ၾကားသိရသမွ်
အခက်အခဲတွေရှိသော်လည်း စွန့်လွှတ်မသွားရက်ပဲ ရေခဲမုန့်ရောင်းရင်း seemore
အခက်အခဲတွေရှိသော်လည်း စွန့်လွှတ်မသွားရက်ပဲ ရေခဲမုန့်ရောင်းရင်း မသန်စွမ်းသူသားလေးအား ရှာဖွေကျွေးနေသော ကြင်ဖော်မဲ့ဖခင်
မိဘတို့သည် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရသော်လည်း သားသမီးလေးတွေ ရှိသေးသည်ဆိုတဲ့စိတ်နဲ့ လက်မလျှော့ပဲ အားတင်းကာ ကျွေးမွေးစောင့်ရှောက်လျက်ရှိသည်။
သို့ဖြစ်၍ ထိုင်းနိုင်ငံရှိ လမ်းမပေါ်တွင် မသန်စွမ်းဖြစ်နေသော သားလေးကို လှည်းတွင်တင်ကာ မမောနိုင် မပန်းနိုင် ရေခဲမုန့်ရောင်းချပြီးအသက်မွေးဝမ်းကျောင်း ပြုနေရသော သားအဖနှစ်ယောက်ဧ။် အဖြစ်မှာ သနားဂရုဏာသက်မိသည်။
ကလေးဧ။် မိခင်ဖြစ်သူမှာ ၈လသားအရွယ် ကတည်းက မသန်စွမ်းသော လက္ခဏာဖြစ်နေသည်ကို သိရှိသွားပြီး ကိုယ်လွတ်ရုန်းသည့်အနေနှင့် သနားစရာ သားအဖနှစ်ယောက်ကို ထားပစ်ခဲ့သည်။ထို့ကြောင့် အမျိုးသားခမျာ ကြင်ဖော်မဲ့ ဖခင်တစ်ယောက်ဖြစ်လာခဲ့ပြီး သားကလည်း ကျန်းမာရေး ချူချာကာ ဆေးဖိုးဝါးခ နှင့် စားဝတ်နေရေးအတွက် နေ့စဉ် ၆ကီလိုမီတာ အကွာအဝေးထိတွန်းလှည်းလေးတွန်းကာ ရေခဲမုန့်အား ရောင်းချခဲ့သည်။
အမျိုးသားသည် ကုန်ဈေးနှုန်းအရ အရင်းနှင့် သိပ်မကိုက်၍ ရေခဲမုန့်တစ်ခွက်ကို ထိုင်းငွေ ၁၅ဘတ်ရောင်းခဲ့ရာ ဝယ်သူများအနေနှင့် ဈေးကြီးလွန်းသည် ဆိုသောကြောင့် ၁၀ဘတ်နှင့်သာ ပြန်လျှော့၍ရောင်းခဲ့ပြီး သားလေးအတွက် အမြဲရှိသွားမည်ဟု ဆိုခဲ့သည်။
credit
Zawgyi
credit