Unicode
ရုပ်ဆိုးလို့ဆိုပြီး လှောင်ပြောင်နေတဲ့သူတွေရှေ့မှာ သူဌေးဖြစ်အောင်ကြိုးစားပြီး ကောင်မလေးချောချောလေးကို တွဲပြလိုက်တဲ့ အမျိုးသား
လူတွေတချို့ဟာရုပ်ဆိုးနေတဲ့လူတွေဆိုလှောက်ပြောင်ကြပြီး လူရာမသွင်းကြပေ။ ရုပ်မချောပေမယ့်ငွေဂုဏ်ပကာသနရှိနေရင်သင်ဟာဘာမှမပြုပြင်စရာမလိုဘူး လူတွေရဲ့မျက်လုံးထဲမှာသင်ဟာ လှနေပြီးသားဖြစ်စေပါတယ်။
ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက အမျိုးသားတစ်ဦးဟာ ရုပ်အရမ်းဆိုးလွန်းနေသောကြောင့် ပတ်ဝန်းကျင်ကသူ့ကိုနောက်ပြောင်ရုံသာမက အွန်လိုင်းပေါ်မှာလည်း.. သူ့ပုံယူပြီး အပျော်တမ်းစနောက်ခဲ့ပါတယ်။
စနောက်တဲ့သူတွေဟာဘာမှမဖြစ်ပေမယ့် စနောက်ခံရတဲ့ထိုအမျိုးသားဟာ သူငယ်ချင်းတွေကိုမျက်နှာမပြရဲအောင်အရှက်ရစေပါတယ်။
ထိုအမျိုးသားသည် အသက်ကြီးပေမယ့် ရုပ်ကကလေးရုပ်လိုပုံစံမပျောက်သေးပါဘူး ထို့ကြောင့် ဒီတသက်မိန်းမရမယ်လို့လည်း မထင်ဘူးလို့ ဆိုပါတယ်။
ထိုအမျိုးသားဟာ သူ၏ ဇာတိမြေသို့ပြန်သွားပြီး မခံချင်စိတ်နဲ့..အလုပ်ကြိုးစားခဲ့ပြီး သူဌေးဖြစ်တဲ့အထိပင် စီးပွားရေးမှာအောင်မြင်လာခဲ့ပါတယ်။
ထိုအချိန်တွင်သူ့ကိုကြိုက်တဲ့ မိန်းကလေးတွေပေါ်လာပြီး ဇိမ်ခံကားနဲ့ ကောင်မလေးချောချောလေးခေါ်ကာ သူ့ကိုလှောင်ပြောင်ခဲ့သည့် သူ့သူငယ်ချင်းများထံသွားကာ ရက်ရက်စက်စက်ပြန်ချေခဲ့လိုက်ပါတယ်။