မွေးနေ့ဆိုသည်မှာလူသားတိုင်း၏ဘဝမှာအပျော်ရွင်ရဆုံးအချိန်တစ်ခုဖြစ်ပါတယ်။မိမိ၏လူ့ဘဝထဲရောက်လာခဲ့သည့်နေ့ထူးနေ့မြတ်လေးမှကောင်းမှုကုသိုလ်ပြုလုပ်ရင်း မင်္ဂလာအချိန်လေးများဖန်တီးကာပြုမူတတ်ကြပါတယ်။ဥရောပတိုက်ဒိန်းမတ်နိုင်ငံမှာတော့ ၂၅နှစ်ပြည့်မွေးနေ့မှာရည်းစားမရသေးပါက သူငယ်ချင်းများ၏အပြစ်ပေးခြင်းကိုခံရမှာဖြစ်ပါတယ်။
အပြစ်ပေးသည့်ပုံစံကတော့ ကြိုးဖြင့်သေချာစွာချည်နှောင်ထားပြီး မြေမှုန့်များဖြင့်ပက်ဖြန်းကာ ပြုလုပ်တတ်ကြတာဖြစ်ပါတယ်။
ထိုသို့အပြစ်ပေးသည့်ဓလေ့ဟာလည်းပျော်ရွင်ဖွယ်ရိုးရားဓလေ့တစ်ခုဖြစ်ပါတယ်။မိမိတို့နိုင်ငံမှာတော့ ရည်းစားမရှိတဲ့လူကအကုန်နီးပါးအပြစ်ပေးခံနေရမှာသေချာပါတယ်။
Shoon (Cele Daily)