ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ့တြင္ ယေန႔ ည ၈နာရီမွ စတင္၍ Stay at Home အမိန႔္ ခ်မွတ္လိုက္ၿပီ
စစ္ေတြၿမိဳ့နယ္ကိုStay at Homeအျဖစ္ေၾကညာ
စစ္ေတြၿမိဳ့နယ္မွာ COVID-19ျပည္တြင္းကူးစက္မွုလူနာေတြ ေတြ႕ရွိလာရတဲ့အတြက္ စစ္ေတြၿမိဳ့နယ္မွာ ေနထိုင္သူေတြအေနနဲ႔ ဩဂုတ္(၂၀)ရက္ ည(၈)နာရီကစၿပီး Stay at Homeအစီအစဥ္မွာ အက်ဳံးဝင္တယ္လို့ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေၾကညာလိုက္ပါတယ္။
အဲ့ဒါေၾကာင့္ စစ္ေတြၿမိဳ့နယ္မွာ ေနထိုင္သူေတြအေနနဲ႔ အစိုးရဌာန၊ အဖြဲ႕အစည္း၊ ကုမၸဏီစက္႐ုံ၊ အလုပ္႐ုံေတြမွာ တာဝန္ထမ္းေဆာင္ဖို့သြားေရာက္တဲ့သူေတြကလြဲၿပီး အိမ္မွာပဲေနဖို့၊ ေဈးဝယ္ဖို့အတြက္ တစ္အိမ္တစ္ဦးႏွုန္းသြားဖို့၊ ေဆး႐ုံ၊ေဆးခန္းသြားရင္ တစ္အိမ္ႏွစ္ဦးႏွုန္းသြားဖို့၊ အျပင္သြားရင္ႏွာေခါင္းစည္းတပ္ဖို့၊ ေဈးကိုေမာ္ေတာ္ကားနဲ႔သြားရင္ ယာဥ္ေမာင္းအျပင္တစ္ဦး၊ ေဆး႐ုံ၊ေဆးခန္းကို ေမာ္ေတာ္ယာဥ္နဲ႔သြားရင္ ယာဥ္ေမာင္းအျပင္ႏွစ္ဦးသာ သြားေရာက္ဖို့၊ အလုပ္သြားသူေတြရဲ့ႀကိဳ/ပို့ယာဥ္ေတြကိုပဲ ရပ္ကြက္ေက်ာ္လြန္သြားခြင့္ျပဳဖို့စတဲ့ အခ်က္ေတြကို လိုက္နာရေတာ့မွာျဖစ္ပါတယ္။
ဒါ့အျပင္ သတ္မွတ္ဦးေရထက္ပိုၿပီး သြားေရာက္ဖို့ျဖစ္ေစ၊ အျခားအေရးေပၚကိစၥေတြအတြက္ သြားေရာက္ဖို့ရွိရင္ျဖစ္ေစ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြရဲ့ ခြင့္ျပဳခ်က္နဲ႔ သြားလာရမွာျဖစ္ၿပီး အလုပ္သြား၊အလုပ္ျပန္ကလြဲၿပီး ရပ္ကြက္အတြင္းဝင္/ထြက္ခြင့္မျပဳဘူးလို့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒီအမိန႔္ေတြကို လိုက္နာဖို့ပ်က္ကြက္ရင္ ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရး ဥပေဒအရ အေရးယူခံရမယ္လို့ ေၾကညာလိုက္ပါတယ္။ဩဂုတ္(၂၀)ရက္ ည(၈)နာရီထုတ္ျပန္ခ်က္အရ စစ္ေတြမွာ ျပည္တြင္းကူးစက္မွုအျဖစ္သတ္မွတ္နိုင္တဲ့COVID-19အတည္ျပဳလူနာ(၃)ဦး ထပ္မံေတြ႕ရွိရၿပီး ျပည္တြင္းကူးစက္မွုလူနာ (၉)ဦးရွိေနၿပီျဖစ္ပါတယ္။
မူရင္း Onenewsmyanmar
Unicode
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ည ၈နာရီမှ စတင်၍ Stay at Home အမိန့် ချမှတ်လိုက်ပြီ
စစ်တွေမြို့နယ်ကိုStay at Homeအဖြစ်ကြေညာ
စစ်တွေမြို့နယ်မှာ COVID-19ပြည်တွင်းကူးစက်မှုလူနာတွေ တွေ့ရှိလာရတဲ့အတွက် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ဩဂုတ်(၂၀)ရက် ည(၈)နာရီကစပြီး Stay at Homeအစီအစဉ်မှာ အကျုံးဝင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
အဲ့ဒါကြောင့် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီစက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့သွားရောက်တဲ့သူတွေကလွဲပြီး အိမ်မှာပဲနေဖို့၊ ဈေးဝယ်ဖို့အတွက် တစ်အိမ်တစ်ဦးနှုန်းသွားဖို့၊ ဆေးရုံ၊ဆေးခန်းသွားရင် တစ်အိမ်နှစ်ဦးနှုန်းသွားဖို့၊ အပြင်သွားရင်နှာခေါင်းစည်းတပ်ဖို့၊ ဈေးကိုမော်တော်ကားနဲ့သွားရင် ယာဉ်မောင်းအပြင်တစ်ဦး၊ ဆေးရုံ၊ဆေးခန်းကို မော်တော်ယာဉ်နဲ့သွားရင် ယာဉ်မောင်းအပြင်နှစ်ဦးသာ သွားရောက်ဖို့၊ အလုပ်သွားသူတွေရဲ့ကြို/ပို့ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန်သွားခွင့်ပြုဖို့စတဲ့ အချက်တွေကို လိုက်နာရတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် သတ်မှတ်ဦးရေထက်ပိုပြီး သွားရောက်ဖို့ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စတွေအတွက် သွားရောက်ဖို့ရှိရင်ဖြစ်စေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ သွားလာရမှာဖြစ်ပြီး အလုပ်သွား၊အလုပ်ပြန်ကလွဲပြီး ရပ်ကွက်အတွင်းဝင်/ထွက်ခွင့်မပြုဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအမိန့်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူခံရမယ်လို့ ကြေညာလိုက်ပါတယ်။ဩဂုတ်(၂၀)ရက် ည(၈)နာရီထုတ်ပြန်ချက်အရ စစ်တွေမှာ ပြည်တွင်းကူးစက်မှုအဖြစ်သတ်မှတ်နိုင်တဲ့COVID-19အတည်ပြုလူနာ(၃)ဦး ထပ်မံတွေ့ရှိရပြီး ပြည်တွင်းကူးစက်မှုလူနာ (၉)ဦးရှိနေပြီဖြစ်ပါတယ်။
မူရင်း Onenewsmyanmar