ၾကားသိရသမွ်

မိခင်ဖြစ်သူပင်ပန်းနေမှာစိုးရိမ်လို့ မိခင်မသိအောင်တိတ်တိတ်လေးခိုးပြီး seemore




Shoon (Cele Daily)

Unicode

မိခင်ဖြစ်သူပင်ပန်းနေမှာစိုးရိမ်လို့ မိခင်မသိအောင်တိတ်တိတ်လေးခိုးပြီး စားပြီးသားပန်းကန်တွေကို ဆေးပေးနေခဲ့သည့် အသက်၆နှစ်အရွယ်သားလိမ္မာလေး

သားတစ်ယောက်ကမိခင်ကိုအနားယူစေချင်ပြီး အိမ်မှုကိစ္စတွေကိုခိုးလုပ်ပေးဖို့ကြိုးစားနေတယ်ဆိုသောအခါ သားလေး၏သိတတ်လိမ္မာမှုကိုလူတိုင်းကအသိအမှတ်ပြုလေးစားမိမှာသေချာပါတယ်။

ထိုင်းနိုင်ငံမှအသက်၆နှစ်ဆိုသော သားငယ်လေးဟာမိခင်ဖြစ်သူ၏အိမ်မှုကိစ္စများဖြင့်ပင်ပန်းနေရသည့်ပုံကို မမြင်ရက်ပဲအေးဆေးအနားယူနေစေချင်ခဲ့ပါတယ်။ထို့ကြောင့်မိခင်ဖြစ်သူပင်ပန်းမှုတွေသက်သာလာစေရန်အတွက် မိခင်မသိအောင်တိတ်တိတ်လေးခိုးပြီးပန်းကန်တွေကိုဆေးကြောပေးခဲ့တာဖြစ်ပါတယ်။

ထိုသို့သိတတ်သည့်သားလိမ္မာကိုမိခင်ဖြစ်သူကဗီဒီယိုလေးရိုက်ကူးပြီး သားလေး၏သိတတ်မှုကြောင့်မျက်ရည်ပင်ကျခဲ့ရတယ်ဟုဆိုထားခဲ့ပါတယ်။သိတတ်မှုဆိုတာအရွယ်နှင့်မဆိုင်ဘဲ ခံယူချက်နှင့်နှလုံးသားပေါ်မှာသက်ရောက်နေခဲ့တာဖြစ်နိုင်ပါတယ်။

Shoon (Cele Daily)