မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သည် ကမ္ဘာပေါ်တွင် မလုံခြုံဆုံးမြို့အဖြစ် ထိပ်ဆုံးကရပ်တည်နေကြောင်း လန်ဒန်အခြေစိုက်
The Economist မဂ္ဂဇင်း၏ သုတေသနဌာနတစ်ခုဖြစ်သည့် The Economist Intelligence Unit (EIU) က ထုတ်ပြန်သည့် ဘေးကင်း
လုံခြုံသောမြို့တော်များအညွှန်းကိန်း ၂၀၂၁ တွင် ဖော်ပြထားသည်။
EIU ၏ အညွှန်ကိန်းထုတ်ပြန်မှု လေးကြိမ်ရှိပြီဖြစ်ပြီး စစ်တပ်က အာဏာမသိမ်းမီနှစ်များအတွင်း ရန်ကုန်မြို့သည် ကမ္ဘာ့မြို့ကြီးများတွင် မ
လုံခြုံမှုအဆင့် ဒုတိယ၊ တတိယအဆင့်လိုက်ခဲ့ပြီး ၂၀၂၁ တွင် အဆိုးရွားဆုံးဖြစ်လာသည်။
စစ်အာဏာသိမ်းမှု ၁၁ လနီးပါးရှိလာချိန်တွင် ရန်ကုန်မြို့နေလူထုသည် ကျီးလန့်စာစားဘဝသို့ ရောက်ရှိသွားကာ အိမ်ပြင်မထွက်ဘဲ
နေအိမ်၌ပင် နေထိုင်စေကာမူ အဖမ်းခံရ၊ အသတ်ခံရနိုင်သည်အထိ လုံခြုံမှုကင်းမဲ့သွားကြောင်း ရန်ကုန်မြို့တွင်နေထိုင်သည့် အမည်မဖော်
လိုသူ လူငယ်တစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့က ရန်ကုန် အင်းစိန်ကုန်းတံတားပေါ်တွင် ရုပ်ရှင်ဆန်ဆန် ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဓားပြတိုက်ခံခဲ့ရသူ၏ မိသားစုဝင်တစ်ဦးက ထုတ်ဖော်ပြောဆိုချက်များကို ပြန်လည်ဖော်ပြလိုက်ပါတယ်။
မနေ့က ညနေငါးနာရီလောက် အင်းစိန်မှာ ဖူးရဲ့အစ်မ၀မ်းခွဲကားကို ရုပ်ရှင်ဆန်ဆန်ဓားပြတိုက်မှု ဖြစ်သွားပါတယ်။ ညနေငါးနာရီဆိုတာ
လုံး၀မမှောင်သေးတဲ့ အချိန်ပါ။
ဖူးအစ်မက သူ့ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့အချိန် အင်းစိန်ကုန်းတံတားပေါ်မှာ သူတို့ကားအရှေ့ကို တက်စ်စီတစ်စီးက ကန့်လန့်ဖြတ်ရပ်ချ
လိုက်ပြီး ကားကိုတားပါတယ်။ အနောက်မှာလည်း သူတို့လူတွေ ဆိုင်ကယ်၃စီးနဲ့ ညှပ်ထားပါတယ်။
ဖူးအစ်မကားရပ်သွားတော့ လူ၄ယောက်က တုတ်တွေဓားတွေနဲ့ ဆင်းလာပြီးတော့ ကားမှန်ကိုချ တံခါးကိုဖွင့်ခိုင်းပါတယ်။ ဖူးအစ်မကားပေါ်
မှာ ဖူးအစ်မအမျိုးသားရယ်၊ သားလေးရယ် စုစုပေါင်း၃ယောက်နဲ့ ရွှေဆိုင်က သိမ်းလာတဲ့ ရွှေထုပ်၂ထုပ်ပါ ပါတယ်။
ဖူးအစ်မတို့က မှန်မဖွင့်ပေး တံခါးမဖွင့်ပေးတော့ တုတ်တွေနဲ့ ရိုက်ခွဲပြီး ဆွဲဖွင့်ပြီး ပါလာတဲ့ ပစ္စည်း၂ထုပ်ကို ဆွဲလုပါတော့တယ်။ ဖူးအစ်မက
အထုပ်ကို မပေးနိုင်ဘူး ဆိုပြီး ပြန်ဆွဲထားတော့ ဖူးအစ်မရဲ့လက်ကို ဓားနဲ့ဖြတ်ခုတ်ပါတယ်။
၂လက်မလောက် ကွဲထွက်သွားပြီး သွေးတွေအများကြီးထွက်လာတော့ နာပြီးတော့ လွှတ်ပေးလိုက်ရတာ အကုန်ယူပြီး သူတို့တက်စ်စီကား
နဲ့ မောင်းပြေးပါတယ်။
ဖူးအစ်မအမျိုးသားကတော့ ပစ္စည်းတွေ ပါသွားပြီ ဆိုတဲ့အသိနဲ့ အနောက်ကနေ လိုက်မောင်းပြီး အဲ့မောင်းပြေးတဲ့ တက်စ်စီကို လိုက်တိုက်ပါ
သေးတယ်။ ကားသာစုတ်သွားတယ် ဓားပြတွေကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။
စုစုပေါင်း ရွှေ၅ပိဿာ ကာလတန်ဖိုး သိန်း၈၀၀၀ ဖိုးလောက်ပါသွားပါတယ်ရှင့်။ ဖူးအစ်မမိသားစု အခုထိ အရမ်းလန့်နေပြီး ပါသွားတဲ့ဆုံးရှုံး
မှုအတွက် ၀မ်းနည်းကြေကွဲနေရပါတယ်။
အဖြစ်အပျက်က အစအဆုံးဖြစ်သွားတာ အရမ်းမြန်ပါတယ်တဲ့။ ၁မိနစ်လောက်ပဲ ကြာမယ်တဲ့။ လမ်းပေါ်က လူတွေကလည်း ဘယ်သူမှ
လာမကူညီရဲကြပါဘူးတဲ့။ ဟိုက တုတ်တွေ ဓားတွေနဲ့ မို့လို့ပါတဲ့။
ဟုတ်ကဲ့!!! ကျွန်မတို့တိုင်းပြည်က မင်းမဲ့ဆန်ဆန် လမ်းလယ်ခေါင်မှာ ဓားပြတိုက်ရဲတဲ့အထိ စုတ်ပြတ်သတ် ငတ်ပြတ်နေပါပြီ။
ဒီစာကို ရေးရတာက အားလုံးသတိထားကြပြီး ကားပေါ်မှာ တန်ဖိုးကြီး ပစ္စည်းနဲ့ငွေတွေ ဆောင်သွားတာကို ဂရုစိုက်ကြဖို့ သတိပေးချင်တာ
ပါ။ မြန်မာပြည်သူပြည်သားအပေါင်း ရန်သူမျိုး၅ပါးရန်မှ အမြန်ဆုံးကင်းလွှတ်ငြိမ်းနိုင်ပါစေ
May Myat Noe
credit-Living myanmar