မိုးသု မန္တလေး
Ashin Khema Nanda
Unicode
အရေးပေါ်ကာလမှာ အရေးပေါ်သုံးပစ္စည်းတွေ စားသောက်ကုန်တွေကိုအဆမတန်ဈေးတင်ရောင်းရင်
ဥပမာ Mask ကို အဆမတန် ဈေးတင်ရောင်းရင် ဝိသမလောဘအကုသိုလ်ဖြစ်တယ်။ဝိသမလောဘအကုသိုလ်ကို ကျူးလွန်မိတဲ့သူက အဲဒီကံကြောင့် ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုးနဲ့ ကြုံတွေ့ရပြီး ကူရာမဲ့ ကယ်ရာမဲ့ အသေဆိုးနဲ့ သေရတတ်တယ်။
ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါဆိုးတွေကပ်ပြီး ခန္ဓာကိုယ် ဖရိုဖရဲပျက်ပြီး သေရတတ်တယ်။သေပြီးသည့်နောက်မှာ ငရဲကျတတ်တယ်။ငရဲကလွတ်လို့ လူပြန်ဖြစ်ခဲ့ရင် ခြေလက်အင်္ဂါမစုံ လူလုံးမလှတဲ့သူဖြစ်တတ်တယ်။
ကဲ အဲဒီလိုဖြစ်မှာကို မကြောက်ရင် ရောင်းကြပေါ့။စားတော့ သုံးတော့ တစ်မိသားစုလုံး။ ခံရတော့ ကိုယ်တစ်ယောက်တည်း။
မိုးသု မန္တလေး
Ashin Khema Nanda