ကိုယ္ ဘာမွမတတ္နိုင္တဲ့အခါ”
#လမင္းမိုမို
တစ္ခါတစ္ရံမွာ နားမလည္ျခင္းမ်ားစြာနဲ႔ စိတ္မေကာင္းျဖစ္ရေသာ အခ်ိန္မ်ိဳးေတြရွိတတ္ပါတယ္ .. လူတိုင္းမွာ ရွိဖူးၾကလိမ့္မယ္ထင္တယ္ .. ဘယ္လိုအခါမ်ိဳးေတြလဲဆိုရင္ ကိုယ္ ဘာမွမတတ္နိုင္တဲ့ အခ်ိန္မ်ိဳးေတြပါ .. လူ႔အသိုင္းအဝိုင္းအၾကား လူလူခ်င္းေပါင္းသင္းဆက္ဆံေရးမွာ ဘာမွမတတ္နိုင္တဲ့အျဖစ္မ်ိဳး ဆိုတာေတြ မၾကာခနၾကဳံေတြ႕တတ္ပါတယ္ ..
အဲသလို ကိုယ္ဘာမွ မတတ္နိုင္တဲ့အျဖစ္မ်ိဳး ..ၾကဳံလာတဲ့အခါ ဝမ္းမနည္းပါနဲ႔ ..
★ အေၾကာင္းရင္းမသိရပဲ တစ္စုံတစ္ေယာက္က ..ကိုယ့္ကို ေအးတိေအးစက္ျဖစ္သြားတဲ့အခ်ိန္မ်ိဳး ..
ဆက္ဆံေရးအေကာင္းႀကီးကေန ထူးျခားတဲ့အေရးကိစၥလည္းမျဖစ္ပဲ ကိုယ္ကဘာမွမျဖစ္ပဲ သူက ေအးစက္စိမ္းကားေနတာမ်ိဳးပါ .. သိပ္ႀကီးအနီးကပ္မဟုတ္တဲ့ သူေတြထဲကလည္း ျဖစ္တတ္သလို သိပ္ရင္းႏွီးနီးကပ္တဲ့ သူေတြထဲကလည္း ရွိတတ္တယ္ .. အဲဒိအခါေတြမွာ မင္း ဘာျဖစ္ေနတာလဲဟင္ ဆိုတာမ်ိဳးေမးဖို႔ က်မဆိုရင္ သိပ္ဝန္ေလးတတ္ပါတယ္ ..
သူ႔ဘာသာ ကိုယ္နဲ႔မဆိုင္ေသာ ပုဂၢလိက ပါစင္နယ္လ္ကိစၥမ်ိဳးေၾကာင့္ သူႏႈတ္ဆိတ္ေအးစက္ေနတာလဲ ျဖစ္နိုင္တယ္ .. ကိုယ့္ကိုယ္တိုင္နဲ႔ အစားထိုးေတြးၾကည့္ရင္ က်မမွာ စိတ္အခန္႔မသင့္တာ ျဖစ္ေနတဲ့အခ်ိန္မွာ ဘာျဖစ္ေနသလဲလို႔လာေမးရင္ က်မက ပိၿပီးစိတ္အေႏွာက္အရွက္ျဖစ္သူ , မေျဖခ်င္တတ္တဲ့သူပါ
အဲဒိလိုေမးခြန္းအတြက္ ေတာ္႐ုံထက္ ပိုမိုလြန္ကဲထိကပ္ေသာ ႏွစ္ဦးၾကားခိုင္ျမဲျခည္ေႏွာင္မႈလည္း လိုအပ္တယ္လို႔ ယူဆပါတယ္ .. လူတိုင္းကို မေမးအပ္သလို လူတိုင္းဟာလည္း အေျဖတစ္ခုရဖို႔ထိုက္တန္တဲ့ အဆင့္သတ္မွတ္ခ်က္မွာ ရွိေနမယ္လို႔ က်မယုံၾကည္တတ္ဘူး .. အဲဒိအခါ ကိုယ့္နဲ႔ႏွိုင္းယွဥ္ၿပီး မင္း ဘာျဖစ္ေနတာလဲဟင္ လို႔ က်မက ဘယ္ေတာ့မွမေမးဘူး ..
တစ္ဖက္သူဟာ သူ႔ဟာနဲ႔သူ ျပန္ေကာင္းရင္လည္း ေကာင္းသြားလိမ့္မယ္ .. မေကာင္းေတာ့ပဲလည္း တစ္သက္လုံး ေသြးေအးစိမ္းကားသြားနိုင္တယ္ .. က်မအတြက္ဆိုရင္ေတာ့ ကိုယ့္ဖက္က အမွားမရွိဖို႔သာ အဓိကလိုရင္းပါ .. လူအားလုံးရဲ့ စိတ္အတက္အက် အေျပာင္းအလဲေတြကိုေတာ့ လိုက္ျပဳျပင္ဖာေထးေနဖို႔ရာ က်မတို႔မွာ တာဝန္မရွိပါဘူး .. အခ်ိန္လည္းမရွိပါဘူး
ကိုယ့္ေမတၱာေစတနာဟာ သူ႔အေပၚ တသမတ္ သက္ေရာက္ေနပါလ်က္နဲ႔ သူမခံယူလိုရင္ အတင္းအၾကပ္ေပးရန္ ဆႏၵရွိမေနသင့္ေတာ့ပါဘူး .. ဘဝဘဝတို႔က ဆက္စပ္ပါလာေသာေရစက္သည္ ဇြတ္ျဖတ္လို႔မရသလို ဇြတ္ဆက္လို႔လည္းမရဘူးလို႔ က်မကယုံၾကည္သူပါ .. သူ႔ကို ဘာျဖစ္ေနပါသလဲ လို႔မေမးတာဟာ မွန္တယ္လို႔ က်မ,မဆိုလိုဘူး .
က်မဆိုလိုတာက ကိုယ့္ကိုေမးရင္ ကိုယ္စိတ္က်ဥ္းက်ပ္တာမို႔သူ႔ကိုလည္းမေမးဘူး .. ကိုယ့္ဖက္က အမွားမရွိရင္ သူျဖစ္ေနတာဟာ ကိုယ့္ေၾကာင့္မဟုတ္ဘူး ကိုယ္နဲ႔မဆိုင္ဘူးလို႔ ( ဟုတ္သည္ျဖစ္ေစ မဟုတ္သည္ျဖစ္ေစ ) စိတ္ကိုဒုံးဒုံးခ် အသာေလိုက္တယ္ .. ျဖစ္ေနသူ သူကသာ ပြင့္ပြင့္လင္းလင္းေျပာရန္ တာဝန္ရွိပါတယ္ .. သူေတာင္ဖြင့္မေျပာတဲ့ ကိစၥတစ္ခုအတြက္ က်မတို႔ဘာမွမတတ္နိုင္ပါဘူး ..
★ အေၾကာင္းမရွိပဲ တစ္စုံတစ္ေယာက္က ..ကိုယ့္ကိုေစာင္းေျမာင္းတိုက္ခိုက္ေနတာမ်ိဳး ..ေရာက္ရာအရပ္မွာ ကိုယ့္အေၾကာင္း မေကာင္းကိုသာရွာႀကံ ေျပာဆိုေနတတ္တာမ်ိဳး ..
တစ္ဦးနဲ႔တစ္ဦး မေက်နပ္ခ်က္ဆိုတာဟာ အျပန္အလွန္မွ ျဖစ္တတ္တာမဟုတ္ဘူး .. တစ္ဖက္သတ္လည္း ျဖစ္တတ္တာရွိတယ္ .. အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လူတစ္ေယာက္အေပၚ မေက်မနပ္ျဖစ္ေနနိုင္တယ္ .. မေကာင္းတာလုပ္မွ လူစ္ေယာက္က မေက်မနပ္ ျဖစ္နိုင္တာမဟုတ္ဘူး .
ေကာင္းလြန္းအားႀကီးရင္လည္းပဲ မေက်မနပ္ ျဖစ္လာတတ္တယ္ဆိုတာ က်မနားလည္တတ္တာၾကာၿပီ .. ေကာင္းတာသာလုပ္တဲ့ လူတစ္ေယာက္ကို မေကာင္းတာလုပ္တတ္တဲ့သူမ်ိဳးက အျမဲရွိန္ပါတယ္ .. ကိုယ္က သူ႔ေလာက္မေကာင္းနိုင္တဲ့အခါ အတြင္းမသိစိတ္က သူ႔ေကာင္းမႈအေပၚ ခ်ီးမြမ္းလိုေသာေစတနာ မျဖစ္ထြန္းတတ္ေတာ့ဘူး
သူ႔ကို ခ်ီးမြမ္းရျခင္းဟာ ကိုယ့္အားနည္းခ်က္ကို ကိုယ္တိုင္ျပန္အသိေပးသလို ခံစားရေစတဲ့အတြက္ ကိုယ့္ရဲ့အဇၥ်တၱမာနကို ထိခိုက္ေစတယ္ .. စိတ္ရင္းမွန္နဲ႔ သူကဲ့သို႔မျပဳနိုင္ , မေနနိုင္ , မယွဥ္နိုင္တဲ့အခါ သူ႔ထက္ကိုယ္ကတစ္ဆင့္သာဖို႔ လုပ္ႀကံန္တီးမႈ လိုလာပါတယ္ ..
အဲဒိအခါ အလိုလိုေနရင္း သူမ်ားမေကာင္းေၾကာင္း ေျပာေနမိတဲ့ဘဝကို ေရာက္ၾကပါတယ္ .. ဒီေနရာမွာ မေကာင္းတာကို မေကာင္းတဲ့အတိုင္း ေဝဖန္မႈ , နစ္နာေစလိုေသာ အထင္မွားေစလိုေသာ သေဘာမပါပဲ ေျပာဆိုမႈမ်ိဳးကို မဆိုလိုပါဘူး .. ‘၁’ ကို သူဖက္ကၾကည့္လို႔ ‘င’ ထင္ၿပီးေျပာဆိုတာဟာ သူမမွန္ကန္သည့္တိုင္ေအာင္ အျပစ္ေျပာဖြယ္မရွိပါဘူး .. ‘၁’ ကို သုညေတြတိုးၿပီး ‘၁၀၀’ လို႔ေျပာတာမ်ိဳး ‘၁’ ကို ဘာမွမဆိုင္တဲ့ ‘၉’ လို႔ပုံဖ်က္လုပ္ႀကံ ေျပာတာမ်ိဳးကိုသာ ဆိုလိုပါတယ္ ..
အဲသလိုျဖစ္စဥ္မ်ိဳးမွာ တုန္႔ျပန္ပုံ ၂မ်ိဳးရွိတတ္ပါတယ္ .. ရင္ဆိုင္ေျဖရွင္းျခင္းနဲ႔ ဥေပကၡာျပဳျခင္းပါ .. ဘယ္လမ္းကိုေရြးျခယ္ၾကသလဲဆိုတာက ပင္ကိုယ္ဗီဇအေပၚမူတည္ပါတယ္ .. ဘယ္ဟာမွန္တယ္ ဘယ္ဟာမွားတယ္ သတ္မွတ္ဖို႔ခက္ပါတယ္ ..ဘယ္လမ္းကိုေရြးျခယ္ရမလဲ လို႔ ေမးလာရင္လည္း အေျဖခက္ပါတယ္
လူတိုင္းမွာ မိမိဘဝကို မိမိျဖတ္သန္းရာမွာ ဘယ္ပုံဘယ္နည္း ျဖတ္သန္းေလၽွာက္လွမ္းမယ္လို႔ အလိုလိုေရြးျခယ္ထားၿပီးသား ဘဝေနနည္း ကိုယ္စီရွိပါတယ္ .. အခ်ိဳ႕က ၿငိမ္သက္ေအးခ်မ္းျခင္းကို လိုလားတယ္ .. အခ်ိဳ႕က ဆတ္ဆတ္ထိမခံ ၾကက္ေခါငးဆိတ္မခံတဲ့မူကို လက္ကိုင္ထားတယ္ ..
အခ်ိဳ႕က ရန္ေရွာင္တယ္ .. အခ်ိဳ႕က ျပသနာနဲ႔လုံးေထြးေနရမွ ေနသာထိုင္သာရွိတယ္ .. အခ်ိဳ႕က အုံ႔ပုန္း .. အခ်ိဳ႕က ဘာမွမျဖစ္ခင္ကထဲက အကန္ေတြႀကိဳခံထားတယ္ .. အမ်ိဳးမ်ိဳးေသာစရိုက္ေတြနဲ႔ မိမိႏွစ္သက္သလို ရပ္တည္ေနၾကရာမွာ မိမိေရြးျခယ္ရပ္တည္မႈကို ကိုယ့္ဘာသာယုံၾကည္ခ်က္ရွိဖို႔ အေရးအႀကီးဆုံးပါ ..
ႀကိဳက္သလို စိတ္ခ်မ္းသာသလို ေရြးျခယ္ေနထိုင္နိုင္ တုန္႔ျပန္နိုင္ၾကပါတယ္ .. ကိုယ့္ဘဝမွာ ကိုယ့္ေရြးျခယ္မႈတိုင္းကို ပတ္ဝန္းက်င္ကလည္း တစ္စိတ္တစ္ေဒသ အမွတ္တမဲ့ျမင္ေနၾကတာမို႔ ကိုယ့္လုပ္ရပ္ဟာ ကိုယ္ဘယ္လိုလူစားလဲဆိုတဲ့ သတ္မွတ္ခက္ပါပဲ .. တစ္ဖက္က တိုက္ခိုက္မႈဆိုတာမ်ိဳးဟာ အဲဒိတစ္ဖက္လူရဲ့ စိတ္ေနစရိုက္သဘာဝ အခန္းက႑သက္သက္ ျဖစ္တဲ့အတြက္ ဒီလိုျဖစ္ရပ္မ်ိဳး မၾကဳံရဖို႔ က်မတို႔ဘာမွမတတ္နိုင္ပါဘူး ..
★ က်မတို႔ဘဝမွာလူခ်စ္ခံရျခင္း , လူမုန္းခံရျခင္း , မခ်စ္မမုန္းသတိျပဳမခံရျခင္း ဆိုၿပီးအေျခအေန ၃ရပ္ ၾကဳံရတတ္ပါတယ္ ..
မိမိရဲ့ေမြးရာပါကံ , စန္း , အက်ိဳးေပးအေပၚမွာ မိမိအျပဳအမူ မိမိအလုပ္က သက္ေရာက္တဲ့အက်ိဳး ေပါင္းစပ္ၿပီး အဲဒိအေျခအေနေတြ ျပဌာန္းသက္ေရာက္ပါတယ္ .. ေမြးရာပါ ကံ , စန္း , အက်ိဳးေပးကို ဘယ္သူမွဘယ္လိုမွ ယွဥ္ၿပိဳင္ေျပာင္းလဲလို႔မရဘူး .. လက္ရွိအျပဳအမူကိုသာ ယွဥ္ၿပိဳင္နိုင္ပါတယ္ ..
ေမြးရာပါအက်ိဳးေပးကံက မ်က္ႏွာျမင္ မခ်စ္ခင္ေစဘူး , စန္းမပြင့္ဘူးဆိုတဲ့သူဟာ လူ႔အသိုင္းအဝိုင္းအေပၚ ေကာင္းစြာျပဳမူ ေနထိုင္မယ္ဆိုရင္ ပါတ္ဝန္းက်င္ရဲ့ ေမတၱာသက္ေရာက္မႈကို အနည္းနဲ႔အမ်ားေတာ့ ရလာမွာပါ .. မေကာင္းတာခ်ည္းလုပ္ေနမယ္ဆိုရင္ေတာ့ ေလာကရဲ့ေအာ့ေၾကာလန္ ျဖစ္ေနမွာပါပဲ
ေမြးရာပါအက်ိဳးေပးကံက မ်က္ႏွာျမင္ခ်စ္ခင္ေစတယ္ , စန္းပြင့္ေနတယ္ဆိုတဲ့သူမ်ိဳး လူ႔အသိုင္းအဝိုင္းအေပၚ ေကာင္းစြာျပဳမူေနထိုင္မယ္ဆိုရင္ ပတ္ဝန္းက်င္ရဲ့အင္မတန္ ခ်စ္ျမတ္နိုးျခင္းကိုခံရမွာပါ .. ေမြးရာပါ စန္းပြင့္လွေပမယ့္ မိမိအျပဳအမူအေနအထိုင္က ပတ္ဝနးက်င္အေပၚ အေႏွာက္အရွက္ျပဳလြန္းရင္ေတာ့ ရွိႏွင့္တဲ့ ကုသိုလ္ကံ စန္းဟာ ေမွးမွိန္ေလ်ာ့ပါးသြားမွာပါပဲ .. အင္မတန္ရိုးရွင္းတဲ့ နိယာမပါ ..
ေလာကမွာ အျမဲတမ္းအခ်စ္ခံရသူ အျမဲတမ္း အမုန္းခံရသူဆိုတာ ရွားပါတယ္ .. လူ႔ေလာကႀကီးမွာ အေၾကာင္းအက်ိဳးေတြ အနည္းနည္းအျပားျပား ျဖစ္ခ်ည္ပ်က္ခ်ည္ သြားေနတာမို႔ ဘယ္အရာကိုမဆို တရားေသမွတ္ယူထားဖို႔မသင့္ပါဘူး .. ကိုယ့္ကိုဆရင္ လူေတြကမုန္းၾကတယ္လို႔ ထင္မွတ္ေနျခင္း , ကိုယ့္ဘာလုပ္လုပ္ လူေတြကခ်စ္ၾကလိမ့္မယ္လို႔ ထင္မွတ္ေနျခင္းေတြဟာ အယူမွားေတြပါ
အမိဝမ္းကကၽြတ္ကထည္းက ဘယ္သူနဲ႔ဘယ္သူမွ သစၥာဆိုၿပီး ေမြးလာတာမဟုတ္ၾကပါဘူး .. မိမိကို ေမတၱာမရွိသူသည္လည္း အမွတ္မထင္ ေမတၱာသက္ေရာက္လာနိုင္သလို မိမိအေပၚခ်စ္ခင္ေနသူသည္လည္း အခ်ိန္မေရြး မုန္းသြားနိုင္တာပါပဲ .. လာကီကိစၥမွာ ထာဝရမေသမခ်င္း ကိုယ္ပိုင္ဆိုင္သြားနိုင္တဲ့ အရာဆိုတာမ်ိဳး မရွိပါဘူး ..
အဲဒါေၾကာင့္ ကိုယ့္အေပၚေအးစက္သြားျခင္း , စိမ္းကားသြားျခင္း , မလိုမုန္းထားျခင္း , တိုက္ခိုက္ျခင္းတို႔အေပၚ အႀကီးအက်ယ္ ခံစားနာက်င္ေနဖို႔မလိုပါဘူး .. ကိုယ့္ဘဝပ်က္သြားမွာ မဟုတ္တဲ့အတြက္ အလိုက္အထိုက္သာ ႏွလုံးသြင္းၿပီး ေနတတ္ရပမယ္ .. လိုအပ္သလို လ်စ္လ်ဴရႈနိုင္ရပါမယ္ .. ကိုယ္မဟုတ္တဲ့ အျခားတစ္ေယာက္ရဲ့ ကိုယ္, ႏႈတ္ , ႏွလုံးသုံးပါးကို ႀကိဳးကိုင္ဖို႔ဆိုတာ က်မတို႔ ဘယ္လိုမွမတတ္နိုင္ပါဘူး ..
လမင္းမိုမို
#ဆရာမWallမွေကာ္ပီယူျပန္တင္ပါတယ္။
unicode
“ကိုယ် ဘာမှမတတ်နိုင်တဲ့အခါ”
#လမင်းမိုမို
တစ်ခါတစ်ရံမှာ နားမလည်ခြင်းများစွာနဲ့ စိတ်မကောင်းဖြစ်ရသော အချိန်မျိုးတွေရှိတတ်ပါတယ် .. လူတိုင်းမှာ ရှိဖူးကြလိမ့်မယ်ထင်တယ် .. ဘယ်လိုအခါမျိုးတွေလဲဆိုရင် ကိုယ် ဘာမှမတတ်နိုင်တဲ့ အချိန်မျိုးတွေပါ .. လူ့အသိုင်းအဝိုင်းအကြား လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာ ဘာမှမတတ်နိုင်တဲ့အဖြစ်မျိုး ဆိုတာတွေ မကြာခနကြုံတွေ့တတ်ပါတယ် ..
အဲသလို ကိုယ်ဘာမှ မတတ်နိုင်တဲ့အဖြစ်မျိုး ..ကြုံလာတဲ့အခါ ဝမ်းမနည်းပါနဲ့ ..
★ အကြောင်းရင်းမသိရပဲ တစ်စုံတစ်ယောက်က ..ကိုယ့်ကို အေးတိအေးစက်ဖြစ်သွားတဲ့အချိန်မျိုး ..
ဆက်ဆံရေးအကောင်းကြီးကနေ ထူးခြားတဲ့အရေးကိစ္စလည်းမဖြစ်ပဲ ကိုယ်ကဘာမှမဖြစ်ပဲ သူက အေးစက်စိမ်းကားနေတာမျိုးပါ .. သိပ်ကြီးအနီးကပ်မဟုတ်တဲ့ သူတွေထဲကလည်း ဖြစ်တတ်သလို သိပ်ရင်းနှီးနီးကပ်တဲ့ သူတွေထဲကလည်း ရှိတတ်တယ် .. အဲဒိအခါတွေမှာ မင်း ဘာဖြစ်နေတာလဲဟင် ဆိုတာမျိုးမေးဖို့ ကျမဆိုရင် သိပ်ဝန်လေးတတ်ပါတယ် ..
သူ့ဘာသာ ကိုယ်နဲ့မဆိုင်သော ပုဂ္ဂလိက ပါစင်နယ်လ်ကိစ္စမျိုးကြောင့် သူနှုတ်ဆိတ်အေးစက်နေတာလဲ ဖြစ်နိုင်တယ် .. ကိုယ့်ကိုယ်တိုင်နဲ့ အစားထိုးတွေးကြည့်ရင် ကျမမှာ စိတ်အခန့်မသင့်တာ ဖြစ်နေတဲ့အချိန်မှာ ဘာဖြစ်နေသလဲလို့လာမေးရင် ကျမက ပိပြီးစိတ်အနှောက်အရှက်ဖြစ်သူ , မဖြေချင်တတ်တဲ့သူပါ
အဲဒိလိုမေးခွန်းအတွက် တော်ရုံထက် ပိုမိုလွန်ကဲထိကပ်သော နှစ်ဦးကြားခိုင်မြဲခြည်နှောင်မှုလည်း လိုအပ်တယ်လို့ ယူဆပါတယ် .. လူတိုင်းကို မမေးအပ်သလို လူတိုင်းဟာလည်း အဖြေတစ်ခုရဖို့ထိုက်တန်တဲ့ အဆင့်သတ်မှတ်ချက်မှာ ရှိနေမယ်လို့ ကျမယုံကြည်တတ်ဘူး .. အဲဒိအခါ ကိုယ့်နဲ့နှိုင်းယှဉ်ပြီး မင်း ဘာဖြစ်နေတာလဲဟင် လို့ ကျမက ဘယ်တော့မှမမေးဘူး ..
တစ်ဖက်သူဟာ သူ့ဟာနဲ့သူ ပြန်ကောင်းရင်လည်း ကောင်းသွားလိမ့်မယ် .. မကောင်းတော့ပဲလည်း တစ်သက်လုံး သွေးအေးစိမ်းကားသွားနိုင်တယ် .. ကျမအတွက်ဆိုရင်တော့ ကိုယ့်ဖက်က အမှားမရှိဖို့သာ အဓိကလိုရင်းပါ .. လူအားလုံးရဲ့ စိတ်အတက်အကျ အပြောင်းအလဲတွေကိုတော့ လိုက်ပြုပြင်ဖာထေးနေဖို့ရာ ကျမတို့မှာ တာဝန်မရှိပါဘူး .. အချိန်လည်းမရှိပါဘူး
ကိုယ့်မေတ္တာစေတနာဟာ သူ့အပေါ် တသမတ် သက်ရောက်နေပါလျက်နဲ့ သူမခံယူလိုရင် အတင်းအကြပ်ပေးရန် ဆန္ဒရှိမနေသင့်တော့ပါဘူး .. ဘဝဘဝတို့က ဆက်စပ်ပါလာသောရေစက်သည် ဇွတ်ဖြတ်လို့မရသလို ဇွတ်ဆက်လို့လည်းမရဘူးလို့ ကျမကယုံကြည်သူပါ .. သူ့ကို ဘာဖြစ်နေပါသလဲ လို့မမေးတာဟာ မှန်တယ်လို့ ကျမ,မဆိုလိုဘူး .
ကျမဆိုလိုတာက ကိုယ့်ကိုမေးရင် ကိုယ်စိတ်ကျဉ်းကျပ်တာမို့သူ့ကိုလည်းမမေးဘူး .. ကိုယ့်ဖက်က အမှားမရှိရင် သူဖြစ်နေတာဟာ ကိုယ့်ကြောင့်မဟုတ်ဘူး ကိုယ်နဲ့မဆိုင်ဘူးလို့ ( ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ) စိတ်ကိုဒုံးဒုံးချ အသာလေိုက်တယ် .. ဖြစ်နေသူ သူကသာ ပွင့်ပွင့်လင်းလင်းပြောရန် တာဝန်ရှိပါတယ် .. သူတောင်ဖွင့်မပြောတဲ့ ကိစ္စတစ်ခုအတွက် ကျမတို့ဘာမှမတတ်နိုင်ပါဘူး ..
★ အကြောင်းမရှိပဲ တစ်စုံတစ်ယောက်က ..ကိုယ့်ကိုစောင်းမြောင်းတိုက်ခိုက်နေတာမျိုး ..ရောက်ရာအရပ်မှာ ကိုယ့်အကြောင်း မကောင်းကိုသာရှာကြံ ပြောဆိုနေတတ်တာမျိုး ..
တစ်ဦးနဲ့တစ်ဦး မကျေနပ်ချက်ဆိုတာဟာ အပြန်အလှန်မှ ဖြစ်တတ်တာမဟုတ်ဘူး .. တစ်ဖက်သတ်လည်း ဖြစ်တတ်တာရှိတယ် .. အကြောင်းအမျိုးမျိုးကြောင့် လူတစ်ယောက်အပေါ် မကျေမနပ်ဖြစ်နေနိုင်တယ် .. မကောင်းတာလုပ်မှ လူစ်ယောက်က မကျေမနပ် ဖြစ်နိုင်တာမဟုတ်ဘူး .
ကောင်းလွန်းအားကြီးရင်လည်းပဲ မကျေမနပ် ဖြစ်လာတတ်တယ်ဆိုတာ ကျမနားလည်တတ်တာကြာပြီ .. ကောင်းတာသာလုပ်တဲ့ လူတစ်ယောက်ကို မကောင်းတာလုပ်တတ်တဲ့သူမျိုးက အမြဲရှိန်ပါတယ် .. ကိုယ်က သူ့လောက်မကောင်းနိုင်တဲ့အခါ အတွင်းမသိစိတ်က သူ့ကောင်းမှုအပေါ် ချီးမွမ်းလိုသောစေတနာ မဖြစ်ထွန်းတတ်တော့ဘူး
သူ့ကို ချီးမွမ်းရခြင်းဟာ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင်ပြန်အသိပေးသလို ခံစားရစေတဲ့အတွက် ကိုယ့်ရဲ့အဇ္စျတ္တမာနကို ထိခိုက်စေတယ် .. စိတ်ရင်းမှန်နဲ့ သူကဲ့သို့မပြုနိုင် , မနေနိုင် , မယှဉ်နိုင်တဲ့အခါ သူ့ထက်ကိုယ်ကတစ်ဆင့်သာဖို့ လုပ်ကြံန်တီးမှု လိုလာပါတယ် ..
အဲဒိအခါ အလိုလိုနေရင်း သူများမကောင်းကြောင်း ပြောနေမိတဲ့ဘဝကို ရောက်ကြပါတယ် .. ဒီနေရာမှာ မကောင်းတာကို မကောင်းတဲ့အတိုင်း ဝေဖန်မှု , နစ်နာစေလိုသော အထင်မှားစေလိုသော သဘောမပါပဲ ပြောဆိုမှုမျိုးကို မဆိုလိုပါဘူး .. ‘၁’ ကို သူဖက်ကကြည့်လို့ ‘င’ ထင်ပြီးပြောဆိုတာဟာ သူမမှန်ကန်သည့်တိုင်အောင် အပြစ်ပြောဖွယ်မရှိပါဘူး .. ‘၁’ ကို သုညတွေတိုးပြီး ‘၁၀၀’ လို့ပြောတာမျိုး ‘၁’ ကို ဘာမှမဆိုင်တဲ့ ‘၉’ လို့ပုံဖျက်လုပ်ကြံ ပြောတာမျိုးကိုသာ ဆိုလိုပါတယ် ..
အဲသလိုဖြစ်စဉ်မျိုးမှာ တုန့်ပြန်ပုံ ၂မျိုးရှိတတ်ပါတယ် .. ရင်ဆိုင်ဖြေရှင်းခြင်းနဲ့ ဥပေက္ခာပြုခြင်းပါ .. ဘယ်လမ်းကိုရွေးခြယ်ကြသလဲဆိုတာက ပင်ကိုယ်ဗီဇအပေါ်မူတည်ပါတယ် .. ဘယ်ဟာမှန်တယ် ဘယ်ဟာမှားတယ် သတ်မှတ်ဖို့ခက်ပါတယ် ..ဘယ်လမ်းကိုရွေးခြယ်ရမလဲ လို့ မေးလာရင်လည်း အဖြေခက်ပါတယ်
လူတိုင်းမှာ မိမိဘဝကို မိမိဖြတ်သန်းရာမှာ ဘယ်ပုံဘယ်နည်း ဖြတ်သန်းလျှောက်လှမ်းမယ်လို့ အလိုလိုရွေးခြယ်ထားပြီးသား ဘဝနေနည်း ကိုယ်စီရှိပါတယ် .. အချို့က ငြိမ်သက်အေးချမ်းခြင်းကို လိုလားတယ် .. အချို့က ဆတ်ဆတ်ထိမခံ ကြက်ခေါငးဆိတ်မခံတဲ့မူကို လက်ကိုင်ထားတယ် ..
အချို့က ရန်ရှောင်တယ် .. အချို့က ပြသနာနဲ့လုံးထွေးနေရမှ နေသာထိုင်သာရှိတယ် .. အချို့က အုံ့ပုန်း .. အချို့က ဘာမှမဖြစ်ခင်ကထဲက အကန်တွေကြိုခံထားတယ် .. အမျိုးမျိုးသောစရိုက်တွေနဲ့ မိမိနှစ်သက်သလို ရပ်တည်နေကြရာမှာ မိမိရွေးခြယ်ရပ်တည်မှုကို ကိုယ့်ဘာသာယုံကြည်ချက်ရှိဖို့ အရေးအကြီးဆုံးပါ ..
ကြိုက်သလို စိတ်ချမ်းသာသလို ရွေးခြယ်နေထိုင်နိုင် တုန့်ပြန်နိုင်ကြပါတယ် .. ကိုယ့်ဘဝမှာ ကိုယ့်ရွေးခြယ်မှုတိုင်းကို ပတ်ဝန်းကျင်ကလည်း တစ်စိတ်တစ်ဒေသ အမှတ်တမဲ့မြင်နေကြတာမို့ ကိုယ့်လုပ်ရပ်ဟာ ကိုယ်ဘယ်လိုလူစားလဲဆိုတဲ့ သတ်မှတ်ခက်ပါပဲ .. တစ်ဖက်က တိုက်ခိုက်မှုဆိုတာမျိုးဟာ အဲဒိတစ်ဖက်လူရဲ့ စိတ်နေစရိုက်သဘာဝ အခန်းကဏ္ဍသက်သက် ဖြစ်တဲ့အတွက် ဒီလိုဖြစ်ရပ်မျိုး မကြုံရဖို့ ကျမတို့ဘာမှမတတ်နိုင်ပါဘူး ..
★ ကျမတို့ဘဝမှာလူချစ်ခံရခြင်း , လူမုန်းခံရခြင်း , မချစ်မမုန်းသတိပြုမခံရခြင်း ဆိုပြီးအခြေအနေ ၃ရပ် ကြုံရတတ်ပါတယ် ..
မိမိရဲ့မွေးရာပါကံ , စန်း , အကျိုးပေးအပေါ်မှာ မိမိအပြုအမူ မိမိအလုပ်က သက်ရောက်တဲ့အကျိုး ပေါင်းစပ်ပြီး အဲဒိအခြေအနေတွေ ပြဌာန်းသက်ရောက်ပါတယ် .. မွေးရာပါ ကံ , စန်း , အကျိုးပေးကို ဘယ်သူမှဘယ်လိုမှ ယှဉ်ပြိုင်ပြောင်းလဲလို့မရဘူး .. လက်ရှိအပြုအမူကိုသာ ယှဉ်ပြိုင်နိုင်ပါတယ် ..
မွေးရာပါအကျိုးပေးကံက မျက်နှာမြင် မချစ်ခင်စေဘူး , စန်းမပွင့်ဘူးဆိုတဲ့သူဟာ လူ့အသိုင်းအဝိုင်းအပေါ် ကောင်းစွာပြုမူ နေထိုင်မယ်ဆိုရင် ပါတ်ဝန်းကျင်ရဲ့ မေတ္တာသက်ရောက်မှုကို အနည်းနဲ့အများတော့ ရလာမှာပါ .. မကောင်းတာချည်းလုပ်နေမယ်ဆိုရင်တော့ လောကရဲ့အော့ကြောလန် ဖြစ်နေမှာပါပဲ
မွေးရာပါအကျိုးပေးကံက မျက်နှာမြင်ချစ်ခင်စေတယ် , စန်းပွင့်နေတယ်ဆိုတဲ့သူမျိုး လူ့အသိုင်းအဝိုင်းအပေါ် ကောင်းစွာပြုမူနေထိုင်မယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့အင်မတန် ချစ်မြတ်နိုးခြင်းကိုခံရမှာပါ .. မွေးရာပါ စန်းပွင့်လှပေမယ့် မိမိအပြုအမူအနေအထိုင်က ပတ်ဝနးကျင်အပေါ် အနှောက်အရှက်ပြုလွန်းရင်တော့ ရှိနှင့်တဲ့ ကုသိုလ်ကံ စန်းဟာ မှေးမှိန်လျော့ပါးသွားမှာပါပဲ .. အင်မတန်ရိုးရှင်းတဲ့ နိယာမပါ ..
လောကမှာ အမြဲတမ်းအချစ်ခံရသူ အမြဲတမ်း အမုန်းခံရသူဆိုတာ ရှားပါတယ် .. လူ့လောကကြီးမှာ အကြောင်းအကျိုးတွေ အနည်းနည်းအပြားပြား ဖြစ်ချည်ပျက်ချည် သွားနေတာမို့ ဘယ်အရာကိုမဆို တရားသေမှတ်ယူထားဖို့မသင့်ပါဘူး .. ကိုယ့်ကိုဆရင် လူတွေကမုန်းကြတယ်လို့ ထင်မှတ်နေခြင်း , ကိုယ့်ဘာလုပ်လုပ် လူတွေကချစ်ကြလိမ့်မယ်လို့ ထင်မှတ်နေခြင်းတွေဟာ အယူမှားတွေပါ
အမိဝမ်းကကျွတ်ကထည်းက ဘယ်သူနဲ့ဘယ်သူမှ သစ္စာဆိုပြီး မွေးလာတာမဟုတ်ကြပါဘူး .. မိမိကို မေတ္တာမရှိသူသည်လည်း အမှတ်မထင် မေတ္တာသက်ရောက်လာနိုင်သလို မိမိအပေါ်ချစ်ခင်နေသူသည်လည်း အချိန်မရွေး မုန်းသွားနိုင်တာပါပဲ .. လာကီကိစ္စမှာ ထာဝရမသေမချင်း ကိုယ်ပိုင်ဆိုင်သွားနိုင်တဲ့ အရာဆိုတာမျိုး မရှိပါဘူး ..
အဲဒါကြောင့် ကိုယ့်အပေါ်အေးစက်သွားခြင်း , စိမ်းကားသွားခြင်း , မလိုမုန်းထားခြင်း , တိုက်ခိုက်ခြင်းတို့အပေါ် အကြီးအကျယ် ခံစားနာကျင်နေဖို့မလိုပါဘူး .. ကိုယ့်ဘဝပျက်သွားမှာ မဟုတ်တဲ့အတွက် အလိုက်အထိုက်သာ နှလုံးသွင်းပြီး နေတတ်ရပမယ် .. လိုအပ်သလို လျစ်လျူရှုနိုင်ရပါမယ် .. ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ရဲ့ ကိုယ်, နှုတ် , နှလုံးသုံးပါးကို ကြိုးကိုင်ဖို့ဆိုတာ ကျမတို့ ဘယ်လိုမှမတတ်နိုင်ပါဘူး ..
လမင်းမိုမို
#ဆရာမWallမှကော်ပီယူပြန်တင်ပါတယ်။