အနုပညာ

အဆင်ပြေပါစေတော့ဆိုပြီး နားမလည် မတတ်ကျွမ်းတဲ့ လုပ်ငန်းကို သွားလုပ်မိလို့ seemore

Unicode

ပရိသတ်ရေ လူရွှင်တော်လောကမှာ ရယ်မောပျော်ရွှင်အောင် ပရိသတ်တွေကို အကောင်းမွန်ဆုံးဖျော်ဖြေတင်ဆက်ပေးခဲ့သူတစ်ဦးဖြစ်တဲ့ လူရွှင်တော် ပေါ်လေး ကိုတော့ အားလုံးပဲမှတ်မိကြမယ် ထင်ပါတယ်။ လူရွှင်တော်လောကမှာ အောင်မြင်ခဲ့ရုံသာမက

ဇာတ်ကားတွေထဲမှာလဲ တော်တော်များများ ပါဝင်သရုပ်ဆောင်ထားသူတစ်ဦးလဲ ဖြစ်ပါတယ်။ ဦးပေါ်လေး ဟာ အများအားဖြင့် ဘုန်းကြီးဇာတ်ဝင်ခန်းတွေနဲ့ လိုက်ဖန်းလွန်းသူ ဖြစ်ပါတယ်။ လူရွှင်တော် ဦးပေါ်လေး ကတော့ ပိုချမ်းသာချင်လို့ နားမလည်တဲ့

ပုဇွန်မွှေးတဲ့လုပ်ငန်းလုပ်မိလို့ ဒုက္ခရောက်ခဲ့တာကို ပ‌ရိသတ်တွေ သူ့လိုမဖြစ်အောင် ဆင်ခြင်နိုင်ဖို့ အခုလိုပဲပြောပြထားပါတယ်။ ဦးပေါ်လေး ဟာ ဆိုင်းဆရာမျိုးရိုးမှာ ဆင်းသက်လာသူတစ်ဦးဖြစ်ပြီး ဗီဇမပါလာတာကြောင့် ဝါသနာပါတဲ့ လူရွှင်တော်ပဲ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် သားဖြစ်သူ ချစ်စု ဟာလဲ ဖခင်ဖြစ်သူရဲ့အနုပညာအမွေကို ထိန်းသိမ်းရင်း ကိုယ်တိုင်လဲဝါသနာပါတာကြောင့် လူရွှင်တော်ပဲ ဖြစ်လာခဲ့တာပါ။ သမီးဖြစ်သူကတော့ ပန်တျာကျောင်းဆင်းတစ်ဦးပါ။ စီးပွားရေးနဲ့ပတ်သက်ပြီး လောကမှာ

စားဝတ်နေရေးက အရေ’ကြီးတာကြောင့် အဲ့အတွက် ဘဝကိုရုန်းကန်ကြရပါတယ်။ ဒါကြောင့်လဲ ချမ်းသာချင်ဇောနဲ့ နားမလည်မတတ်ကျွမ်းတဲ့ အလုပ်ကိုလုပ်ခဲ့မိလို့ ဒုက္ခရောက်ခဲ့တာ။ အဲ့လုပ်ငန်းကြောင့် မြောက်ဥက္ကလာက အိမ်တစ်လုံးကုန်ပြီး

စီးပွားပျက်ခဲ့တယ် ကံကောင်းလို့ တတ်ကျွမ်းတဲ့အနုပညာလုပ်ရင်း မနည်းပြန်ရုန်းကန်လာခဲ့ရတာ။ အဲ့ဒါကြောင့် နားမလည်တဲ့ လုပ်ငန်းကိုအဖော်ကောင်းလို့ပဲဖြစ်ဖြစ် မစမ်းသပ်ကြဖို့ လိုပါတယ်။ အနုပညာအနေနဲ့ ဦးပေါ်လေး ဟာ ပရိသတ်တွေနဲ့

ပြန်တွေ့ပြီး ရယ်စရာပြက်လုံးလေးတွေ ပြောချင်သေးတဲ့ ဆန္ဒလေးတွေ ရှိပါသေးတယ်တဲ့၊ဦးပေါ်လေး ကို သတိတရရှိနေရင်ပဲ ကျေနပ်ပါတယ်။ ပရိသတ်ကြီးလဲ ယုံကြည်တဲ့ဘာသာကို အမြဲဦးထိပ်ထားပြီး ရိုသေကိုင်းရှိုင်းကြပါ၊ရတနာသုံးပါးကို မမေ့ကြပါနဲ့ ကျန်းမာရေးကိုလဲ အထူးဂရုစိုက်ကြပါလို့ ဆုတောင်းပေးထားပါသေးတယ်။

Credit

Zawgyi








Credit