ၾကားသိရသမွ်

အွန်လိုင်းပေါ်မှာ မြန်မာစုံတွဲ ကိုယ်တိုင်ရိုက်တွေ တနေ့ကို ၁၀ကားလောက် နေ့စဉ်မြင်တွေ့နေရတယ်…

အွန်လိုင်းပေါ်မှာ မြန်မာစုံတွဲ ချောင်းရိုက်တွေ ကိုယ်တိုင်ရိုက်တွေ တစ်နေ့ကို ၁၀ ကားလောက် နေ့စဉ် မြင်တွေ့နေရပါတယ်။ အဲဒီကာယကံရှင် တွေရဲ့သားစဉ်မျိုးဆက်..အဲဒီကားတွေ မြင်တွေ့နေကြရမှာပါ …။

တစ်ချိန်မှာ ငါ့အဖေတွေ ငါ့အမေတွေဆိုပြီး သူတို့သားသမီးတွေလည်းမြင်နေကြ ရမှာဆိုတော့တွေးကြည့်ရင်….ပြသာနာအကြီးကြီးတွေပါ။မသိနားမလည်တဲ့ ညီမလေးများအတွက် ရည်ရွယ်ပါတယ်။ မြင်ရတွေ့ရတာတွေ စိတ်မကောင်းစရာတွေမို့ပါ

တစ်နေ့တစ်နေ့ ချက်ဘောက်ရီကွက်စ်ထဲမှာ လာအကြံဉာဏ်တောင်းကြတဲ့ မက်ဆေ့ချ်အများစုမှာ တူညီတဲ့အကြောင်းတစ်ခု ရှိပါတယ်။ ချစ်သူနဲ့ အတူနေ နယ်ကျွံကြတဲ့အခါ မှတ်တမ်းတင်ခံရတဲ့ ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာပါပဲ …။

အချို့ဆို အကြောင်းအမျိုးမျိုးကြောင့် ဒီလူကို ဆက်လက်တွဲဖို့ မဖြစ်နိုင်တော့တာတောင်မှ ဒီလိုRecordတွေ ပေါက်ကြားမှာစိုးရိမ်လို့ ကြိတ်မှိတ်ရှေ့ဆက်နေရတာတွေ၊ အချို့ဆိုရင် လုံးဝပြတ်သွားပြီး သူ့စော်နဲ့သူ၊ ကိုယ့်ဘဲနဲ့ကိုယ် ဖြစ်နေတာတောင်မှ လှမ်းခေါ်ရင် သွားအိပ်ပေးရတဲ့ အခမဲ့ပြည့်တန်ဆာဘဝကို ရောက်မှန်းမသိ ရောက်နေရတဲ့ ရင်နာစရာ ဖြစ်ရပ်တွေ တကယ်ကြီးကို ရှိနေတာပါ …။

အခုနောက်ပိုင်း အင်တာနက်မှာ မကြာခဏ ဆက် Tape တွေ ပျံ့နှံ့ ကြပါတယ်။ လူသိများသူတွေရဲ့ ကိစ္စဆို ပိုဝက်ဝက်ကွဲကြသလို လူမသိတဲ့ ကောင်မလေးတွေရဲ့ Sex Tapeတွေလည်း Home Madeဆိုပြီး ယောက်ျားလေးတွေရဲ့ ချက်ဘောက်တွေထဲမှာ ပျံ့နှံ့နေတာတွေ အများကြီးပါ …။

ယောက်ျားတွေကို နှမချင်းသားချင်း ကိုယ်ချင်းစာပါ၊ မကြည့်ပါနဲ့ မဖြန့်ပါနဲ့ တားလို့မရသလို ဒါက သူတို့ရဲ့ ကိစ္စဖြစ်သွားပြီ။ သူတို့ကိုယ်တိုင် သူများPrivacyကို ချိုးဖောက်ပြီး ချောင်းရိုက်ထားပြီး ဖြန့်ရင်တော့ ယုတ်မာတယ်လို့ ပြောလို့ရပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ပျံ့လာတဲ့ Video Fileတွေကိုတော့ မကြည့်နဲ့ သွားပြောလို့ မရပါဘူး။ မကြည့်စေချင်ရင် မပျံ့စေနဲ့။ မပျံ့စေချင်ရင် မရိုက်နဲ့။ ဒါပဲ

ပျံ့နှံ့လာတဲ့ ဆက် Video တွေအများစုဟာ ခိုးရိုက်ခံရတာ၊ ချောင်းရိုက်ခံရတာထက် တမင်ကို နှစ်ဦးသဘောတူ ရိုက်ထားကြတာတွေ များတယ်။ ယောက်ျားလေးက ကင်မရာကိုင်ပြီး ပေါ်တင်ကြီးကို ရိုက်ထားတာ။ မိန်းကလေးကလည်း အဲ့လို အရိုက်ခံရတာကို လိုလိုချင်ချင်ဟန်ပန်တွေ။ကိုယ့်ချစ်သူကို ယုံတယ်ဆိုတာ အတိုင်းအတာ ရှိပါတယ် …။

နောက်ဆုံး ချစ်သူက ယုံရတယ်ဆိုရင်အောင် အကြောင်းအမျိုးမျိုးနဲ့ ပေါက်ကြားတာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ- ဖုန်းခိုးခံရတာတို့၊ ဖုန်းထဲမှာ ဖျက်ထားတယ်ဆိုပြီး စိတ်ချမေ့လျော့နေပြီး ဖုန်းပျက်လို့ ပြင်ဆိုင်ပို့ရင်း နည်းပညာကျွမ်းကျင်သူတွေက Recovery ပြန်ဆွဲခံရတာကတဆင့် ပေါက်ကြားတာတို့၊ ချစ်သူချင်း အချစ်နလံထပြီး ချက်ဘောက်က လျှို့ဝှက်အပ်တာတွေ ပို့ကြ၊ အကောင့်အဟက်ခံရတာကတဆင့် အဖြန့်ခံရတာတို့ စသဖြင့်ပေါ့ …။

ဘဝမှာ အမှားတွေ ရှိတတ်ကြပါတယ်။ ပြင်လို့ရတဲ့အမှားရယ် ပြင်လို့မရတဲ့အမှားရယ်၊ မေ့ပျောက်သွားနိုင်တဲ့ အမှားရယ် အရိပ်လိုလိုက်နေမယ့် အမှားရယ်။အမှားဆိုကတည်းက ရှောင်သင့်တဲ့အရာပါ မရှောင်နိုင်ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဘယ်လိုနည်းလမ်းနဲ့ မှားမလဲဆိုတာတော့ အသက်သာဆုံးဖြစ်အောင် ရွေးချယ်ရမှာပါပဲ …။

လက်မထပ်ဘဲ အတူနေခြင်းကို အားမပေးပါဘူး။ဒါပေမယ့် ခေတ်ကာလက အဲ့ဒါတွေပြောလို့ ဆေးမတိုးနိုင်တော့ဘူးလားပဲ။ နှစ်ယောက်တစ်ဘဝ ပေါင်းစပ်လက်ထပ်ယူခဲ့ကြသူတွေတောင် အကြောင်းမသင့်ရင် ကွဲကွာတတ်ကြသေးတာ၊ ခန္ဓာကိုယ်ချင်း ရင်းနှီးလိုက်တာနဲ့ တစ်သက်လုံး လက်တွဲသွားကြမယ် ယူဆတာ တော်တော်မှားပါတယ် …။

ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရတဲ့ခေတ်မှာ ချစ်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ အခြားလူကို ပစ်ယုံဖို့ဆိုတာ တော်တော်ကြောက်စရာကောင်းပါတယ်။လူယုတ်မာဆိုတာ နှဖူးမှာ စာရေးမထားဘူး။ ရုပ်ရှင်တွေထဲကလို အဆီပြန်နေတဲ့ တဏှာရူးရုပ်တွေကမှ လူယုတ်မာမဟုတ်ဘူး။ ကိုယ်သိပ်ချစ်ရတဲ့ ကိုယ့်ရဲ့မင်းသားလေးဟာလည်း အစွယ်ပြူးပြူးနဲ့ ဘီလူးဖြစ်နေနိုင်တာပါပဲ …။

အတိုပြောရရင် ငြင်းပယ်ပါ။ ချစ်လို့ အလိုလိုက်တာတောင် အတော်လွန်လှပါပြီ။ ကိုယ့်လည်ပင်းကို စွပ်မယ့်ကြိုးကွင်းကို ကိုယ်တိုင်ယက်ပြီး သူများလက်ထဲအပ်ဖို့အထိတော့ မနုံလိုက်ပါနဲ့။ မနေနိုင်လို့ပါအချစ်ရယ်ဆိုတာမှာ မနေနိုင်တာကို လိုက်လျောတာ ကိုယ့်ကိစ္စပါ။ ကင်မရာကြီးကိုင်ပြီး မနေနိုင်တဲ့ အဖြစ်ဆိုရင်တော့ ချက်ကောင်းသာ ဒူးနဲ့ပစ်တိုက်လိုက်ပါ။ နေနိုင်သွားပါလိမ့်မယ် ..။

တစ်ဘဝလုံး စောက်ကျိုးနည်းမယ့်ကိစ္စမို့ တစ်ယောက်ပဲ လက်ခံလက်ခံ မနည်းဘူးလို့ ယူဆလို့ ရေးလိုက်ရပါတယ် ယုန်မလေးတို့ရေ …။ ။

zawgyi

အြန္လိုင္းေပၚမွာ ျမန္မာစုံတြဲ ေခ်ာင္း႐ိုက္ေတြ ကိုယ္တိုင္႐ိုက္ေတြ တစ္ေန႔ကို ၁၀ ကားေလာက္ ေန႔စဥ္ ျမင္ေတြ႕ေနရပါတယ္။ အဲဒီကာယကံရွင္ ေတြရဲ႕သားစဥ္မ်ိဳးဆက္..အဲဒီကားေတြ ျမင္ေတြ႕ေနၾကရမွာပါ …။

တစ္ခ်ိန္မွာ ငါ့အေဖေတြ ငါ့အေမေတြဆိုၿပီး သူတို႔သားသမီးေတြလည္းျမင္ေနၾက ရမွာဆိုေတာ့ေတြးၾကည့္ရင္….ျပသာနာအႀကီးႀကီးေတြပါ။မသိနားမလည္တဲ့ ညီမေလးမ်ားအတြက္ ရည္႐ြယ္ပါတယ္။ ျမင္ရေတြ႕ရတာေတြ စိတ္မေကာင္းစရာေတြမို႔ပါ

တစ္ေန႔တစ္ေန႔ ခ်က္ေဘာက္ရီကြက္စ္ထဲမွာ လာအႀကံဉာဏ္ေတာင္းၾကတဲ့ မက္ေဆ့ခ်္အမ်ားစုမွာ တူညီတဲ့အေၾကာင္းတစ္ခု ရွိပါတယ္။ ခ်စ္သူနဲ႔ အတူေန နယ္ကြၽံၾကတဲ့အခါ မွတ္တမ္းတင္ခံရတဲ့ ကိစၥေတြကို ဘယ္လိုေျဖရွင္းရမလဲ ဆိုတာပါပဲ …။

အခ်ိဳ႕ဆို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒီလူကို ဆက္လက္တြဲဖို႔ မျဖစ္ႏိုင္ေတာ့တာေတာင္မွ ဒီလိုRecordေတြ ေပါက္ၾကားမွာစိုးရိမ္လို႔ ႀကိတ္မွိတ္ေရွ႕ဆက္ေနရတာေတြ၊ အခ်ိဳ႕ဆိုရင္ လုံးဝျပတ္သြားၿပီး သူ႔ေစာ္နဲ႔သူ၊ ကိုယ့္ဘဲနဲ႔ကိုယ္ ျဖစ္ေနတာေတာင္မွ လွမ္းေခၚရင္ သြားအိပ္ေပးရတဲ့ အခမဲ့ျပည့္တန္ဆာဘဝကို ေရာက္မွန္းမသိ ေရာက္ေနရတဲ့ ရင္နာစရာ ျဖစ္ရပ္ေတြ တကယ္ႀကီးကို ရွိေနတာပါ …။

အခုေနာက္ပိုင္း အင္တာနက္မွာ မၾကာခဏ ဆက္ Tape ေတြ ပ်ံ႕ႏွံ႔ ၾကပါတယ္။ လူသိမ်ားသူေတြရဲ႕ ကိစၥဆို ပိုဝက္ဝက္ကြဲၾကသလို လူမသိတဲ့ ေကာင္မေလးေတြရဲ႕ Sex Tapeေတြလည္း Home Madeဆိုၿပီး ေယာက္်ားေလးေတြရဲ႕ ခ်က္ေဘာက္ေတြထဲမွာ ပ်ံ႕ႏွံ႔ေနတာေတြ အမ်ားႀကီးပါ …။

ေယာက္်ားေတြကို ႏွမခ်င္းသားခ်င္း ကိုယ္ခ်င္းစာပါ၊ မၾကည့္ပါနဲ႔ မျဖန႔္ပါနဲ႔ တားလို႔မရသလို ဒါက သူတို႔ရဲ႕ ကိစၥျဖစ္သြားၿပီ။ သူတို႔ကိုယ္တိုင္ သူမ်ားPrivacyကို ခ်ိဳးေဖာက္ၿပီး ေခ်ာင္း႐ိုက္ထားၿပီး ျဖန႔္ရင္ေတာ့ ယုတ္မာတယ္လို႔ ေျပာလို႔ရေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ပ်ံ႕လာတဲ့ Video Fileေတြကိုေတာ့ မၾကည့္နဲ႔ သြားေျပာလို႔ မရပါဘူး။ မၾကည့္ေစခ်င္ရင္ မပ်ံ႕ေစနဲ႔။ မပ်ံ႕ေစခ်င္ရင္ မ႐ိုက္နဲ႔။ ဒါပဲ

ပ်ံ႕ႏွံ႔လာတဲ့ ဆက္ Video ေတြအမ်ားစုဟာ ခိုး႐ိုက္ခံရတာ၊ ေခ်ာင္း႐ိုက္ခံရတာထက္ တမင္ကို ႏွစ္ဦးသေဘာတူ ႐ိုက္ထားၾကတာေတြ မ်ားတယ္။ ေယာက္်ားေလးက ကင္မရာကိုင္ၿပီး ေပၚတင္ႀကီးကို ႐ိုက္ထားတာ။ မိန္းကေလးကလည္း အဲ့လို အ႐ိုက္ခံရတာကို လိုလိုခ်င္ခ်င္ဟန္ပန္ေတြ။ကိုယ့္ခ်စ္သူကို ယုံတယ္ဆိုတာ အတိုင္းအတာ ရွိပါတယ္ …။

ေနာက္ဆုံး ခ်စ္သူက ယုံရတယ္ဆိုရင္ေအာင္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေပါက္ၾကားတာေတြ ျဖစ္တတ္ပါတယ္။ ဥပမာ- ဖုန္းခိုးခံရတာတို႔၊ ဖုန္းထဲမွာ ဖ်က္ထားတယ္ဆိုၿပီး စိတ္ခ်ေမ့ေလ်ာ့ေနၿပီး ဖုန္းပ်က္လို႔ ျပင္ဆိုင္ပို႔ရင္း နည္းပညာကြၽမ္းက်င္သူေတြက Recovery ျပန္ဆြဲခံရတာကတဆင့္ ေပါက္ၾကားတာတို႔၊ ခ်စ္သူခ်င္း အခ်စ္နလံထၿပီး ခ်က္ေဘာက္က လွ်ိဳ႕ဝွက္အပ္တာေတြ ပို႔ၾက၊ အေကာင့္အဟက္ခံရတာကတဆင့္ အျဖန႔္ခံရတာတို႔ စသျဖင့္ေပါ့ …။

ဘဝမွာ အမွားေတြ ရွိတတ္ၾကပါတယ္။ ျပင္လို႔ရတဲ့အမွားရယ္ ျပင္လို႔မရတဲ့အမွားရယ္၊ ေမ့ေပ်ာက္သြားႏိုင္တဲ့ အမွားရယ္ အရိပ္လိုလိုက္ေနမယ့္ အမွားရယ္။အမွားဆိုကတည္းက ေရွာင္သင့္တဲ့အရာပါ မေရွာင္ႏိုင္ဘူးဆိုရင္လည္း ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုနည္းလမ္းနဲ႔ မွားမလဲဆိုတာေတာ့ အသက္သာဆုံးျဖစ္ေအာင္ ေ႐ြးခ်ယ္ရမွာပါပဲ …။

လက္မထပ္ဘဲ အတူေနျခင္းကို အားမေပးပါဘူး။ဒါေပမယ့္ ေခတ္ကာလက အဲ့ဒါေတြေျပာလို႔ ေဆးမတိုးႏိုင္ေတာ့ဘူးလားပဲ။ ႏွစ္ေယာက္တစ္ဘဝ ေပါင္းစပ္လက္ထပ္ယူခဲ့ၾကသူေတြေတာင္ အေၾကာင္းမသင့္ရင္ ကြဲကြာတတ္ၾကေသးတာ၊ ခႏၶာကိုယ္ခ်င္း ရင္းႏွီးလိုက္တာနဲ႔ တစ္သက္လုံး လက္တြဲသြားၾကမယ္ ယူဆတာ ေတာ္ေတာ္မွားပါတယ္ …။

ကိုယ္ကက်ဴး ကိုယ့္ဒူးေတာင္ မယုံရတဲ့ေခတ္မွာ ခ်စ္တယ္ဆိုတဲ့စိတ္တစ္ခုနဲ႔ အျခားလူကို ပစ္ယုံဖို႔ဆိုတာ ေတာ္ေတာ္ေၾကာက္စရာေကာင္းပါတယ္။လူယုတ္မာဆိုတာ ႏွဖူးမွာ စာေရးမထားဘူး။ ႐ုပ္ရွင္ေတြထဲကလို အဆီျပန္ေနတဲ့ တဏွာ႐ူး႐ုပ္ေတြကမွ လူယုတ္မာမဟုတ္ဘူး။ ကိုယ္သိပ္ခ်စ္ရတဲ့ ကိုယ့္ရဲ႕မင္းသားေလးဟာလည္း အစြယ္ျပဴးျပဴးနဲ႔ ဘီလူးျဖစ္ေနႏိုင္တာပါပဲ …။

အတိုေျပာရရင္ ျငင္းပယ္ပါ။ ခ်စ္လို႔ အလိုလိုက္တာေတာင္ အေတာ္လြန္လွပါၿပီ။ ကိုယ့္လည္ပင္းကို စြပ္မယ့္ႀကိဳးကြင္းကို ကိုယ္တိုင္ယက္ၿပီး သူမ်ားလက္ထဲအပ္ဖို႔အထိေတာ့ မႏုံလိုက္ပါနဲ႔။ မေနႏိုင္လို႔ပါအခ်စ္ရယ္ဆိုတာမွာ မေနႏိုင္တာကို လိုက္ေလ်ာတာ ကိုယ့္ကိစၥပါ။ ကင္မရာႀကီးကိုင္ၿပီး မေနႏိုင္တဲ့ အျဖစ္ဆိုရင္ေတာ့ ခ်က္ေကာင္းသာ ဒူးနဲ႔ပစ္တိုက္လိုက္ပါ။ ေနႏိုင္သြားပါလိမ့္မယ္ ..။

တစ္ဘဝလုံး ေစာက္က်ိဳးနည္းမယ့္ကိစၥမို႔ တစ္ေယာက္ပဲ လက္ခံလက္ခံ မနည္းဘူးလို႔ ယူဆလို႔ ေရးလိုက္ရပါတယ္ ယုန္မေလးတို႔ေရ …။ ။