မေမြို့က လူတွေ သတိထားကြပါနော် ။📮
ရွှေဘိုကနေ လာတာဆိုပြီး ပွဲရုံကနေ ဆို အကြွေးပေးရလို့ သူတို့က စိုက်ပျိုးချိန်မို့ ငွေလိုလို့ ဆိုပြီး ကားနဲ့ ဆန်တွေ လိုက် ရောင်းတာပါ။
အူလည်လည် ပုံစံနဲ့ ဗိုက်ကလဲ အရမ်းဆာနေပီ လမ်းတွေလဲ မသိဘူးဆိုပြီး သနားစရာလုပ်ပြတော့ ကျမမှာ အိမ်စားဖို့ လုပ်ထားတဲ့ ရှမ်းခေါက်ဆွဲ 3 ပွဲတောင် အလကား ကျွေးလိုက်သေးတာ။
သူတို့ ကလောင်နဲ့ ထိုးပြတာ ပေါ်ဆန်းမွှေး ချက်ခိုင်းတာလဲ ပေါ်ဆန်းမွှေးပါ
အဲ့တာနဲ့ ကိုယ်ကလဲ ပေါ်ဆန်းမွှေးပဲစားလို့ အသစ်ဆိုရင်တောင် ဟောင်းသွားမှ စားမယ်ဆိုပြီး အသစ်ကို 55000 ဆို မဆိုးဘူးဆိုပြီး 5အိတ် ၀ယ်လိုက်တာ
5သောင်းခွဲနဲ့
ကားပေါ်မှာ ကလောင်ထိုးပြတာလဲ ပေါ်ဆန်းမွှေး ကိုယ်ထားမယ့်နေရာမှာ ချပေးပြီးတော့ ထိုးပြတာလဲ ပေါ်ဆန်းမွှေးပဲ
(သူတို့ လက်ထဲမှာ ပေါ်ဆန်းမွှေး ဆန်ကို ကိုင်ပြီး ကလောင် ထိုးပြသလို လုပ်ပီး လိမ်တာ)
သူတို့ ပြန်သွားပီး ဆန်အိတ်တွေ ကြည့်လိုက်တော့ ဆန်က ပုံထဲက အတိုင်းဖြစ်နေတာ ဆန်ကြမ်းတွေ တအိတ်မှ ပေါ်ဆန်းမွှေးမဟုတ်တာ
ကျမမှာ လိမ်ခံရလို့ ငိုလိုက်ရတာအမော အဲ့ဆန်တွေလဲ မစားနိုင်ဘူး ။
အားရအောင် ငိုပြီး ကိုကို အိမ်ပြန်ရောက်တော့ သူ့ခေါ်ပီး မေမြို့ထဲမှာ လိုက်ရှာမယ်ဆို ပီး လိုက်ရှာတာ ပြန်တွေ့တယ်
အဲ့မှာ အဲ့မိန်းမတွေ အခြားနေရာမှာ လိုက်လိမ်နေတာ တွေ့တော့ တာပဲ
ကိုယ်လဲ ပွဲကြမ်းပီလေ အဲ့မှာ သူတို့က သူတို့ ဆန်တင်ထားတဲ့ ကားခေါ်ပီး ပြေးမလို့ သူတို့ ကြံသေးတယ်
(အဲ့မှာ ကိုယ်ကလဲ ဘယ်ရမလဲ ကားကို ပုံရိုက်ပြီး အဲ့မိန်းမကို ပုံရိုက်ပီး မန်းလေး -ပြင်ဦးလွင် သွားတဲ့ ဂိတ်ကို pH ဆက်တဲ့ ပုံစံနဲ့ သူတို့ ကားနံပတ်မှတ်ထားတယ် ဒီက ထွက်ပြေးတာနဲ့ ဖမ်းပေးဆိုပြီး ဟန်ဆောင် pH ဆက်တော့ သူတို့ မပြေးရဲတော့ဘူး )
အဲ့တာကို မှားချမိတာပါ ဆိုပြီး ထပ်လိမ်သေးတာ သမီးရယ် တံဆိတ်ပါတဲ့ အိတ်ပဲ ယူပါဆိုပြီး မျက်နှာပြောင်တိုက် လိမ်သေးဝာာ တကယ်က 5 အိတ်၀ယ်ဝာာ ပေါ်ဆန်းမွှေး တအိတ်မှ မပါဘူး ။
ကိုယ်လဲ မရတော့ဘူး အန်တီ တို့ ထောင်ထဲ မရောက်ချင် သမီးငွေ ပြန်ပေးလိုက် အန်တီတို့ ဆန် အလကားပေးတောင်း ကျမ မရချင်တော့ဘူးလို့ အဲ့မှာ သူတို့ ကြောက်ပီး ငွေ ပြန်ပေးတာ
အဲ့လို လိမ်ခံရတဲ့ သူတွေ အရမ်းများနေပီ ပြောတယ် နောက်ထပ် အလိမ်မခံရဖို့ များများ share ပေးကြနော်။
Crd
zawgyi
ေမၿမိဳ႕က လူေတြ သတိထားၾကပါေနာ္ ။📮
ေ႐ႊဘိုကေန လာတာဆိုၿပီး ပြဲ႐ုံကေန ဆို အေႂကြးေပးရလို႔ သူတို႔က စိုက္ပ်ိဳးခ်ိန္မို႔ ေငြလိုလို႔ ဆိုၿပီး ကားနဲ႔ ဆန္ေတြ လိုက္ ေရာင္းတာပါ။
အူလည္လည္ ပုံစံနဲ႔ ဗိုက္ကလဲ အရမ္းဆာေနပီ လမ္းေတြလဲ မသိဘူးဆိုၿပီး သနားစရာလုပ္ျပေတာ့ က်မမွာ အိမ္စားဖို႔ လုပ္ထားတဲ့ ရွမ္းေခါက္ဆြဲ 3 ပြဲေတာင္ အလကား ေကြၽးလိုက္ေသးတာ။
သူတို႔ ကေလာင္နဲ႔ ထိုးျပတာ ေပၚဆန္းေမႊး ခ်က္ခိုင္းတာလဲ ေပၚဆန္းေမႊးပါ
အဲ့တာနဲ႔ ကိုယ္ကလဲ ေပၚဆန္းေမႊးပဲစားလို႔ အသစ္ဆိုရင္ေတာင္ ေဟာင္းသြားမွ စားမယ္ဆိုၿပီး အသစ္ကို 55000 ဆို မဆိုးဘူးဆိုၿပီး 5အိတ္ ၀ယ္လိုက္တာ
5ေသာင္းခြဲနဲ႔
ကားေပၚမွာ ကေလာင္ထိုးျပတာလဲ ေပၚဆန္းေမႊး ကိုယ္ထားမယ့္ေနရာမွာ ခ်ေပးၿပီးေတာ့ ထိုးျပတာလဲ ေပၚဆန္းေမႊးပဲ
(သူတို႔ လက္ထဲမွာ ေပၚဆန္းေမႊး ဆန္ကို ကိုင္ၿပီး ကေလာင္ ထိုးျပသလို လုပ္ပီး လိမ္တာ)
သူတို႔ ျပန္သြားပီး ဆန္အိတ္ေတြ ၾကည့္လိုက္ေတာ့ ဆန္က ပုံထဲက အတိုင္းျဖစ္ေနတာ ဆန္ၾကမ္းေတြ တအိတ္မွ ေပၚဆန္းေမႊးမဟုတ္တာ
က်မမွာ လိမ္ခံရလို႔ ငိုလိုက္ရတာအေမာ အဲ့ဆန္ေတြလဲ မစားႏိုင္ဘူး ။
အားရေအာင္ ငိုၿပီး ကိုကို အိမ္ျပန္ေရာက္ေတာ့ သူ႔ေခၚပီး ေမၿမိဳ႕ထဲမွာ လိုက္ရွာမယ္ဆို ပီး လိုက္ရွာတာ ျပန္ေတြ႕တယ္
အဲ့မွာ အဲ့မိန္းမေတြ အျခားေနရာမွာ လိုက္လိမ္ေနတာ ေတြ႕ေတာ့ တာပဲ
ကိုယ္လဲ ပြဲၾကမ္းပီေလ အဲ့မွာ သူတို႔က သူတို႔ ဆန္တင္ထားတဲ့ ကားေခၚပီး ေျပးမလို႔ သူတို႔ ႀကံေသးတယ္
(အဲ့မွာ ကိုယ္ကလဲ ဘယ္ရမလဲ ကားကို ပုံ႐ိုက္ၿပီး အဲ့မိန္းမကို ပုံ႐ိုက္ပီး မန္းေလး -ျပင္ဦးလြင္ သြားတဲ့ ဂိတ္ကို pH ဆက္တဲ့ ပုံစံနဲ႔ သူတို႔ ကားနံပတ္မွတ္ထားတယ္ ဒီက ထြက္ေျပးတာနဲ႔ ဖမ္းေပးဆိုၿပီး ဟန္ေဆာင္ pH ဆက္ေတာ့ သူတို႔ မေျပးရဲေတာ့ဘူး )
အဲ့တာကို မွားခ်မိတာပါ ဆိုၿပီး ထပ္လိမ္ေသးတာ သမီးရယ္ တံဆိတ္ပါတဲ့ အိတ္ပဲ ယူပါဆိုၿပီး မ်က္ႏွာေျပာင္တိုက္ လိမ္ေသးဝာာ တကယ္က 5 အိတ္၀ယ္ဝာာ ေပၚဆန္းေမႊး တအိတ္မွ မပါဘူး ။
ကိုယ္လဲ မရေတာ့ဘူး အန္တီ တို႔ ေထာင္ထဲ မေရာက္ခ်င္ သမီးေငြ ျပန္ေပးလိုက္ အန္တီတို႔ ဆန္ အလကားေပးေတာင္း က်မ မရခ်င္ေတာ့ဘူးလို႔ အဲ့မွာ သူတို႔ ေၾကာက္ပီး ေငြ ျပန္ေပးတာ
အဲ့လို လိမ္ခံရတဲ့ သူေတြ အရမ္းမ်ားေနပီ ေျပာတယ္ ေနာက္ထပ္ အလိမ္မခံရဖို႔ မ်ားမ်ား share ေပးၾကေနာ္။
Crd



