မိန်းကလေးဖြစ်ပြီး မိန်းမမာယာကို မသိဖြစ်နေပါသလား …၊ စိတ်မပူပါနဲ့။ ဟောဒီက မမ ရှင်းပြပေးမှာပေါ့။
အမှန်ကလေ မိန်းကလေးဆိုတာ မွေးကတည်းက မာယာဆိုတာ ကပ်ပါပြီးသား။ မသိသေးလို့ မဖော်ထုတ် တတ်သေးတာပါ …။
မာယာဆိုတဲ့ အဓိပ္ပါယ်က ဆွဲဆောင်ခြင်းပေါ့ကွယ်။ တကယ်က တမင်တကာကြီး သိသိသာသာ ဆွဲဆောင်တာမျိုး မဟုတ်ပါဘူး။
မသိမသာလေးနဲ့ ဆွဲဆောင်လို့ ဆွဲဆောင်မှန်းမသိအောင် ပြုမူနေထိုင်တာမျိုးကို ခေါ်ပါတယ်။ ကဲ…ဘာတွေလည်းဆိုတာ ဖတ်ကြည့်ပါအုံးနော် …။
(၁) အမျိုးသားတွေအတွက် ဒိုင်လူကြီးမလိုအပ်ပါဘူး”
ပြောလိုက်တဲ့စကားတိုင်းကိုဆုံးဖြတ်ပေးတာကို မကြိုက်ပါဘူး။ အမှန်ပါပဲ နားထောင်ကောင်းသူ တစ်ယောက်ဖြစ်အောင် ပဲကြိုးစားစေချင် တယ် ယောင်းတို့ရေ။
ကိစ္စတိုင်းက သူတို့ဦးဆောင်မှ ပြီးမှပုံစံက အကောင်းဆုံ းပါပဲ။ စိတ်မ ဝင်စားဘဲ နဲ့လည်း စိတ်ဝင်စား ချင်ယောင် မဆောင်သင့် ပြန် ပါဘူး ။
(၂) အသေးအဖွဲ့တွေကို ဟန်မဆောင်ပါနှင့်”
ရိုးသား ပွင့်လင်းတဲ့ ရယ်မော သံတွေဟာ အမျိုးသားတွေ အတွက် ဆွဲဆောင်မှု တစ်ခုပါပဲ …။
(၃) ချစ်စရာ အငြင်းပွားဟန်ပြုပါ”
ယောကျ်ား အများစုဟာ အရူံးမပေး တတ်တဲ့ စိတ်ကိုသဘောကျ တတ်ကြပါတယ်။ စကားနိုင် လုတတ်တဲ့ မိန်းကလေးကို စိတ်ဝင်စားမှု ပိုပြီးရှိ ပါကြပ ါတယ် ။
(၄) ပျော်စရာမိန်းကလေးလို ပြုမူနေထိုင်ပါ”
ပြောင်တတ် စနောက်တတ် ပါစေ။ သူကချည်း စနေရင်လည်း ပျင်းစရာကောင်းတာပေါ့ ယောင်းတို့ ရာ ။
(၅) လွယ်လွယ်အခွင့်အရေးမပေးဖို့ လိုပါတယ်”
ချက်ချင်းအဖြေမပေးနဲ့။ လွယ်လွယ်ရတဲ့ အရာကို ယောကျ်ားလေးမှ မဟုတ်ဘူး ဘယ်သူမှ တန်ဖိုး မထားချင်ကြ ပါဘူး …။
(၆) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရန် အလှပြင်ပါ”
အကောင်းဆုံးပြင် ဆင်ထား တဲ့ မိန်းမနဲ့ တူတူ ထိုင်ရင် ကိုယ့်ကိုယ် ကိုယ် ပြန်အထင်ကြီး တတ်ကြတာ ယောကျ်ားတို့ သဘာဝ ပါပဲ …။
(၇) ရေမွှေးသုံးဖို့လိုအပ်ပါတယ်”
မိန်းကလေးမှာ အနံ့တစ်မျိုးမျိုးရှိ တာကို သဘောကျ တာလည်း သူတို့ပါဘဲ။(သဲရဲ့ ကိုယ်သင်းနံ့လေးက မွှေးနေတာပဲ ဆိုတာတော့ သူပြောဖူးလားတော့ မသိဘူး)
(၈) ကိုယ်ဟာ ကြင်နာသူတစ်ဦးဖြစ်ပါစေ”
အအေးသောက်နေတုန်းအလှူခံလာရင် မငြင်းပါနှင့်။မိန်းကလေးပေမဲ့ အရာရာကို မနှမြောတတ်ကြောင်း ပြတဲ့သဘောပါပဲ။
အမျိုးသားတွေဝမ်းနည်းစရာပြောလာတဲ့အခါ အရမ်းသနားတတ်တဲ့ ပုံ ခံစားပေးပါ။ ဒါကလည်း မာယာတစ်ခုပါပဲ …။
(၉) ပွင့်လင်းတက်ကြွစွာ နေပါ”
အမျိုးသားမိတ်ဆွေနဲ့ မိတ်ဆွေနှင့်မိတ်ဆက်ပေးရင် ရှက်ရွံ့မနေပါနှင့်။ လူတောတိုးတယ် ဆိုတဲ့ စကားကြားဖူးတယ်မလား။ ရှက်သင့်တဲ့နေရာမှာပဲ ရှက်ပါ …။
(၁၀) အပြိုင်အဆိုင်တွေရှိတယ်ဆိုတာ နားလည်ပါစေ”
ပြိုင်ဆိုင်မှုနဲ့ရတဲ့မိန်းကလေးကို ပိုပြီးတန်ဖိုးထား တတ်ကြပါတယ်။ လာနှုတ်ဆက်တဲ့ ကောင်လေးရှိရင် ရင်းရင်းနှီးနှီးပြောပါ …။(သဝန်တိုအောင် လို့ပါ)
(၁၁) အသုံးချမယ့်အပြုအမူတွေ မပြုလုပ်ပါနှင့်”
သဘောကျခံရတဲ့ အဆင့်ပဲ ရှိသေးသည်ဖြစ်စေ ဘယ်တော့မှ မခိုင်းပါနှင့်(ပစ္စည်းတွေ ၊စကားမှာတာတွေ)။ သူခိုင်းတာ လုပ်ပေးနေတာပဲ ငါမျှော်လင့်ချက် ရှိသေးတယ်ဆိုပြီး သူတို့စိတ်ထဲ ဝင်သွားနိုင်ပါတယ် …။
(၁၂) အမှတ်ရစရာ အပြုအမူတွေဖြစ်ပါစေ”
ပါ့ကွယ်။ ပုရိသတွေက ဒါတွေ မသိဘူးများ ထင်နေ လား။ သိပ်သိပ။ သိပေမယ့်လည်း သူတို့ ငြင်းဆန် မရတာကိုက မိန်းမမာယာ လို့ ခေါ်သတဲ့ကွယ် …။ ။
Credit : For Her Myanmar
Zawgyi
ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု
ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု
ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု
အကောင်းဆုံးပြင် ဆင်ထား တဲ့ မိန်းမနဲ့ တူတူ ထိုင်ရင် ကိုယ့်ကိုယ် ကိုယ် ပြန်အထင်ကြီး တတ်ကြတာ ယောက်ျားတို့ သဘာဝ ပါပဲ …။
ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု
ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု
ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု
ပုရိသတွေ မငြင်းဆန်နိုင်တဲ့ မိန်းမမာယာ (၁၂) ခု
သူနဲ့ချိန်းမှ မိုးရွာရင် ထီးမပါတာ မျိုးပေါ့။ ဆွတ်ပျံ့ကြည်နူးဖွယ် အမှတ် တရလေးတွေ ဖန်တီးပေးပါ …။ေ ယာင်းအပေါင်းတို့ …မိန်းမမာယာ ဆိုတာ ဒါမျိုးတွေေ
Credit : For Her Myanmar