ၾကားသိရသမွ်

ကိုယ့်ရဲ့မွေးချင်း အမြွှာဖြစ်သူကို ဗိုက်ထဲမှာ ကိုယ်ဝန်လွယ်ထားရတဲ့ အမျိုးသား

အိန္ဒိယနိုင်ငံမှာတော့ ထူးထူးဆန်းဆန်း ကိုယ်ဝန်သည်အမျိုးသားတစ်ဦးရှိခဲ့ပါတယ်။

၎င်းအမျိုးသားရဲ့နာမည်ကတော့ Sanju Bhagat ဖြစ်ပြီး သူဟာအသက် ၃၀ ကျော်လောက်ထိ ဗိုက်ပူပူကြီးနဲ့ နေထိုင်လာခဲ့ရတာပဲဖြစ်ပါတယ်။

အဲ့ဒီနောက် အသက် ၃၆ နှစ်ရောက်လာတဲ့အခါမှာတော့ Bhagat ဟာ အသက်ရှူရခက်ခဲလာတာကြောင့် ဆရာဝန်နဲ့ သူ့ရဲ့ဗိုက်ကြီးကို သွားပြခဲ့ပါတယ်။

အဲ့အချိန်မှာတော့ ၎င်းအမျိုးသားဟာ ဗိုက်ထဲမှာ သူ့ရဲ့ မွေးချင်း အမြွှှာဖြစ်သူက ပိတ်မိနေတယ်ဆိုတာကို သိရှိခဲ့ရပါတယ်။

ဒီဖြစ်ရပ်စတင်ဖြစ်ပေါ်လာပုံကတော့ Sanju ရဲ့မွေးချင်းအမွှာဖြစ်သူဟာ အောင်မြင်တဲ့ သန္ဒေသားလောင်း အဖြစ် မခွဲထွက်နိုင်ပဲ Sanju ရဲ့ ဗိုက်ထဲမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆရာဝန်တွေဟာ Sanju ရဲ့ ဗိုက်ကို ခွဲစိတ်မှုလုပ်ပြီး အထဲက သန္ဓေသားကို ကြိုးစားပြီး ဖယ်ထုတ်ပေးခဲ့ပါတယ်။

သူ့ရဲ့ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ Sanju ဟာ သာမန်လူသားတစ်ယောက်အဖြစ် အသက်ရှင်နေထိုင်နိုင်နေပြီပဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ အလွန်ရှားပါးတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ သန္ဓေသား ချို့ယွင်းမှုတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

သူ့ရဲ့မွေးချင်းအမွှာအတွက်တော့ စိတ်မကောင်းဖြစ်ရတယ်ဆိုပေမယ့်လည်း ထူးခြားလှတဲ့ Sanju ရဲ့ ဖြစ်ရပ်လေးကို ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

Credit