲ့ မဖွယ်မရာတဲ့ မေးခွန်းတွေ မေးမြန်းရတော့မယ်။ ဒီလိုမျိုး မေးခွန်းမျိုးကိုလည်း တရားရုံးက ခွင့်ပြုနိုင်စရာအကြောင်း မရှိဘူး။ လက်မခံဘူးဆိုတဲ့အပိုင်းက အမှန်အကန်ဆုံးပါ။ ဖြစ်သင့်ဖြစ်ထိုက်ဆုံး ဥပဒေနဲ့ ညီပါတယ်” ဟုလည်း ရှင်းပြသည်။

အဆိုပါ ရုံးချိန်းတွင် တရားလိုသင်းသင်းက ရိုက်ကူးရေး ရှိနေသောကြောင့် ရုံးချိန်းသို့ မလာရောက်နိုင်ခဲ့ဘဲ ရှေ့နေမှ တဆင့် ခွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

သရုပ်ဆောင်ဝေဠုကျော်၏ ရှေ့နေ ဦးဝေဖြိုးမြတ်က ယခု ကြားဖြတ်အမိန့် ချမှတ်သည့်အပေါ် တရားရုံးက ဥပဒေအရ ဆုံးဖြတ်သည့်အတွက် ကျေနပ်ကြောင်း၊ ၎င်းရှေ့နေအဖွဲ့ အနေဖြင့် ပြင်ဆင်မှု တက်မတက်ကိုမူ မတိုင်ပင်ရသေးကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်တို့ဘက်ကတော့ ထွေထွေထူးထူး မရှိဘူး။ ဒါတရားရုံး အမိန့်ပဲလေ။ တရားရုံးက ဥပဒေအရ ဆုံးဖြတ်တဲ့ အတွက် ကျေနပ်ပါတယ်။ ပြင်ဆင်မှု တက်မယ်၊ မတက်ဘူးက လောလောဆယ် မတိုင်ပင်ရသေးဘူး။ တရားရုံးရဲ့ အမိန့် အတိုင်း ဆက်သွားပါမယ်” ဟု ဆိုသည်။

အလှမယ်သင်းသင်းသည် သရုပ်ဆောင် ဝေဠုကျော်အား ၂၀၁၉ ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့ရာ ဝေဠုကျော်ဘက်က အဆိုပါအမှုအား ငွေကျပ် သိန်း ၅၀ ဖြင့် အာမခံ ရယူကာ တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း သင်းသင်းနှင့် ဝေဠုကျော် အမှုအား ပြန်လည် စစ်ဆေးခဲ့ရာ အမှုနှင့် မသက်ဆိုင်သည့် လိင်ပိုင်း ဆိုင်ရာ ညစ်ညမ်းပုံကို တင်သွင်းခဲ့သည့် ဝေဠုကျော်အား အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသည့် အဖွဲ့ အစည်းများနှင့် ဥပဒေပညာရှင်အချို့က ဝေဖန်ရှုတ်ချခဲ့ကြသည်။

လေးစားလျှက်..crd. Credit.