ၾကားသိရသမွ်

သားသမီး၇ယောက်ရှိသော်လည်း ပြုစုစော င့်ရှော က်ပေးမဲ့သူ မရှိလို့ ဆေးရုံစင်္ကြံမှာ See more..

သားသမီး၇ယောက်ရှိသော်လည်း ပြုစုစော င့်ရှော က်ပေးမဲ့သူ မရှိလို့ ဆေးရုံစင်္ကြံမှာ အိမ်အဖြစ်နေ ထိုင်နေရတဲ့ မိခင်အိုကြီးရဲ့ သနားစရာဘဝ

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ မစ္စ Huong ကအသ က်ကြီးမှပျော်ပျော်ရွှင်ရွှင်နဲ့ သားသမီးမြေးတွေနဲ့ အချိန်ဖြုန်းမယ့်အစား ဆေးရုံစင်္ကြံမှာသူ့အိမ်အ ဖြစ် နေထိုင်နေရပါတယ် ။ ယခင်က မစ္စ Huo ng ဟာနေ့တိုင်း သီချင်းဆိုခြင်းဖြင့် ကလေး၇ ဦးကို အရွယ်ရောက်တဲ့အထိ ကျွေးမွေးခဲ့ရပါတယ် ။

အများကြီး အကုန်အကျခံပေမယ့်နောက်ဆုံးမှာတော့ ဒီမိခင်ဟာသူ့သားသမီးတွေရဲ့ ဥပေက္ခာပြုခြင်းကို ခံရပြီးဆေးရုံမှာအကူအညီတောင်းခဲ့ပါတယ် ။ ကံကောင်းထောက်မစွာ၊ ဆေးရုံရှိ ဆရာ ဝန်များ၊ သူနာပြုများနဲ့ လုံခြုံရေးအစောင့်နှစ်ဦးစလုံးက သူမရဲ့မျက်နှာကို သိပြီး အခက်အခဲမရှိအောင် စိတ်နှလုံးအကြွင်းမဲ့ ကူညီခဲ့ကြပါတယ် ။

သူမက ထီထိုးရောင်းတဲ့ အလုပ်ကိုလည်း ရရှိခဲ့ပြီး အထူးသဖြင့် သူမက ကျောက်ကပ်ဆေးကုသမှုအတွက် ငွေစုရန် တစ်ရက်လျှင် ဒေါ်လာ သော င်းနှင့်ချီ၍ ရရှိခဲ့ပါတယ် ။ 10 နှစ်တောင်ကြာပြီးဖြစ်ပေမဲ့ ကလေးတွေက အမေ့ကို ဂရုမစိုက်ကြသေးပါဘူး ။

မစ္စHuongက”တစ်ခါတစ်လေကျွန်မကလေးကိုလွမ်းဆွတ်မိတဲ့အခါတစ်ညလောက်အိမ်ကို ပြန်အိပ်ချင်ပေမယ့်သူတို့ကကျွန်မကို ပြန်ခွင့်မပြုဘူး”လို့ ဝမ်းနည်းစွာ ပြောဆိုခဲ့ပါတယ် ။ သူမရရဲ့ ကလေးတွေနဲ့ ပျော်ရွှင်စရာမနေရတဲ့အတွက် မစ္စ Huong က အရုပ်လေးကို သူငယ်ချင်းအဖြစ် ဝ ယ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကလေးတစ်ယောက်လို သဘောထားကာ ဘယ်နေရာဘဲ သွားသွား အရုပ်ကိုပါ ခေါ်သွားခဲ့ပါတယ် ။

သူမက “တကယ်လို့ လူတွေက သူတို့ကို ဂရုမစို က်နိုင်ရင် ငါ့မှာ အရုပ်တွေရှိတယ်” လို့ဆိုပြီး များစွာသော အရာများကို ဖြတ်သန်းပြီးနောက် သူမက မျက်စိမှိတ်ပြီး သေဆုံးသွားတဲ့နေ့မှာ သူမကို ကူညီပေးခဲ့ကြတဲ့ သူများက သူမကို မီးရှို့သဂြိုလ်ပေးခဲ့ပါတယ် ။ မိခင်က ကလေး ၇ ယောက်ကို ပြုစုနိုင်သော်လည်း ကလေး ၇ ယောက်က သူ့အမေတစ်ယောက်လေးကိုတောင်မှ မပြုစုနိုင်ပါဘူး ။

မိဘများကို ကျွေးမွေးခြင်းက သားသမီးများရဲ့တာဝန်ဖြစ်ပါတယ် ။ အထူးသဖြင့် မစ္စ Huong နဲ့အလားတူအခြေအနေမျိုးကြုံတွေ့နေရတဲ့ မိဘများအားလုံး၊လူတိုင်းရဲ့အကူအညီကြောင့် ရှေ့ခရီးကို ခိုင်ခိုင်မာမာရှေ့ဆက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

Unicode








credit