းပိန်တံတားရဲ့ လက်ရှိအနေအထားဆိုတဲ့ သစ်သားတံတားတိုင်များ ကွဲအက်၍ ကျိုးပြတ်ကာနီး အခြေအနေ ဓာတ်ပုံများ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လျက် ရှိပါတယ်..
အဆိုပါ ဓာတ်ပုံကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ U Arrseinna Zwebarkonetan အမည်ရတဲ့ ရဟန်းတပါး အကောင့်ကနေ တင်ခဲ့တာ ဖြစ်ပြီး ပုံနဲ့အတူ အောက်ပါ စာပိုဒ်များကို ရေးသားထားပါတယ်- “အိန္ဒိယတံတားအဖြစ်ကြည့်ပြီး နောက်လာမယ့် နေ့ကြီးရက်ကြီးတွေမှာလည်း သတိထားကြပါ ။ လပြည့်နေ့ဆိုလည်းဘုရားပေါ် ပြည့်ကြပ်နေ
တာမျိုး ရှောင်ပါ။ နှလုံးမကောင်းတဲ့သူတွေ အသက်ရူကြပ်တာ။ ဦးပိန်တံတားပေါ်အုပ်လိုက်ကြီးသွားတာ။ ဒကာမတစ်ယောက်ရိုက်ထားတာ အောက်ခြေမှာဒီလိုတွေဖြစ်နေတာမို့ သတိထားကြပါ။ အသွားမတော်တစ်လှမ်း ဖြစ်မှာစိုးလို့ပါ။
ပို့စ်ရဲ့ ကွန်မန့်မှာလည်း လူမှုကွန်ရက် အသုံးပြုသူတဦးက အက်ကွဲနေတဲ့ တခြားတိုင်တခုရဲ့ ပုံကို တင်ထားကာ “ရေမကျခင် ပြီးခဲ့တဲ့လလောက်တည်းက ဇရပ်နားက အဲ့တစ်တိုင်ဆို ဟတောင်ဟနေပြီ” ဆိုပြီး ရေးသားထားပါတယ်။
လာမယ့် တနင်္လာနေ့ ၇-၁၁-၂၀၂၂ ရက်နေ့ဟာ.. တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တာကြောင့် ဦးပိန်တံတားလို အထင်ကရ နေရာတွေမှာ လူအများအပြား လာရောက်ကြမှာ ဖြစ်ပါတယ် ။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ပုံတွေ အတိုင်းသာ အပြင်မှာ တကယ်ဖြစ်နေရင်တော့ ဦးပိန်တံတားကို လာရောက်ကြမယ့်သူတွေ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေပါတယ်။
မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ ကိုရီးယားဖြစ်စဉ်၊ အိန္ဒိယ တံတားပြတ်ကျမှု ဖြစ်စဉ်တွေကဲ့သို့ အဖြစ်ဆိုးမျိုးတွေ မဖြစ်လာစေဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အချိန်မီ စစ်ဆေးဖို့ သင့်ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အမြန်စစ်ဆေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း အသိပေးအကြောင်းကြားလိုက်ရပါတယ် ခင်ဗျာ။Crd