ခြင့္လႊတ္နားလည္ေပးျခင္းသည္သာ အထိေရာက္ဆံုး လက္စားေခ်ျခင္းပါ
“ကိုယ့္အေပၚမေကာင္းတဲ့သူေတြကို ဘယ္လို ခြင့္လႊတ္ေပးမလဲ”။
တစ္စံုတစ္ေယာက္က ဒီအေျဖကို ေျဖဖူးပါတယ္။
“တကယ္ေတာ့ ခြင့္လႊတ္ေပးႏုိင္တယ္ဆိုတာ ကိုယ့္ရဲ႕ စိတ္ေၾကာင့္ပါပဲ။ ကိုယ့္ႏွလံုးသားေလးကို ျဖဴစင္ၿမဲျဖဴစင္ေနေအာင္ထားပါ။ စိတ္တံခါးေတြကို ဖြင့္လွစ္ထားလိုက္ပါ” တဲ့။
စိတ္ႏွလံုးကို အၿမဲတမ္းသန္႔စင္ၾကည္လင္ေအာင္ ထားျခင္းက ခြင့္လႊတ္ေပးတတ္ဖို႔ ေလ့က်င့္မႈတစ္ခုပါပဲ။ ကၽြန္မတို႔ရဲ႕ စိတ္ႏွလံုးအတြင္းက ၿငိမ္းခ်မ္းမႈေတြကို ေႏွာင့္ယွက္ဖ်က္ဆီးတဲ့အရာေတြကို ဖယ္ထုတ္စြန္႔လႊတ္ႏုိင္ဖို႔ ေလ့က်င့္ခန္းတစ္ခုလည္း ျဖစ္ပါတယ္။
ေဒါသထြက္ၿပီး စိတ္အလုိမက်ျဖစ္ေနခ်ိန္မွာ ကၽြန္မတို႔ ႏွလံုးခုန္ႏႈန္းေတြ ျမန္လာတတ္တယ္။ စိတ္ေတြလႈပ္ရွားလာတတ္တယ္။ မွားေနတာေတြကို အမွန္ျပင္သင့္တယ္လို႔ ခံစားလာရတယ္။ တရားမွ်တမႈကို လိုလားလာၾကတယ္။
တကယ္ေတာ့ အဲဒီလုိျဖစ္ေနတဲ့အခ်ိန္မွာ ကၽြန္မတို႔အတြင္းစိတ္မွာ တိုက္ခိုက္ေနရတဲ့ တကယ့္ရန္သူက ကၽြန္မတို႔ရဲ႕ အတၱစိတ္ပဲျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ တစ္ေယာက္ေယာက္က “ခင္ဗ်ားမွန္တယ္၊ ခင္ဗ်ားေျပာတာကို ေထာက္ခံတယ္” ဆိုေတာ့မွ ကၽြန္မတို႔ေတြ စိတ္ေလွ်ာ့တတ္ၾကတယ္ မဟုတ္လား။
စိတ္ေလွ်ာ့ၿပီး ခြင့္လႊတ္ေပးဖို႔ဆိုတာ ခက္ခဲပါတယ္။ ဘာလို႔လဲဆိုေတာ့ တစ္စံုတစ္ေယာက္ကို နာက်င္ခံစားရေအာင္လုပ္ထားတဲ့သူေတြကို ခြင့္လႊတ္ေပးလုိက္ရင္ သူတို႔လုပ္ရပ္ေတြကို ကၽြန္မတို႔က ေထာက္ခံေပးလိုက္သလိုျဖစ္သြားမယ္လို႔ ထင္ေနတတ္ၾကလုိ႔ပါ။
ကၽြန္မတို႔ဟာ လူေတြရဲ႕ အျပစ္တိုင္းကို ေျပျငိမ္းမေပးႏုိင္ၾကပါဘူး။ အျပစ္ရွိတဲ့လူတစ္ေယာက္ကို ကၽြန္မတို႔က ခြင့္လႊတ္ေပးလိုက္တာနဲ႔ အဲဒီလူက်ဴးလြန္ခဲ့တဲ့မေကာင္းမႈေတြက ေက်ေအးမသြားပါဘူး။ ကံတရားက အျပစ္ေတြအတြက္ ဒဏ္ခတ္ဦးမွာပါ။ ဒီေတာ့ ခြင့္လႊတ္ေပးျခင္းဟာ သူ႔အတြက္မဟုတ္ပါဘူး ကၽြန္မတို႔ ကိုယ္တုိင္အတြက္ပါ။
ကိုယ့္အေပၚ အျပစ္က်ဴးလြန္ထားတဲ့သူကို ျပန္လက္စားေခ်ဖို႔ ႀကံစည္ေတြးေတာေနတယ္ဆိုတာ သူ႔ကို အႏိုင္ယူခြင့္ ေပးလိုက္ပါသလိုပါပဲ။ ကိုယ့္ကို ဒုကၡေပးလိုက္တဲ့သူကို ျပန္ဒုကၡေရာက္ေအာင္ လုပ္တယ္ဆိုတာ သူတို႔စိတ္ထားမေကာင္းသလို ကိုယ့္ကိုပါစိတ္ထားမေကာင္းေအာင္၊ အမုန္းတရားေတြနဲ႔ ျပည့္ႏွက္ေနေအာင္ လုပ္ခြင့္ေပးလိုက္တာပဲ မဟုတ္လား။ ဒါေၾကာင့္ ခြင့္လႊတ္ေပးၿပီး ၿငိမ္းခ်မ္းစြာေနထိုင္ျခင္းက အေကာင္းဆံုးေသာ လက္စားေခ်ျခင္းျဖစ္ပါတယ္။
ကိုယ့္အေပၚက်ဴးလြန္ခဲ့တဲ့အတိုင္း ျပန္ၿပီး လက္စားေခ်လိုက္ရလို႔ တဒဂၤစိတ္ေက်နပ္မႈ ရခ်င္ရလိမ့္မယ္။ ဒါေပမဲ့ ဒါဟာစစ္မွန္တည္ၿမဲတဲ့ ေပ်ာ္ရႊင္မႈကို ေဆာင္ၾကဥ္းမေပးႏုိင္ပါဘူး။ ကိုယ္လက္စားေခ်ရမယ့္သူဟာ ေသသြားတဲ့အခါ၊ ကိုယ့္ဘဝထဲက ထြက္သြားတဲ့အခါမ်ိဳးမွာလည္း စိတ္ထဲမွာ အခဲမေက်ႏုိင္ဘဲ တႏံု႔ႏံု႔နဲ႔ မေပ်ာ္မရႊင္ခံစားေနရတတ္ပါတယ္။ ဒီလိုခံစားေနရတာေတြကို သက္သာၿပီး ျပန္လည္ေပ်ာ္ရႊင္ေစဖို႔ကလည္း “ခြင့္လႊတ္ျခင္း” အျပင္ တျခားေဆးနည္းမရွိပါဘူး။
ခြင့္လႊတ္ၿပီး ေမ့ျပစ္ႏုိင္ဖုိ႔ကလည္း နည္းလမ္းေကာင္းေတြ၊ ျဖတ္လမ္းနည္းေတြ မရွိပါဘူး။ စိတ္ႏွလံုးကို ေလ့က်င့္ေပးႏိုင္မွသာ ခြင့္လႊတ္ျခင္းပညာရပ္မွာ ကၽြမ္းက်င္မွာပါ။ စိတ္ႏွလံုးထဲမွာ ဆိုးညစ္တဲ့ အမုန္းေတြ၊ အာဃာတေတြ အဝင္မခံဘဲ ျဖဴစင္သန္႔ရွင္းေနေအာင္ထားပါ။ အညစ္အေၾကးေတြစုလာၿပီဆိုရင္လည္း ခ်က္ခ်င္းရွင္းထုတ္လိုက္ပါ။
ခြင့္လႊတ္နားလည္ေပးျခင္းဟာ အျပစ္အႀကီးႀကီးေတြရဲ႕ အစိတ္အပိုင္းျဖစ္တဲ့ အျပစ္ေလးေတြကို တစ္ခုခ်င္းခြင့္လႊတ္ေပးရင္း ျဖစ္တည္လာတာပါ။ စိတ္ႏွလံုးကို အၿမဲတမ္းရွင္းလင္းေနေအာင္ထားမယ္ဆိုရင္ အခ်ိန္တိုင္း ၿငိမ္းခ်မ္းေနတဲ့ စိတ္နဲ႔ ေပ်ာ္ရႊင္စရာဘဝေလးကို ပိုင္ဆိုင္ႏိုင္မွာပါ။
ခရက္ဒစ္ ဂႏၳဝင္မဂၢဇင္း
Unicode
ခွင့်လွှတ်နားလည်ပေးခြင်းသည်သာ အထိရောက်ဆုံး လက်စားချေခြင်းပါ
“ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို ဘယ်လို ခွင့်လွှတ်ပေးမလဲ”။
တစ်စုံတစ်ယောက်က ဒီအဖြေကို ဖြေဖူးပါတယ်။
“တကယ်တော့ ခွင့်လွှတ်ပေးနိုင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကြောင့်ပါပဲ။ ကိုယ့်နှလုံးသားလေးကို ဖြူစင်မြဲဖြူစင်နေအောင်ထားပါ။ စိတ်တံခါးတွေကို ဖွင့်လှစ်ထားလိုက်ပါ” တဲ့။
စိတ်နှလုံးကို အမြဲတမ်းသန့်စင်ကြည်လင်အောင် ထားခြင်းက ခွင့်လွှတ်ပေးတတ်ဖို့ လေ့ကျင့်မှုတစ်ခုပါပဲ။ ကျွန်မတို့ရဲ့ စိတ်နှလုံးအတွင်းက ငြိမ်းချမ်းမှုတွေကို နှောင့်ယှက်ဖျက်ဆီးတဲ့အရာတွေကို ဖယ်ထုတ်စွန့်လွှတ်နိုင်ဖို့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒေါသထွက်ပြီး စိတ်အလိုမကျဖြစ်နေချိန်မှာ ကျွန်မတို့ နှလုံးခုန်နှုန်းတွေ မြန်လာတတ်တယ်။ စိတ်တွေလှုပ်ရှားလာတတ်တယ်။ မှားနေတာတွေကို အမှန်ပြင်သင့်တယ်လို့ ခံစားလာရတယ်။ တရားမျှတမှုကို လိုလားလာကြတယ်။
တကယ်တော့ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့အတွင်းစိတ်မှာ တိုက်ခိုက်နေရတဲ့ တကယ့်ရန်သူက ကျွန်မတို့ရဲ့ အတ္တစိတ်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က “ခင်ဗျားမှန်တယ်၊ ခင်ဗျားပြောတာကို ထောက်ခံတယ်” ဆိုတော့မှ ကျွန်မတို့တွေ စိတ်လျှော့တတ်ကြတယ် မဟုတ်လား။
စိတ်လျှော့ပြီး ခွင့်လွှတ်ပေးဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်ကို နာကျင်ခံစားရအောင်လုပ်ထားတဲ့သူတွေကို ခွင့်လွှတ်ပေးလိုက်ရင် သူတို့လုပ်ရပ်တွေကို ကျွန်မတို့က ထောက်ခံပေးလိုက်သလိုဖြစ်သွားမယ်လို့ ထင်နေတတ်ကြလို့ပါ။
ကျွန်မတို့ဟာ လူတွေရဲ့ အပြစ်တိုင်းကို ပြေငြိမ်းမပေးနိုင်ကြပါဘူး။ အပြစ်ရှိတဲ့လူတစ်ယောက်ကို ကျွန်မတို့က ခွင့်လွှတ်ပေးလိုက်တာနဲ့ အဲဒီလူကျူးလွန်ခဲ့တဲ့မကောင်းမှုတွေက ကျေအေးမသွားပါဘူး။ ကံတရားက အပြစ်တွေအတွက် ဒဏ်ခတ်ဦးမှာပါ။ ဒီတော့ ခွင့်လွှတ်ပေးခြင်းဟာ သူ့အတွက်မဟုတ်ပါဘူး ကျွန်မတို့ ကိုယ်တိုင်အတွက်ပါ။
ကိုယ့်အပေါ် အပြစ်ကျူးလွန်ထားတဲ့သူကို ပြန်လက်စားချေဖို့ ကြံစည်တွေးတောနေတယ်ဆိုတာ သူ့ကို အနိုင်ယူခွင့် ပေးလိုက်ပါသလိုပါပဲ။ ကိုယ့်ကို ဒုက္ခပေးလိုက်တဲ့သူကို ပြန်ဒုက္ခရောက်အောင် လုပ်တယ်ဆိုတာ သူတို့စိတ်ထားမကောင်းသလို ကိုယ့်ကိုပါစိတ်ထားမကောင်းအောင်၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေအောင် လုပ်ခွင့်ပေးလိုက်တာပဲ မဟုတ်လား။ ဒါကြောင့် ခွင့်လွှတ်ပေးပြီး ငြိမ်းချမ်းစွာနေထိုင်ခြင်းက အကောင်းဆုံးသော လက်စားချေခြင်းဖြစ်ပါတယ်။
ကိုယ့်အပေါ်ကျူးလွန်ခဲ့တဲ့အတိုင်း ပြန်ပြီး လက်စားချေလိုက်ရလို့ တဒင်္ဂစိတ်ကျေနပ်မှု ရချင်ရလိမ့်မယ်။ ဒါပေမဲ့ ဒါဟာစစ်မှန်တည်မြဲတဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းမပေးနိုင်ပါဘူး။ ကိုယ်လက်စားချေရမယ့်သူဟာ သေသွားတဲ့အခါ၊ ကိုယ့်ဘဝထဲက ထွက်သွားတဲ့အခါမျိုးမှာလည်း စိတ်ထဲမှာ အခဲမကျေနိုင်ဘဲ တနုံ့နုံ့နဲ့ မပျော်မရွှင်ခံစားနေရတတ်ပါတယ်။ ဒီလိုခံစားနေရတာတွေကို သက်သာပြီး ပြန်လည်ပျော်ရွှင်စေဖို့ကလည်း “ခွင့်လွှတ်ခြင်း” အပြင် တခြားဆေးနည်းမရှိပါဘူး။
ခွင့်လွှတ်ပြီး မေ့ပြစ်နိုင်ဖို့ကလည်း နည်းလမ်းကောင်းတွေ၊ ဖြတ်လမ်းနည်းတွေ မရှိပါဘူး။ စိတ်နှလုံးကို လေ့ကျင့်ပေးနိုင်မှသာ ခွင့်လွှတ်ခြင်းပညာရပ်မှာ ကျွမ်းကျင်မှာပါ။ စိတ်နှလုံးထဲမှာ ဆိုးညစ်တဲ့ အမုန်းတွေ၊ အာဃာတတွေ အဝင်မခံဘဲ ဖြူစင်သန့်ရှင်းနေအောင်ထားပါ။ အညစ်အကြေးတွေစုလာပြီဆိုရင်လည်း ချက်ချင်းရှင်းထုတ်လိုက်ပါ။
ခွင့်လွှတ်နားလည်ပေးခြင်းဟာ အပြစ်အကြီးကြီးတွေရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အပြစ်လေးတွေကို တစ်ခုချင်းခွင့်လွှတ်ပေးရင်း ဖြစ်တည်လာတာပါ။ စိတ်နှလုံးကို အမြဲတမ်းရှင်းလင်းနေအောင်ထားမယ်ဆိုရင် အချိန်တိုင်း ငြိမ်းချမ်းနေတဲ့ စိတ်နဲ့ ပျော်ရွှင်စရာဘဝလေးကို ပိုင်ဆိုင်နိုင်မှာပါ။
ခရက်ဒစ် ဂန္ထဝင်မဂ္ဂဇင်း