ကိုယ္သြားေနၾက မာဆတ္က ၾကယ္စင္ လမင္း တို႔ဖမ္းခံရလို႔တရားသူႀကီးက ျပန္ပီး အမိန႔္ခ်ရေသာအခါ….
တရား႐ုံးေရွ႕မွာ ဆြမ္းခံႂကြရင္းၾကားခဲ့ရတာ
အႏွိပ္ခန္း”မာဆတ္”ကိုဖမ္းတဲ့ အမႈစစ္ေနတယ္ ပထမဆုံးစစ္တာက ဖမ္းတဲ့ တရားလို နယ္ထိန္းထြက္ခ်က္ကိုေပါ့
“အမည္”
” ခင္ေမာင္ျမင့္ပါ”
“အဆင့္”
“ဒုရဲအုပ္ပါ”
အဲ့မွာစစ္ေနတုန္း ေနာက္က အဖမ္းခံရတဲ့ မိန္းကေလး တစုက တီးတိုးတီးတိုးနဲ႔
” ဟဲ့ေကာင္မသဲစု အဲဒါ နင့္ဘဲ မဟုတ္လား” လို႔ေမးေတာ့ “သဲစုက …
“ဟုတ္ပါ့ ငါ့ကိုေျပာေတာ့ သူ႔နာမည္က အာကာေက်ာ္တဲ့ မသာလူလိမ္”
အဲ့ဒါကို အစစ္ခံရင္း ၾကားေတာ့ တရားလို ရွက္ကိုးရွက္ကန္းနဲ႔ မ်က္ႏွာႀကီးနီလို႔၊အေျခအေနကို သေဘာေပါက္တဲ့ တရားသူႀကီးက
“အဟမ္း”လို႔ ေခ်ာင္းဟန႔္လိုက္ေတာ့ ေနာက္က ေကာင္မေလးတသိုက္ၿငိမ္သြားတယ္၊ခဏၾကာေတာ့ ဥပေဒအရာရွိေရာက္လာတယ္ေခါင္းေပါင္းကိုျမန္ျမန္ဝတ္ အမႈစစ္မယ္လို႔ တရားခြင္ထဲကိုလဲဝင္ေရာ….
ေနာက္က ေကာင္မေလးေတြထဲက”ဟဲ့ ႏိုႏို အဲ့ဒါ နင့္ကိုႀကီးမဟုတ္လား””ဟုတ္ပါ့ သူပဲ”
ဥပေဒအရာရွိက တရားခံေကာင္မေလးေတြဘက္လွမ္းၾကည့္ေတာ့ ႏိုႏိုကိုေတြ႕သြားေတာ့ ရွက္ကိုး ရွက္ကန္းျဖစ္သြားၿပီး တရားခံေတြဘက္ကို ေက်ာေပးၿပီး အမႈစစ္ေနတယ္
တရားလိုဘက္စစ္ၿပီးလို႔ စြဲခ်က္တင္သင့္မတင္သင့္ အမိန႔္ခ်ခါနီးက်ေတာ့ တရားသူႀကီးက
“တရားခံ လင္းလက္၊ ၾကယ္စင္၊ အိမ့္ဖူး၊ႏိုႏို၊ သဲစု၊လမင္း ၊ ဟန္နီေမ၊ျမတ္ႏိုး၊ဧကရီ ၊ေဆာင္းယြန္း …
သင္တို႔မွာ အျပစ္ရွိလား မရွိဘူးလား ေျဖပါ” လို႔ေမးလိုက္ေရာ လင္းလက္ ထေျဖတဲ့ စကားေၾကာင့္ တရားသူႀကီး တရားခြင္က ဆင္းေျပးသြားတယ္၊
လင္းလက္ေျဖတာက….
“သမီးကို လင္းလက္လို႔ မေခၚပါနဲ႔ ဆိုင္မွာလာတုန္းကလို “သဲေလး”လို႔ပဲေခၚပါ သဲေလးမွာ လုံးဝ အျပစ္မရွိပါဘူး ကိုႀကီး” ။
crd… မူရင္း
ကိုယ်သွားနေကြ မာဆတ်က ကြယ်စင် လမင်း တို့ဖမ်းခံရလို့တရားသူကြီးက ပြန်ပီး အမိန့်ချရသောအခါ…..
တရားရုံးရှေ့မှာ ဆွမ်းခံကြွရင်းကြားခဲ့ရတာ
အနှိပ်ခန်း”မာဆတ်”ကိုဖမ်းတဲ့ အမှုစစ်နေတယ် ပထမဆုံးစစ်တာက ဖမ်းတဲ့ တရားလို နယ်ထိန်းထွက်ချက်ကိုပေါ့
“အမည်”
” ခင်မောင်မြင့်ပါ”
“အဆင့်”
“ဒုရဲအုပ်ပါ”
အဲ့မှာစစ်နေတုန်း နောက်က အဖမ်းခံရတဲ့ မိန်းကလေး တစုက တီးတိုးတီးတိုးနဲ့
” ဟဲ့ကောင်မသဲစု အဲဒါ နင့်ဘဲ မဟုတ်လား” လို့မေးတော့ “သဲစုက …
“ဟုတ်ပါ့ ငါ့ကိုပြောတော့ သူ့နာမည်က အာကာကျော်တဲ့ မသာလူလိမ်”
အဲ့ဒါကို အစစ်ခံရင်း ကြားတော့ တရားလို ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာကြီးနီလို့၊အခြေအနေကို သဘောပေါက်တဲ့ တရားသူကြီးက
“အဟမ်း”လို့ ချောင်းဟန့်လိုက်တော့ နောက်က ကောင်မလေးတသိုက်ငြိမ်သွားတယ်၊ခဏကြာတော့ ဥပဒေအရာရှိရောက်လာတယ်ခေါင်းပေါင်းကိုမြန်မြန်ဝတ် အမှုစစ်မယ်လို့ တရားခွင်ထဲကိုလဲဝင်ရော….
နောက်က ကောင်မလေးတွေထဲက”ဟဲ့ နိုနို အဲ့ဒါ နင့်ကိုကြီးမဟုတ်လား””ဟုတ်ပါ့ သူပဲ”
ဥပဒေအရာရှိက တရားခံကောင်မလေးတွေဘက်လှမ်းကြည့်တော့ နိုနိုကိုတွေ့သွားတော့ ရှက်ကိုး ရှက်ကန်းဖြစ်သွားပြီး တရားခံတွေဘက်ကို ကျောပေးပြီး အမှုစစ်နေတယ်
တရားလိုဘက်စစ်ပြီးလို့ စွဲချက်တင်သင့်မတင်သင့် အမိန့်ချခါနီးကျတော့ တရားသူကြီးက
“တရားခံ လင်းလက်၊ ကြယ်စင်၊ အိမ့်ဖူး၊နိုနို၊ သဲစု၊လမင်း ၊ ဟန်နီမေ၊မြတ်နိုး၊ဧကရီ ၊ဆောင်းယွန်း …
သင်တို့မှာ အပြစ်ရှိလား မရှိဘူးလား ဖြေပါ” လို့မေးလိုက်ရော လင်းလက် ထဖြေတဲ့ စကားကြောင့် တရားသူကြီး တရားခွင်က ဆင်းပြေးသွားတယ်၊
လင်းလက်ဖြေတာက….
“သမီးကို လင်းလက်လို့ မခေါ်ပါနဲ့ ဆိုင်မှာလာတုန်းကလို “သဲလေး”လို့ပဲခေါ်ပါ သဲလေးမှာ လုံးဝ အပြစ်မရှိပါဘူး ကိုကြီး” ။
crd… မူရင်း