ပည္သူေတြအားလုံး ကိုယ့္လုံၿခဳံေရး ကိုယ္တိုင္ပဲသတိထားရမယ့္အခ်ိန္ျဖစ္တယ္လို႔ သတိေပးလိုက္တဲ့ မင္းသား မင္းေမာ္ကြန္း
မင္းသား မင္းေမာ္ကြန္း ကေတာ့ တစ္ေခတ္တခါထဲက ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ား ေအာင္ျမင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ ႏုပ်ိဳလြန္းတာေၾကာင့္ ” သြားေသးေသးေလးနဲ႔ ကိုၾကာႏု” လို႔ ေတာင္ ပရိသတ္ေတြက ခ်စ္စႏိုးေခၚေဝၚၾကပါေသးတယ္။
မင္းေမာ္ကြန္း ဟာ “ႏွလုံးလွ လူမိုက္” ကားနဲ႔အမ်ိဳးသားဇာတ္ေဆာင္ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရွိခဲ့ပါတယ္..။သ႐ုပ္ေဆာင္တဲ့ေနရာမွာ ပီျပင္လြန္းတဲ့အျပင္ ဂီတဝါသနာပါသူတစ္ဦးျဖစ္တာေၾကာင့္ သီခ်င္းေကာင္းမ်ားစြာကိုလဲ သီဆိုထားပါေသးတယ္။
မင္းေမာ္ကြန္း ဟာခ်စ္ဇနီးေလးနဲ႔ သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ အိမ္ေထာင္ေရးလမ္းေၾကာင္းကို ေလွ်ာက္လွမ္းေနၿပီးေတာ့ ခ်စ္ဖို႔ေကာင္းတဲ့သားသမီးသုံးေယာက္ ကိုပိုင္ဆိုင္ထားပါတယ္။ ျမန္မာျပည္ရဲ႕ ထိပ္တန္းမင္းသားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္တဲ့ မင္းေမာ္ကြန္း ဟာလက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရတာေၾကာင့္ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိခဲ့ပါေသးတယ္။
သ႐ုပ္ေဆာင္ေကာင္း႐ုံတင္မက အမွန္တရားအတြက္ တိုက္ခိုက္ရမယ္ဆိုရင္ လုံးဝကိုေနာက္မတြန႔္ပဲ စိတ္ဓာတ္ခိုင္မာသူတစ္ဦး ျဖစ္ပါတယ္။ အခုလက္ရွိအခ်ိန္မွာေတာ့ ႏိုင္ငံရပ္ျခားကိုေရာက္ရွိေနခဲ့ၿပီး ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ပါဝင္ေနတာကိုလဲ ေတြ႕ရပါတယ္။
ဒါအျပင္ ေတာ္လွန္ေရးမွာမပါဝင္တဲ့အျပင္ ျပည္သူေတြရဲ႕ဒုကၡေတြကို မ်က္ကြယ္ျပဳထားၾကတဲ့ အႏုပညာရွင္ေတြကိုလဲ လူမႈ႕ကြန္ယက္ေပၚမွတစ္ဆင့္ သတိေပးစကားေတြ အၿမဲတမ္းေျပာဆိုလွ်က္ရွိၿပီး အဆိုပါအႏုပညာရွင္ေတြကို Boycott လုပ္ဖို႔အတြက္ကိုလဲ ျပည္သူေတြကို တိုက္တြန္းတတ္ပါေသးတယ္။
မင္းသား မင္းေမာ္ကြန္း ကေတာ့ ျပည္သူေတြအားလုံး ကိုယ့္လုံၿခဳံေရး ကိုယ္တိုင္ပဲသတိထားရမယ့္အခ်ိန္ျဖစ္တယ္လို႔ အခုလိုပဲ သတိေပးလိုက္ပါတယ္။ ” သူခိုး ဓါးျပေတြအုပ္ခ်ဳပ္တဲ့ေခာတ္မို႔သူခိုးရန္ ဓါးျပ(ဒျမ) ရန္ ေတြဆက္တိုက္ ျမင္ေနၾကားေနရပါတယ္ကိုယ့္လုံၿခဳံေရး
ကိုယ္တိုင္ပဲသတိထားရမယ့္အခ်ိန္ျဖစ္ပါတယ္ ျပည္သူအားလုံး ေဘးကင္းလုံၿခဳံၾကပါေစ” လို႔ လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။ ပရိသတ္ႀကီးေရ အခုကာလဟာ ႏိုင္ငံေရးမေကာင္းတဲ့အျပင္ စီးပြားေရးအေျခအေနေတြဟာလဲ အဆိုးဘက္ကို က်ေရာက္ေနတာေၾကာင့္ လုယက္မႈ႕ေတြေပါမ်ားေနပါတယ္။
Credit
UNICODE
ပြည်သူတွေအားလုံး ကိုယ့်လုံခြုံရေး ကိုယ်တိုင်ပဲသတိထားရမယ့်အချိန်ဖြစ်တယ်လို့ သတိပေးလိုက်တဲ့ မင်းသား မင်းမော်ကွန်း
မင်းသား မင်းမော်ကွန်း ကတော့ တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြား လူကြိုက်များ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ နုပျိုလွန်းတာကြောင့် ” သွားသေးသေးလေးနဲ့ ကိုကြာနု” လို့ တောင် ပရိသတ်တွေက ချစ်စနိုးခေါ်ဝေါ်ကြပါသေးတယ်။
မင်းမော်ကွန်း ဟာ “နှလုံးလှ လူမိုက်” ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။သရုပ်ဆောင်တဲ့နေရာမှာ ပီပြင်လွန်းတဲ့အပြင် ဂီတဝါသနာပါသူတစ်ဦးဖြစ်တာကြောင့် သီချင်းကောင်းများစွာကိုလဲ သီဆိုထားပါသေးတယ်။
မင်းမော်ကွန်း ဟာချစ်ဇနီးလေးနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေပြီးတော့ ချစ်ဖို့ကောင်းတဲ့သားသမီးသုံးယောက် ကိုပိုင်ဆိုင်ထားပါတယ်။ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတွေ
ထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းမော်ကွန်း ..ဟာလက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်နယ်မြေကို ရောက်ရှိခဲ့ပါသေးတယ်။
သရုပ်ဆောင်ကောင်းရုံတင်မက အမှန်တရားအတွက် တိုက်ခိုက်ရမယ်ဆိုရင် လုံးဝကိုနောက်မတွန့်ပဲ စိတ်ဓာတ်ခိုင်မာသူတစ်ဦး ဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ နိုင်ငံရပ်ခြားကိုရောက်ရှိနေခဲ့ပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ပါဝင်နေတာကိုလဲ တွေ့ရပါတယ်။
ဒါအပြင် တော်လှန်ရေးမှာမပါဝင်တဲ့အပြင် ပြည်သူတွေရဲ့ဒုက္ခတွေကို မျက်ကွယ်ပြုထားကြတဲ့ အနုပညာရှင်တွေကိုလဲ လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် သတိပေးစကားတွေ အမြဲတမ်းပြောဆိုလျှက်ရှိပြီး အဆိုပါအနုပညာရှင်တွေကို Boycott လုပ်ဖို့အတွက်ကိုလဲ ပြည်သူတွေကို တိုက်တွန်းတတ်ပါသေးတယ်။
မင်းသား မင်းမော်ကွန်း ကတော့ ပြည်သူတွေအားလုံး ကိုယ့်လုံခြုံရေး ကိုယ်တိုင်ပဲသတိထားရမယ့်အချိန်ဖြစ်တယ်လို့ အခုလိုပဲ သတိပေးလိုက်ပါတယ်။ ” သူခိုး ဓါးပြတွေအုပ်ချုပ်တဲ့ခောတ်မို့သူခိုးရန် ဓါးပြ(ဒမြ) ရန် တွေဆက်တိုက် မြင်နေကြားနေရပါတယ်ကိုယ့်လုံခြုံရေး
ကိုယ်တိုင်ပဲသတိထားရမယ့်အချိန်ဖြစ်ပါတယ် ပြည်သူအားလုံး ဘေးကင်းလုံခြုံကြပါစေ” လို့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ ပရိသတ်ကြီးရေ အခုကာလဟာ နိုင်ငံရေးမကောင်းတဲ့အပြင် စီးပွားရေးအခြေအနေတွေဟာလဲ အဆိုးဘက်ကို ကျရောက်နေတာကြောင့် လုယက်မှု့တွေပေါများနေပါတယ်။
Credit