အိတ်ရောင်းရအမြတ်ငွေ သိန်း ၁၅၀ ကျော်ကို ပညာရေးအတွက်လှူဒါန်းလိုက်သည့် ဒေါင်း
ဆဏ်း/People’s Spring
သရုပ်ဆောင်ဒေါင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ဖန်တီးထားသည့် အိတ်များရောင်း၍ရရှိသည့် အမြတ်ငွေ သိန်း ၁၅၀ ကျော်ကို Free Online Educational Institution Myanmar ( FOEIM) သို့လှူဒါန်းလိုက်သည်။
May be an image of 1 person, standing and outdoors
Daung Arts Corner အမည်ဖြင့် ပေ့ခ်ျကို မတ်လ ၃၀ တွင်ကျရောက်သည့် ဒေါင်း၏မွေးနေ့တွင် စတင်ဖွင့်လှစ်ကာ လိုအပ်နေသည့်နေရာများကိုထောက်ပံ့နိုင်ရန် ၎င်း၏အနုပညာဖန်တီးမှုနှင့် အမှတ်တရ ပစ္စည်းများရောင်းရန်စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဒေါင်း၏ကိုယ်ပိုင်ဒီဇိုင်းနှင့်အိတ်များကို ပထမဆုံးအကြိမ်ရောင်းချခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ DAC page ကနေ တစ်လအတွင်း အိတ်ပေါင်း ၁၅၇၈ လုံး စုစုပေါင်းငွေ ၄၁,၃၉၅,၆၀၁ ကျပ် ဖိုးရောင်းချရရှိခဲ့ပြီး အမြတ်ငွေ ၁၅,၂၇၁,၅၄၇ ကျပ်( တစ်ရာငါးဆယ့်နှစ်သိန်းခုနှစ်သောင်းတစ်ထောင့်ငါးရာ့လေးဆယ်ခုနှစ်ကျပ် တိတိ ) ရရှိခဲ့ပါတယ်။ ရရှိသောအမြတ်ငွေအားလုံးအား Free Online Educational Institution Myanmar ( FOEIM) သို့လွှဲပြောင်းလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။”ဟု ပရိသတ်များကို အသိပေးထားသည်။
အဆိုပါအိတ်များကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဒေါင်း၏ ပရိသတ်များကို အားပေးခဲ့ပြီး မျှော်လင့်ထားသည်ထက်အားပေးခဲ့သောကြောင့် ပီတိဖြစ်ရကြောင်း ဒေါင်းကရေးသားထားသည်။
“ကလေးငယ်များကိုပညာတတ်လေးများဖြစ်လာအောင်ပြုစုပျိုးထောင်ခြင်းကလည်းကောင်းမွန်သောတိုင်းပြည်ဖြစ်လာစေဖို့တည်ဆောက်ခြင်းတမျိုးပါပဲဗျ။ ဒါကြောင့် ကျွန်တော့်ရဲ့ DAC page မှ ရရှိသော fund များအား ပညာရေးရံပုံငွေအဖြစ် လှူဒါန်းသုံးစွဲဖို့ရည်ရွယ်ထားပါတယ်ဗျ။ နောက်အသစ်ထပ်လာမယ့် project များမှာလည်း ယခုလိုပဲ ညီအစ်ကိုမောင်နှများအားလုံးဝိုင်းဝန်းပါဝင်လှူဒါန်းခြင်းဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကလေးတွေကိုကျွန်တော်တို့ အတူတကွပြုစုပျိုးထောင်ကြရအောင်ဗျ။” ဟု ကြေညာထားသည်။
Free Online Educational Institution Myanmar သည် နွေဦးတော်လှန်ရေး ကာလတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Online နှင့် မြေပြင်မှ တဆင့် စဉ်ဆက်မပြတ် ပညာရေးပေးကာ ကြားကာလ ပြည်သူ့ပညာရေး ယန္တရားကို ဖော်ဆောင်နေသော လူထုအဖွဲ့အစည်းဖြစ်ပြီး သရုပ်ဆောင် ဒေါင်းကို ယင်းအဖွဲ့အစည်း၏ Ambassador အဖြစ် ဧပြီ ၂၆ ရက်က ခန့်အပ်ခဲ့သည်။
အိတ္ေရာင္းရအျမတ္ေငြ သိန္း ၁၅၀ ေက်ာ္ကို ပညာေရးအတြက္လႉဒါန္းလိုက္သည့္ ေဒါင္း
ဆဏ္း/People’s Spring
သ႐ုပ္ေဆာင္ေဒါင္း ကိုယ္ပိုင္ဒီဇိုင္းျဖင့္ ဖန္တီးထားသည့္ အိတ္မ်ားေရာင္း၍ရရွိသည့္ အျမတ္ေငြ သိန္း ၁၅၀ ေက်ာ္ကို Free Online Educational Institution Myanmar ( FOEIM) သို႔လႉဒါန္းလိုက္သည္။
Daung Arts Corner အမည္ျဖင့္ ေပ့ခ္်ကို မတ္လ ၃၀ တြင္က်ေရာက္သည့္ ေဒါင္း၏ေမြးေန႔တြင္ စတင္ဖြင့္လွစ္ကာ လိုအပ္ေနသည့္ေနရာမ်ားကိုေထာက္ပံ့နိုင္ရန္ ၎၏အႏုပညာဖန္တီးမႈႏွင့္ အမွတ္တရ ပစၥည္းမ်ားေရာင္းရန္စီစဥ္ခဲ့ျခင္းျဖစ္ၿပီး ေဒါင္း၏ကိုယ္ပိုင္ဒီဇိုင္းႏွင့္အိတ္မ်ားကို ပထမဆုံးအႀကိမ္ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။
“ကၽြန္ေတာ္တို႔ DAC page ကေန တစ္လအတြင္း အိတ္ေပါင္း ၁၅၇၈ လုံး စုစုေပါင္းေငြ ၄၁,၃၉၅,၆၀၁ က်ပ္ ဖိုးေရာင္းခ်ရရွိခဲ့ၿပီး အျမတ္ေငြ ၁၅,၂၇၁,၅၄၇ က်ပ္( တစ္ရာငါးဆယ့္ႏွစ္သိန္းခုႏွစ္ေသာင္းတစ္ေထာင့္ငါးရာ့ေလးဆယ္ခုႏွစ္က်ပ္ တိတိ ) ရရွိခဲ့ပါတယ္။ ရရွိေသာအျမတ္ေငြအားလုံးအား Free Online Educational Institution Myanmar ( FOEIM) သို႔လႊဲေျပာင္းလႉဒါန္းေပးခဲ့ပါတယ္ခင္ဗ်ာ။”ဟု ပရိသတ္မ်ားကို အသိေပးထားသည္။
အဆိုပါအိတ္မ်ားကို ကမၻာ့နိုင္ငံ အသီးသီးမွ ေဒါင္း၏ ပရိသတ္မ်ားကို အားေပးခဲ့ၿပီး ေမၽွာ္လင့္ထားသည္ထက္အားေပးခဲ့ေသာေၾကာင့္ ပီတိျဖစ္ရေၾကာင္း ေဒါင္းကေရးသားထားသည္။
“ကေလးငယ္မ်ားကိုပညာတတ္ေလးမ်ားျဖစ္လာေအာင္ျပဳစုပ်ိဳးေထာင္ျခင္းကလည္းေကာင္းမြန္ေသာတိုင္းျပည္ျဖစ္လာေစဖို႔တည္ေဆာက္ျခင္းတမ်ိဳးပါပဲဗ်။ ဒါေၾကာင့္ ကၽြန္ေတာ့္ရဲ့ DAC page မွ ရရွိေသာ fund မ်ားအား ပညာေရးရံပုံေငြအျဖစ္ လႉဒါန္းသုံးစြဲဖို႔ရည္ရြယ္ထားပါတယ္ဗ်။ ေနာက္အသစ္ထပ္လာမယ့္ project မ်ားမွာလည္း ယခုလိုပဲ ညီအစ္ကိုေမာင္ႏွမ်ားအားလုံးဝိုင္းဝန္းပါဝင္လႉဒါန္းျခင္းျဖင့္ ကၽြန္ေတာ္တို႔နိုင္ငံရဲ့ အနာဂတ္ကေလးေတြကိုကၽြန္ေတာ္တို႔ အတူတကြျပဳစုပ်ိဳးေထာင္ၾကရေအာင္ဗ်။” ဟု ေၾကညာထားသည္။
Free Online Educational Institution Myanmar သည္ ေႏြဦးေတာ္လွန္ေရး ကာလတြင္ အေျခခံပညာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား Online ႏွင့္ ေျမျပင္မွ တဆင့္ စဥ္ဆက္မျပတ္ ပညာေရးေပးကာ ၾကားကာလ ျပည္သူ႔ပညာေရး ယႏၲရားကို ေဖာ္ေဆာင္ေနေသာ လူထုအဖြဲ႕အစည္းျဖစ္ၿပီး သ႐ုပ္ေဆာင္ ေဒါင္းကို ယင္းအဖြဲ႕အစည္း၏ Ambassador အျဖစ္ ဧၿပီ ၂၆ ရက္က ခန႔္အပ္ခဲ့သည္။