အင်းလေးကန်ဆိုတာ မြန်မာပြည်ရဲ့ ကန်ကြီးတွေအနက် နာမည်ကျော်ကြားတဲ့ ကန်ကြီး တခုဖြစ်ပါတယ်။
အင်းလေးကန်ကို မှီခိုနေကြတဲ့ လူတွေ အများအပြား ရှိရုံသာမက တိရစ္ဆာန်၊ ပိုးမွှားနဲ့ သစ်ပင်စတဲ့
ဇီဝမျိုးစုံမျိုးကွဲများ နေထိုင် ရှင်သန်ပေါက်ဖွားရာ နေရာ တခုဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်ကတည်းက အင်းလေးကန်ရဲ့ ဧရိယာ တဖြည်းဖြည်း လျော့ကျလာတာကို ပညာရှင်များ သတိထားမိခဲ့ကြပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက အင်းလေးကန် ခမ်းခြောက်မှုကို အစိုးရနဲ့ ပြည်သူတွေ သတိထားမိစေဖို့
စာတမ်းတွေရေးသားပြီး အသိပေးမှုတွေ လုပ်ပေမယ့် တခြားအကြောင်းအရာများရဲ့ အောက်မှာ အင်းလေးကန် ရေခမ်းခြောက်မှုဟာ ပျောက်ကွယ်နေခဲ့ရပါတယ်။
အင်းလေးကန် ရေခမ်းခြောက်ရတဲ့ အဓိက အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ပညာရှင်များက ၂၀၂၀ ခုနှစ်မှာ ဖြေကြားထားတာများကို ဖော်ပြ ပေးလိုက်ပါတယ်-
အင်းလေးကန်ရေခမ်းခြောက်မှုနဲ့ပတ်သက်ပြီး လက်ရှိမှာအဆိုးဆုံး အခြေအနေကိုရောက်ရှိနေတယ်လို့
SAVE THE INLE LIKE အရပ် ဖက်လူမှုအဖွဲ့အစည်းက အထွေထွေ အတွင်းရေးမှူး ဦးခင်မောင် လတ် ရဲ့ပြောကြားချက်အရသိရပါတယ်။
“အင်းလေကန် ကို ရေဝင်တဲ့အဓိကပင်မရေဝင် ရေထွက်တွေ တစ်ချို့မှာ ရေဝင်ရေထွက်မရှိတော့တာ၊ဇော်ဂျီ ချောင်း
ရေကလည်း ဇော်ဂျီရေအားလျှပ်စစ်ထုတ်ပြီးကတည်းက ချောင်းရေ ကအင်းထဲ ကိုမဆင်းတော့ဘဲ ဒုတ္ထဝတီ မြစ်ထဲကိုစီးဆင်းသွားတယ်၊
ရေဝင်ပမာဏ နဲပါးသွားတဲ့အပြင်၊ မိုးများမှသာ ရေထုပမာဏ အများကြီးစီးဝင်မယ်၊စီးဝင်လာတဲ့ရေ ထုပမာဏက လည်း
အင်းလေးကန်ကနေ လောပိတ ရေအားလျှပ် စစ် ကိုသွားတဲ့နေရာမှာ လွန်ခဲ့တဲ့ နှစ်၃၀လောက်က ဆောက်ခဲ့တဲ့ မိုးဗြဲရေကာတာ
ရေအမှတ်နဲ့ အင်းလေးကန်ရေအမှတ်နဲ့ အနိမ့် အမြင့်က ၁၅ ပေလောက်ကွာခဲ့ပေမယ့် အခု ၂၅ပေလောက် ကွာ ခြားလာတယ်။
လောပိတရေ အားလျှပ်စစ်ကိုသွားတဲ့ဘီလူးချောင်း ကလဲ သဘာဝရေမှော်ပင်တွေ သေကုန်တယ်၊ ချောင်းတစ်ခုလုံးမှာ
ရေမှော်ပင်တွေမရှိတော့ဘူး၊ ရေနည်းတဲ့အချိန်စက်လှေက ရပ်လိုက်တဲ့အချိန် မှာမြေတွေပွလာပြီးရေစီးနဲ့ပါသွားတော့ ချောင်းကနက်ဆင်းလာတယ်၊
ရေသဘာဝအတားအစီးတွေ တစ်ပင်မှ မရှိတော့ ရေစီးအရမ်းမြန်ပြီး အင်းလေးကန်မှာ ရေမကျန်တော့တဲ့အခြေနေဖြစ်နေတယ်”လို့ဆိုပါတယ်။
အင်းလေးဖောင်တော်ဦးဘုရားအနီးဝန်းကျင် မှာ ၂၀၁၀၊၂၀၁၃၊ ၂၀၁၆ ခုနှစ်တွေက ရေခမ်းခြောက်မှုတွေရှိခဲ့ဖူးပေမယ့် ယခုနှစ်က တော့
အဆိုးဆုံးဖြစ်တဲ့အတွက် အချိန်မှီထိမ်းသိမ်းနိုင်ဖိုလိုအပ်လာ ပြီဖြစ်တယ်လို့ အင်းလေးကန်ထိမ်းသိန်းရေးအရပ်ဖက်အဖွဲ့တွေက သုံးသပ်ထားပါတယ်။
လက် ရှိအချိန် မှာအင်းလေးကန်အတွင်းရေခမ်းခြောက်မှုတွေ ရှိလာတဲ့အတွက် ရေခမ်းခြောက်တဲ့တစ်ချို့ကျေးရွာတွေမှာ
ရေလမ်းတစ်ခုထည်းအသုံးပြုနေရာက နေ အခုဆိုရင် ဘက်ဖိုးကား တွေနဲ့ ကုန်းလမ်းဖောက်လုပ်အသုံးပြုနေ မှုတွေရှိနေပြီးတော့
စိုက်ပျိုးရေးတောင်သူတွေအနေနဲ့ လယ်ရေသွင်းမှုခက်ခဲတာ ရေအနက် ၃ပေအနည်းဆုံးရှိမှစိုက်ပျိုးလို့ရတဲ့ကျွန်းမျောစိုက်ခင်း တွေမှာ
အခုဆိုရင်ရေအနက်၁ပေလောက်ပဲရှိတဲ့အတွက် မြေကြီးနဲ့ထိပြီး၊လှေအဝင်အထွက်တွေခက်ခဲ လာတဲ့အတွက်
အသီးအနှံဟင်းသီးဟင်းရွက်တွေသယ်ယူဖို့ အခက်အခဲတွေရှိနေ တယ်လို့လည်းသိရပါတယ်။
အင်းလေကန်ခမ်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲမှာ အင်းလေးကန်စိမ်းလန်းဆိုပြေရေး နယ်မြေတွေ ဖြစ်တဲ့
ပင်လောင်း၊ကလော၊တောင်ကြီး၊ကျောက်တစ်လုံး၊ရပ်ဆောက်၊ဟိုပုံး၊ဆီဆိုင်အစရှိတဲ့မြို့နယ်တွေမှာအစားထိုး
သစ်ပင်စိုက်ပျိုးမှုတွေမရှိတာ၊သစ်ထုတ်လုပ်ရေး တွေမှာလည်း ကုမ္မဏီခေတ်ကဆို တန်၅၀၀လောက်ပါမစ်ရပေမယ့် တန်
၅၀၀၀လောက်ထုတ်ယူခဲ့မှု တွေရှိခဲ့တာ၊ဒါတွေကို ပြန်အစားထိုးစိုက်ပျိုးမှုတွေလိုအပ်နေ တယ်လို့သိရပါတယ်။
အင်းလေးကန်ဟာရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့အနီးမှာ တည်ရှိပြီးတော့ မျက်နှာပြင်ဧရိယာဟာ စတုရန်းမိုင်ပေါင်း ၄၄.၉မိုင်ရှိ တယ်လို့သိရပါတယ်။
credit
zawgyi,
အင္းေလးကန္ဆိုတာ ျမန္မာျပည္ရဲ႕ ကန္ႀကီးေတြအနက္ နာမည္ေက်ာ္ၾကားတဲ့ ကန္ႀကီး တခုျဖစ္ပါတယ္။
အင္းေလးကန္ကို မွီခိုေနၾကတဲ့ လူေတြ အမ်ားအျပား ရွိ႐ုံသာမက တိရစာၦန္၊ ပိုးမႊားနဲ႔ သစ္ပင္စတဲ့
ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေနထိုင္ ရွင္သန္ေပါက္ဖြားရာ ေနရာ တခုျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ၁၀ ႏွစ္ ဝန္းက်င္ကတည္းက အင္းေလးကန္ရဲ႕ ဧရိယာ တျဖည္းျဖည္း ေလ်ာ့က်လာတာကို ပညာရွင္မ်ား သတိထားမိခဲ့ၾကပါတယ္။
သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာရွင္မ်ားက အင္းေလးကန္ ခမ္းေျခာက္မႈကို အစိုးရနဲ႔ ျပည္သူေတြ သတိထားမိေစဖို႔
စာတမ္းေတြေရးသားၿပီး အသိေပးမႈေတြ လုပ္ေပမယ့္ တျခားအေၾကာင္းအရာမ်ားရဲ႕ ေအာက္မွာ အင္းေလးကန္ ေရခမ္းေျခာက္မႈဟာ ေပ်ာက္ကြယ္ေနခဲ့ရပါတယ္။
အင္းေလးကန္ ေရခမ္းေျခာက္ရတဲ့ အဓိက အေၾကာင္းအရင္းနဲ႔ ပတ္သက္ၿပီး ပညာရွင္မ်ားက ၂၀၂၀ ခုႏွစ္မွာ ေျဖၾကားထားတာမ်ားကို ေဖာ္ျပ ေပးလိုက္ပါတယ္-
အင္းေလးကန္ေရခမ္းေျခာက္မႈနဲ႔ပတ္သက္ၿပီး လက္ရွိမွာအဆိုးဆုံး အေျခအေနကိုေရာက္ရွိေနတယ္လို႔
SAVE THE INLE LIKE အရပ္ ဖက္လူမႈအဖြဲ႕အစည္းက အေထြေထြ အတြင္းေရးမႉး ဦးခင္ေမာင္ လတ္ ရဲ႕ေျပာၾကားခ်က္အရသိရပါတယ္။
“အင္းေလကန္ ကို ေရဝင္တဲ့အဓိကပင္မေရဝင္ ေရထြက္ေတြ တစ္ခ်ိဳ႕မွာ ေရဝင္ေရထြက္မရွိေတာ့တာ၊ေဇာ္ဂ်ီ ေခ်ာင္း
ေရကလည္း ေဇာ္ဂ်ီေရအားလွ်ပ္စစ္ထုတ္ၿပီးကတည္းက ေခ်ာင္းေရ ကအင္းထဲ ကိုမဆင္းေတာ့ဘဲ ဒုတၳဝတီ ျမစ္ထဲကိုစီးဆင္းသြားတယ္၊
ေရဝင္ပမာဏ နဲပါးသြားတဲ့အျပင္၊ မိုးမ်ားမွသာ ေရထုပမာဏ အမ်ားႀကီးစီးဝင္မယ္၊စီးဝင္လာတဲ့ေရ ထုပမာဏက လည္း
အင္းေလးကန္ကေန ေလာပိတ ေရအားလွ်ပ္ စစ္ ကိုသြားတဲ့ေနရာမွာ လြန္ခဲ့တဲ့ ႏွစ္၃၀ေလာက္က ေဆာက္ခဲ့တဲ့ မိုးၿဗဲေရကာတာ
ေရအမွတ္နဲ႔ အင္းေလးကန္ေရအမွတ္နဲ႔ အနိမ့္ အျမင့္က ၁၅ ေပေလာက္ကြာခဲ့ေပမယ့္ အခု ၂၅ေပေလာက္ ကြာ ျခားလာတယ္။
ေလာပိတေရ အားလွ်ပ္စစ္ကိုသြားတဲ့ဘီလူးေခ်ာင္း ကလဲ သဘာဝေရေမွာ္ပင္ေတြ ေသကုန္တယ္၊ ေခ်ာင္းတစ္ခုလုံးမွာ
ေရေမွာ္ပင္ေတြမရွိေတာ့ဘူး၊ ေရနည္းတဲ့အခ်ိန္စက္ေလွက ရပ္လိုက္တဲ့အခ်ိန္ မွာေျမေတြပြလာၿပီးေရစီးနဲ႔ပါသြားေတာ့ ေခ်ာင္းကနက္ဆင္းလာတယ္၊
ေရသဘာဝအတားအစီးေတြ တစ္ပင္မွ မရွိေတာ့ ေရစီးအရမ္းျမန္ၿပီး အင္းေလးကန္မွာ ေရမက်န္ေတာ့တဲ့အေျခေနျဖစ္ေနတယ္”လို႔ဆိုပါတယ္။
အင္းေလးေဖာင္ေတာ္ဦးဘုရားအနီးဝန္းက်င္ မွာ ၂၀၁၀၊၂၀၁၃၊ ၂၀၁၆ ခုႏွစ္ေတြက ေရခမ္းေျခာက္မႈေတြရွိခဲ့ဖူးေပမယ့္ ယခုႏွစ္က ေတာ့
အဆိုးဆုံးျဖစ္တဲ့အတြက္ အခ်ိန္မွီထိမ္းသိမ္းႏိုင္ဖိုလိုအပ္လာ ၿပီျဖစ္တယ္လို႔ အင္းေလးကန္ထိမ္းသိန္းေရးအရပ္ဖက္အဖြဲ႕ေတြက သုံးသပ္ထားပါတယ္။
လက္ ရွိအခ်ိန္ မွာအင္းေလးကန္အတြင္းေရခမ္းေျခာက္မႈေတြ ရွိလာတဲ့အတြက္ ေရခမ္းေျခာက္တဲ့တစ္ခ်ိဳ႕ေက်း႐ြာေတြမွာ
ေရလမ္းတစ္ခုထည္းအသုံးျပဳေနရာက ေန အခုဆိုရင္ ဘက္ဖိုးကား ေတြနဲ႔ ကုန္းလမ္းေဖာက္လုပ္အသုံးျပဳေန မႈေတြရွိေနၿပီးေတာ့
စိုက္ပ်ိဳးေရးေတာင္သူေတြအေနနဲ႔ လယ္ေရသြင္းမႈခက္ခဲတာ ေရအနက္ ၃ေပအနည္းဆုံးရွိမွစိုက္ပ်ိဳးလို႔ရတဲ့ကြၽန္းေမ်ာစိုက္ခင္း ေတြမွာ
အခုဆိုရင္ေရအနက္၁ေပေလာက္ပဲရွိတဲ့အတြက္ ေျမႀကီးနဲ႔ထိၿပီး၊ေလွအဝင္အထြက္ေတြခက္ခဲ လာတဲ့အတြက္
အသီးအႏွံဟင္းသီးဟင္း႐ြက္ေတြသယ္ယူဖို႔ အခက္အခဲေတြရွိေန တယ္လို႔လည္းသိရပါတယ္။
အင္းေလကန္ခမ္းေျခာက္ရတဲ့ အေၾကာင္းရင္းေတြထဲမွာ အင္းေလးကန္စိမ္းလန္းဆိုေျပေရး နယ္ေျမေတြ ျဖစ္တဲ့
ပင္ေလာင္း၊ကေလာ၊ေတာင္ႀကီး၊ေက်ာက္တစ္လုံး၊ရပ္ေဆာက္၊ဟိုပုံး၊ဆီဆိုင္အစရွိတဲ့ၿမိဳ႕နယ္ေတြမွာအစားထိုး
သစ္ပင္စိုက္ပ်ိဳးမႈေတြမရွိတာ၊သစ္ထုတ္လုပ္ေရး ေတြမွာလည္း ကုမၼဏီေခတ္ကဆို တန္၅၀၀ေလာက္ပါမစ္ရေပမယ့္ တန္
၅၀၀၀ေလာက္ထုတ္ယူခဲ့မႈ ေတြရွိခဲ့တာ၊ဒါေတြကို ျပန္အစားထိုးစိုက္ပ်ိဳးမႈေတြလိုအပ္ေန တယ္လို႔သိရပါတယ္။
အင္းေလးကန္ဟာရွမ္းျပည္နယ္ ေတာင္ပိုင္းေညာင္ေ႐ႊၿမိဳ႕အနီးမွာ တည္ရွိၿပီးေတာ့ မ်က္ႏွာျပင္ဧရိယာဟာ စတုရန္းမိုင္ေပါင္း ၄၄.၉မိုင္ရွိ တယ္လို႔သိရပါတယ္။
credit