အိႏၵိယသမုဒၵရာပင္လယ္ျပင္မွာ ၅ရက္ၾကာ ေမ်ာပါေနတဲ့ ျမန္မာနိုင္ငံသားတစ္ဦးကို တ႐ုတ္သေဘၤာကုမၸဏီက ကယ္ဆယ္ခဲ့
၅ရက္ခန႔္ၾကာ အိႏၵိယသမုဒၵရာပင္လယ္ျပင္မွာ ျပဳတ္က်ေမ်ာပါေနတဲ့ ျမန္မာနိုင္ငံသားတစ္ဦးကို တ႐ုတ္ရင္းႏွီးျမႇပ္ႏွံမႈလုပ္ငန္းတစ္ခုျဖစ္တဲ့ SITC Logistics Myanmar Co., Ltd ရဲ့ “Pacific Grace”ကြန္တိန္နာသေဘၤာက ေတြ႕ရွိကယ္ဆယ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါပင္လယ္ျပင္မွာ ေမ်ာပါေနတဲ့ ျမန္မာအမ်ိသားဆိုသူ ကိုစိုးဝင္းေဇာ္အား ဧၿပီလ ၂၁ရက္ေန႔ ညေနပိုင္းက ရန္ကုန္မွ မေလးရွားသို႔သြားရာ လမ္းခုလတ္မွာ SITC Logistics Myanmar “2211N” ကုန္သေဘၤာက ေတြ႕ရွိကယ္ဆယ္ခဲ့တာျဖစ္ပါတယ္။

“SITC Myanmar နဲ႔ သေဘၤာသားေတြ ကၽြန္ေတာ့္အသက္ကို ကယ္ခဲ့တဲ့အတြက္ အထူးပဲေက်းဇူးတင္ပါတယ္။ ကံေကာင္းလို႔ ေသရာကျပန္လာနိုင္ၿပီး မိသားစုနဲ႔ ျပည္လည္ဆုံစည္းနိုင္ခဲ့တာပါ”လို႔ ကိုစိုးဝင္းေဇာ္က ေျပာပါတယ္။

ကိုစိုးဝင္းေဇာ္သည္ ျမန္မာနိုင္ငံ တနသၤာရီတိုင္းမွာေနထိုင္တဲ့ တံငါသည္တစ္ဦးျဖစ္ကာ ငါးဖမ္းသေဘၤာေပၚမွ ပင္လယ္ထဲသို႔ မေတာ္တဆျပဳတ္က်ၿပီး ပင္လယ္ထဲမွာ ၅ရက္ခန႔္ ေမ်ာပါခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ယခုအခ်ိန္မွာ ၎အား ျမန္မာနိုင္ငံ လူဝင္မႈႀကီးၾကပ္ေရးဌာနသို႔ လႊဲေျပာင္းေပးခဲ့ရာ မိသားစုနဲ႔ အဆက္အသြယ္ရရွိၿပီး ရန္ကုန္မွာ ကြာရန္တင္းဝင္ၿပီးေနာက္ ကိုဗစ္ေရာဂါပိုးမရွိပါက မိသားစုရွိရာသို႔ ျပန္လည္ပို႔ေဆာင္ေပးသြားမယ္လို႔ ဆိုပါတယ္။

ယခုလို SITC အေနနဲ႔ ပင္လယ္ျပင္မွာ ျမန္မာနိုင္ငံသားတစ္ဦးကို ကူညီေပးျခင္းမွာ ပထမဆုံးအႀကိမ္မဟုတ္ဘဲ ၂၀၂၀ျပည့္ႏွစ္ ဇန္နဝါရီလပိုင္းမွာလည္း ဖူက်န႔္ျပည္နယ္၊ က်န္းက်ိဳးပင္လယ္ျပင္မွာ အခက္အခဲၾကဳံေတြ႕ခဲ့တဲ့ ျမန္မာနိုင္ငံသား သေဘၤာသား ၁၀ဦးကို ကယ္ဆယ္ခဲ့တာလည္းျဖစ္ပါတယ္။ Crd- မြန်မာ့ပလက်ဖောင်း

အိန္ဒိယသမုဒ္ဒရာပင်လယ်ပြင်မှာ ၅ရက်ကြာ မျောပါနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို တရုတ်သင်္ဘောကုမ္ပဏီက ကယ်ဆယ်ခဲ့
၅ရက်ခန့်ကြာ အိန္ဒိယသမုဒ္ဒရာပင်လယ်ပြင်မှာ ပြုတ်ကျမျောပါနေတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို တရုတ်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်တဲ့ SITC Logistics Myanmar Co., Ltd ရဲ့ “Pacific Grace”ကွန်တိန်နာသင်္ဘောက တွေ့ရှိကယ်ဆယ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါပင်လယ်ပြင်မှာ မျောပါနေတဲ့ မြန်မာအမျိသားဆိုသူ ကိုစိုးဝင်းဇော်အား ဧပြီလ ၂၁ရက်နေ့ ညနေပိုင်းက ရန်ကုန်မှ မလေးရှားသို့သွားရာ လမ်းခုလတ်မှာ SITC Logistics Myanmar “2211N” ကုန်သင်္ဘောက တွေ့ရှိကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

“SITC Myanmar နဲ့ သင်္ဘောသားတွေ ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ကံကောင်းလို့ သေရာကပြန်လာနိုင်ပြီး မိသားစုနဲ့ ပြည်လည်ဆုံစည်းနိုင်ခဲ့တာပါ”လို့ ကိုစိုးဝင်းဇော်က ပြောပါတယ်။
ကိုစိုးဝင်းဇော်သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာနေထိုင်တဲ့ တံငါသည်တစ်ဦးဖြစ်ကာ ငါးဖမ်းသင်္ဘောပေါ်မှ ပင်လယ်ထဲသို့ မတော်တဆပြုတ်ကျပြီး ပင်လယ်ထဲမှာ ၅ရက်ခန့် မျောပါခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယခုအချိန်မှာ ၎င်းအား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းပေးခဲ့ရာ မိသားစုနဲ့ အဆက်အသွယ်ရရှိပြီး ရန်ကုန်မှာ ကွာရန်တင်းဝင်ပြီးနောက် ကိုဗစ်ရောဂါပိုးမရှိပါက မိသားစုရှိရာသို့ ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
ယခုလို SITC အနေနဲ့ ပင်လယ်ပြင်မှာ မြန်မာနိုင်ငံသားတစ်ဦးကို ကူညီပေးခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ၂၀၂ဝပြည့်နှစ် ဇန်နဝါရီလပိုင်းမှာလည်း ဖူကျန့်ပြည်နယ်၊ ကျန်းကျိုးပင်လယ်ပြင်မှာ အခက်အခဲကြုံတွေ့ခဲ့တဲ့ မြန်မာနိုင်ငံသား သင်္ဘောသား ၁ဝဦးကို ကယ်ဆယ်ခဲ့တာလည်းဖြစ်ပါတယ်။ Crd-



