ၾကားသိရသမွ်

“လင္‌ေယာက္်ားျဖစ္သူအားလူငွား thatခိုင္းသည့္လူthatမႈ‌ေဖာ္ထုတ္ဖမ္းဆီး”

Zawgyi

“လင္‌ေယာက္်ားျဖစ္သူအားလူငွား thatခိုင္းသည့္လူthatမႈ‌ေဖာ္ထုတ္ဖမ္းဆီး”

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္ ‌ေမတၱာလင္းၿမိဳင္‌ေက်း႐ြာတြင္ ညပိုင္းက ျဖစ္ ပြားခဲ့‌ေသာ ဇနီးျဖစ္သူမွ လင္‌ေယာက္်ားျဖစ္သူကို လူငွားၿပီးသတ္ခိုင္းခဲ့သည့္ လူသတ္မႈျဖစ္စဥ္အား ယ‌ေန႔တြင္ အမႈက်ဴးလြန္သူတရားခံမ်ားအား ‌ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည္ဟု ျမဝတီၿမိဳ႕မရဲစခန္း သတင္းအရ သိရသည္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္ မယ္‌ေထာ္သ‌ေလး‌ေက်း႐ြာအုပ္စု ‌ေမတၱာလင္းၿမိဳင္‌ေက်း႐ြာတြင္ နံနက္ ၈ နာရီအခ်ိန္ခန႔္က ကိုမ်ိဳး‌ေအး (၄၇ႏွစ္) ဆိုသူမွာ‌ေနအိမ္၌ ဓားဒဏ္ရာျဖင့္ ‌ေသဆုံး‌ေန‌ေၾကာင္းသတင္းအရ ျမဝတီၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး‌ေအာင္‌ေက်ာ္ဦး ဦးစီးသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ‌ေက်း႐ြာတာဝန္ရွိသူမ်ားသည္ သြား‌ေရာက္စစ္‌ေဆးရာတြင္ ‌ေသဆုံးသူ ကိုမ်ိဳး‌ေအးမွာ ၎အိမ္၏အိမ္‌ေရွ႕ခန္းတြင္ ဝမ္းဗိုက္၌ ထိုးသြင္းဒဏ္ရာရရွိၿပီး‌ေသဆုံး‌ေနသည္ကို စစ္‌ေဆး‌ေတြ႕ရွိခဲ့သည္။

ထို႔‌ေၾကာင့္ တစ္အိမ္တည္းအတူ‌ေန ဇနီးျဖစ္သူ မဇာနီျမင့္အားစစ္‌ေဆး‌ေမးျမန္းခဲ့ရာတြင္ ဇနီးျဖစ္သူမွ အခင္းျဖစ္ သည့္ ည ၉ နာရီအခ်ိန္ခန႔္တြင္ အိမ္၏‌ေနာက္ဘက္ခန္းတြင္ အိပ္ယာဝင္ခဲ့ၿပီး ‌ေယာက္်ားျဖစ္သူမွာ အိမ္‌ေရွ႕ခန္း တြင္အိပ္‌ေၾကာင္း၊ နံနက္မိုးလင္းအိပ္ယာႏိုးသည့္အခ်ိန္၌ အိမ္‌ေရွ႕ခန္းတြင္ အိပ္စက္‌ေသာလင္‌ေယာက္်ား ကိုမ်ိဳး ‌ေအးမွာ ဝမ္းဗိုက္တြင္ ဓားဒဏ္ရာျဖင့္ ‌ေသဆုံး‌ေန‌ေၾကာင္း ကနဦးအစစ္ခံထြက္ဆိုခဲ့သည္ဟု ရဲတပ္ဖြဲ႕မွတ္တမ္း တြင္ ‌ေဖာ္ျပထားသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမဝတီခ႐ိုင္ရဲမႉးႀကီး ဒုရဲမႉးႀကီး ျပည့္စုံ၏ လမ္းၫႊန္ခ်က္ျဖင့္ စခန္းမႉး ဒုရဲမႉး‌ေအာင္ ‌ေက်ာ္ဦးမွ နယ္ထိန္းအရာရွိ ဒုရဲအုပ္မင္းမင္းထြန္းပါဝင္‌ေသာ ရဲတပ္ဖြဲ႕ဝင္မ်ားက ‌ေသဆုံးသူ ကိုမ်ိဳး‌ေအး၏ ဇနီးအား ပရိယာယ္သုံး စစ္‌ေဆးခဲ့မႈ‌ေၾကာင့္ ၎၏‌ေယာက္်ားမွာ အၿမဲတမ္းသဝန္တို‌ေနၿပီး ဘယ္ကိုမွမသြားရဘဲ အက်ယ္ ခ်ဳပ္က်သလို ခံစား‌ေနရၿပီး ႐ိုက္ႏွက္ႏွိပ္စက္ခံရမႈမ်ား မၾကာခဏခံစား‌ေနရသည့္အတြက္ လူငွါးၿပီးသတ္ခိုင္းသည္ ဟု ဝန္ခံထြက္ဆိုခဲ့သည္။

၎၏ ဝန္ခံထြက္ဆိုခ်က္အရ လူသတ္မႈက်ဴးလြန္သူမ်ားျဖစ္‌ေသာ ျမဝတီၿမိဳ႕အမွတ္ ၃ ရပ္ကြက္၊ ကြၽန္း ‌ေတာရပ္‌ေန ‌ေဝႏိုင္ၿဖိဳး(ခ)ကုလား(၂ဝ)ႏွစ္ႏွင့္ မိုးမင္းသန္း(ခ)‌ေပါက္ပန္း(၃၃)ႏွစ္ တို႔ ၂ ဦးအားရွာ‌ေဖြ‌ေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့‌ေၾကာင္း ျမဝတီၿမိဳ႕မရဲစခန္းထံမွ သိရသည္။

လင္‌ေယာက္်ားအား လူငွါးသတ္ခိုင္းခဲ့သူ မဇာနီျမင့္(၄၂)ႏွစ္ႏွင့္ လူသတ္မႈက်ဴးလြန္သူ ‌ေဝႏိုင္ၿဖိဳး(ခ)ကုလားႏွင့္ မိုးမင္းသန္း(ခ) ‌ေပါက္ပန္းတို႔ ၃ ဦးအား ျမဝတီၿမိဳ႕မ ရဲစခန္း၏(ပ) ၅၆/၂ဝ၂ဝ၊ ရာဇသတ္ႀကီးပုဒ္မ ၃ဝ၂ ျဖင့္ အ‌ေရးယူထား‌ေၾကာင္း သိရသည္။

Zawgyi

“လင်‌ယောက်ျားဖြစ်သူအားလူငှား thatခိုင်းသည့်လူthatမှု‌ဖော်ထုတ်ဖမ်းဆီး”

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌မေတ္တာလင်းမြိုင်‌ကျေးရွာတွင် ညပိုင်းက ဖြစ် ပွားခဲ့‌သော ဇနီးဖြစ်သူမှ လင်‌ယောက်ျားဖြစ်သူကို လူငှားပြီးသတ်ခိုင်းခဲ့သည့် လူသတ်မှုဖြစ်စဉ်အား ယ‌နေ့တွင် အမှုကျူးလွန်သူတရားခံများအား ‌ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု မြဝတီမြို့မရဲစခန်း သတင်းအရ သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ် မယ်‌ထော်သ‌လေး‌ကျေးရွာအုပ်စု ‌မေတ္တာလင်းမြိုင်‌ကျေးရွာတွင် နံနက် ၈ နာရီအချိန်ခန့်က ကိုမျိုး‌အေး (၄၇နှစ်) ဆိုသူမှာ‌နေအိမ်၌ ဓားဒဏ်ရာဖြင့် ‌သေဆုံး‌နေ‌ကြောင်းသတင်းအရ မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး‌အောင်‌ကျော်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ‌ကျေးရွာတာဝန်ရှိသူများသည် သွား‌ရောက်စစ်‌ဆေးရာတွင် ‌သေဆုံးသူ ကိုမျိုး‌အေးမှာ ၎င်းအိမ်၏အိမ်‌ရှေ့ခန်းတွင် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာရရှိပြီး‌သေဆုံး‌နေသည်ကို စစ်‌ဆေး‌တွေ့ရှိခဲ့သည်။

ထို့‌ကြောင့် တစ်အိမ်တည်းအတူ‌နေ ဇနီးဖြစ်သူ မဇာနီမြင့်အားစစ်‌ဆေး‌မေးမြန်းခဲ့ရာတွင် ဇနီးဖြစ်သူမှ အခင်းဖြစ် သည့် ည ၉ နာရီအချိန်ခန့်တွင် အိမ်၏‌နောက်ဘက်ခန်းတွင် အိပ်ယာဝင်ခဲ့ပြီး ‌ယောက်ျားဖြစ်သူမှာ အိမ်‌ရှေ့ခန်း တွင်အိပ်‌ကြောင်း၊ နံနက်မိုးလင်းအိပ်ယာနိုးသည့်အချိန်၌ အိမ်‌ရှေ့ခန်းတွင် အိပ်စက်‌သောလင်‌ယောက်ျား ကိုမျိုး ‌အေးမှာ ဝမ်းဗိုက်တွင် ဓားဒဏ်ရာဖြင့် ‌သေဆုံး‌နေ‌ကြောင်း ကနဦးအစစ်ခံထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်း တွင် ‌ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီး ပြည့်စုံ၏ လမ်းညွှန်ချက်ဖြင့် စခန်းမှူး ဒုရဲမှူး‌အောင် ‌ကျော်ဦးမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်မင်းမင်းထွန်းပါဝင်‌သော ရဲတပ်ဖွဲ့ဝင်များက ‌သေဆုံးသူ ကိုမျိုး‌အေး၏ ဇနီးအား ပရိယာယ်သုံး စစ်‌ဆေးခဲ့မှု‌ကြောင့် ၎င်း၏‌ယောက်ျားမှာ အမြဲတမ်းသဝန်တို‌နေပြီး ဘယ်ကိုမှမသွားရဘဲ အကျယ် ချုပ်ကျသလို ခံစား‌နေရပြီး ရိုက်နှက်နှိပ်စက်ခံရမှုများ မကြာခဏခံစား‌နေရသည့်အတွက် လူငှါးပြီးသတ်ခိုင်းသည် ဟု ဝန်ခံထွက်ဆိုခဲ့သည်။

၎င်း၏ ဝန်ခံထွက်ဆိုချက်အရ လူသတ်မှုကျူးလွန်သူများဖြစ်‌သော မြဝတီမြို့အမှတ် ၃ ရပ်ကွက်၊ ကျွန်း ‌တောရပ်‌နေ ‌ဝေနိုင်ဖြိုး(ခ)ကုလား(၂ဝ)နှစ်နှင့် မိုးမင်းသန်း(ခ)‌ပေါက်ပန်း(၃၃)နှစ် တို့ ၂ ဦးအားရှာ‌ဖွေ‌ဖော်ထုတ် ဖမ်းဆီးရမိခဲ့‌ကြောင်း မြဝတီမြို့မရဲစခန်းထံမှ သိရသည်။

လင်‌ယောက်ျားအား လူငှါးသတ်ခိုင်းခဲ့သူ မဇာနီမြင့်(၄၂)နှစ်နှင့် လူသတ်မှုကျူးလွန်သူ ‌ဝေနိုင်ဖြိုး(ခ)ကုလားနှင့် မိုးမင်းသန်း(ခ) ‌ပေါက်ပန်းတို့ ၃ ဦးအား မြဝတီမြို့မ ရဲစခန်း၏(ပ) ၅၆/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အ‌ရေးယူထား‌ကြောင်း သိရသည်။