ၾကားသိရသမွ်

ခဲအိုဖြစ်သူက ယုတ်မာလို့ ဗိုက်တစ်လုံးနဲ့ ဒုက္ခရောက်နေချိန် အစ်မဖြစ်သူက သူတောင်းစားလုပ်ခိုင်းပြီး ခေါင်းပုံဖြတ်ခံရတဲ့ မိန်းကလေးရဲ့အဖြစ်..See more. ..

အကျဉ်းခြုံးပြောရရင် သူတို့ဘဝအခြေအနေက ဆိုးပါတယ်။မိခင်ဖခင်ဖြစ်သူတွေကဆုံးပါးသွားတယ်။ အစ်မနဲ့နေတယ်။

လူစိတ်မရှိတဲ့ အစ်မရဲ့ ယောင်္ကျားဖြစ်သူက အရွယ်မတိုင်ခင် ပန်းကောင်းအညွှန့်ချိုးခဲ့တယ်။ ကောင်မလေးက တိုင်ပေမဲ့ အစ်မဖြစ်သူအပါအဝင် ဘယ်သူမှ အဖက်မလုပ် အရေးမလုပ်။ နောက်ဆုံး ဗိုက်ကြီး ပူထွက်လာမှသာ မုဒိန်းမှုနဲ့အရေးယူခဲ့ရတယ်။

ယုတ်မာခဲ့တဲ့ ခဲအိုဖြစ်သူ ထောင်ကျပြီးနောက် အစ်မကသူူတို့ကို တနယ်တကျေးကို ခေါ်လာတယ်။ သူတောင်းစား လုပ်ခိုင်းတယ်။ တောင်းရမ်းခိုင်းတယ်။ ခေါင်းပုံဖြတ်တယ်။

(၁၆)နှစ်အရွယ် ကိုယ်ဝန်အရင့်အမာနဲ့ မိန်းကလေးက လိုက်တောင်းစားရင်း ဈေးကြိုကားဝင်းမှာ မူးပြီးလဲ ငိုကြွေးနေစဉ် မုဒုံမြို့မှာနေတဲ့ ဂရုဏာရှင် ညီလေးတစ်ဦးနဲ့တွေ့ပြီး သနားပြီးကယ်တင်။ နောက်ဆုံး ကလေးခွဲမွေးပြီးတဲ့ထိ ငွေကြေးထောက်ပံ့ကူညီခဲ့တယ်။

မွေးစားရိတ်ရဖို့ ထောက်ပံ့သမျှငွေကြေးတွေကိုလည်းသူ့အစ်မဖြစ်သူက လာလာ သိမ်းတယ်တဲ့။ နောက်ဆုံးကလေးမွေးပြီးတဲ့အခါလဲ မွေးပြီး (၁၃)ရက်နဲ့တင် လာခြိမ်းခြောက်ပြီး အဲဒီမွေးခါစ ကလေးနဲ့ လိုက်တောင်းခိုင်းတယ်တဲ့။ ကလေးရော အမေပါ နေလောင်ပြီး အရွယ်နဲ့မမျှအောင် လောကဓံကို ခံရတယ်။

နေလောင်ပြီး မဲသည်းနေတာပဲ။ ကလေးကမွေးတုန်းက ဖြူဖြူ ဖွေးဖွေးတတုံးတခဲ။

နောက်ဆုံး (၁၇)နှစ်အရွယ် မိခင်ဖြစ်သူက ဘယ်လိုမှဒဏ်မခံနိုင်တဲ့အဆုံး ကလေးကိုခေါ် သူ့ကို ကူညီခဲ့ဖူးတဲ့သူကိုဆက်သွယ်အကူအညီတောင်းပြီး ထွက်ပြေးတယ်။

သူ့ကိုကလေးမွေးဖို့ အစအဆုံးကူညီခဲ့တဲ့ သူဆီကိုရောက်တော့ ကလေးရဲ့အနာဂတ်အတွက် မြဆည်းဆာဆရာတော်ထံ ဆက်သွယ်မိပြီး အကူအညီတောင်းခံလာရတယ်ပေါ့။

ဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့လဲ မိခင်နဲ့ကလေးကို သူတို့ကိုစောင့်ရှောက်ပေးထားတဲ့ သူနဲ့အတူနေအိမ်မှာ ခေါ်တွေ့မေမြန်းပြီး အခြေအနေအရ အကောင်းဆုံးလမ်းဖြစ်တဲ့ မိခင်ကိုရော ကလေးကိုပါ တာဝန်ယူစောင့်ရှောက်ပေးလိုက်ပါပြီး။ ကလေးနဲ့ မိခင်လဲ မခွဲရတော့ဘူးပေါ့။

မြဆည်းဆာရိပ်သာမှာပဲ နေထိုင်ကူညီရင်း တသက်တာလုံး စိတ်ပူစရာမလိုတော့ဘူးပေါ့။ မိခင်က (၁၇)နှစ်လေ။ ကလေးပဲ တာဝန်ယူပေးရင် ဒီမိခင်က ဘာမှ လုပ်မတတ်။ အရွယ်က ရှိသေးတယ်။

လူစိတ်မရှိပဲ မတရားခိုင်းစေတာ ခံခဲ့ရတဲ့အတွက် တောင်းစားတာတခုပဲ တတ်ခဲ့တာ။ မခံနိုင်လို့ ထွက်တောင်ပြေးခဲ့ရတာ။ ဒီတိုင်းဆိုလဲ သူ့ဘဝဟာ မတွေးဝံ့စရာ။

သူ့အတွက် လက်ရှိမပြောနဲ့ အနာဂတ်လဲ မဲ့နေတာပါ။

သူတို့သားအမိရဲ့ ဖြစ်စဉ်က ဒီထက်မက အများကြီးဆိုးရွားခဲ့တာပါ။ ကျွန်တော်က အကျဉ်းခြုံးလောက်ပဲရေးပြထားတာပါ။

ဘာပဲဖြစ်ဖြစ် ခုတော့ သူတို့တွေပျော်သွားပါပြီး။ သူ့သမီးလေး အတွက်လဲ လုံခြုံစိတ်ချတဲ့ နေရာရောက်သွားပါပြီး။ မျက်ရည်တွေ ဝဲမတတ်ကျေးဇူးတင်စကား

ပြောနေရှာတာပါ။

ပထမတော့ ကလေးကိုပဲ တာဝန်ယူမွေးစားမလို့ပါပဲ။

ဒါပေမဲ့ မိခင်နဲ့ကလေး ဖြစ်သူတို့ရဲ့ အကြောင်းရင်းကို သိရပြီးနောက် မြဆည်းဆာ ဆရာတော်ရဲ့ လမ်းညွှန်မှုကို ခံယူပြီး အသက်(၁၇)နှစ်အရွယ် မိခင်ဖြစ်သူကိုပါ မြဆည်းဆာမှတာဝန်ယူစောင့်ရှောက်ပေးလိုက်ပါပြီး။

မိခင် နဲ့ ကလေးလဲမခွဲရတော့သလို သူတို့ သားအမိနှစ်ဦးလုံးရဲ့ ဘဝတခုလုံးလဲ လုံခြုံစိတ်ချသွားရတာပေါ့။

မော်လမြိုင်ရဲ့ မြဆည်းဆာ ဆိုတာ ဘိုးဘွားရိပ်သာ မိဘမဲ့ဂေဟာဆိုတဲ့ စကားလုံးတွေထက် အများကြီးအဓိပ္ပါယ်ရှိပါတယ်။

ဘဝတွေ အေးချမ်းကြပါစေ။ အပူအပင်ကင်းကြပါစေ။

13.5.2022

ဇင်မိုး

အကျိုးတော်ဆောင်

မြဆည်းဆာ ဘိုးဘွားရိပ်သာနှင့်မိဘမဲ့ဂေဟာ

မုရောင်းကျေးရွာ မော်လမြိုင်မြို့။..လေးစားလျှက်..crd.