ၾကားသိရသမွ်

အရပ်ရှည်ရှည်ကောင်မလေးဖြစ်ချင်၍ ခြေထောက်နှစ်ဖက်ကို ခွဲစိတ်မှုပြုလုပ်ခဲ့ရာSee more…

မိန်းကလေးများအနေနှင့် အရပ်ပုတာလေးက ပိုပြီးချစ်ဖို့ကောင်းသည်ဟု ဆိုကြသော်လည်း လူသားတို့ဧ။် သဘာဝအရ ကိုယ့်တွင်မရှိသော အရာလေးကိုမှ တမ်းတမ်းတတ လိုချင်မက်မောကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အသက် ၂၅နှစ်အရွယ် ကောင်မလေးသည် မူလအရပ်မှာ ၁မီတာနှင့် ၄၈ သာအမြင့်ရှိ၍ ကိုယ့်ကိုယ်ကို အားမရပဲ အရပ်ရှည်ရှည်ဖြစ်ချင်သောကြောင့် ခွဲစိတ်ပြီး ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော် ခွဲစိတ်ရန် ငွေကြေးမလုံလောက်၍ မိန်းကလေးသည် တစ်နေ့တည်း အလုပ် သုံးခု လေးခု ကိုမမောမပန်းလုပ်ခဲ့ပြီး ငွေများစုဆောင်းခဲ့သည်။

ထို့နောက် ဆရာဝန်နှင့် တိုင်ပင်ကာ သူမဧ။် ခြေထောက်အား ခွဲစိတ်ခြင်းစတင်ခဲ့ရာ ကံကောင်းစွာဖြင့် ခွဲစိတ်မှုအောင်မြင်ပြီး ၇စင်တီမီပိုရှည်လာကာ ၄လအကြာတွင် နလန်ထူနိုင်ပြီးနောက် မတ်တပ်ရပ်နိုင်ခဲ့သည်။

ယခုချိန်တွင်တော့ သူမသည် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပိုရှိလာပြီး ခြေထောက်လေ့ကျင့်ခန်းအတွက် လမ်းလျှောက်ဖို့ကျ ဂျိုင်းထောက်ဧ။် အကူအညီကို ယူနေသေးရပြီး အရမ်းပျော်နေခဲ့သည်။

credit

Zawgyi

အရပ်ရှည်ရှည်ကောင်မလေးဖြစ်ချင်၍ ခြေထောက်နှစ်ဖက်ကို ခွဲစိတ်မှုပြုလုပ်ခဲ့သော ချစ်စဖွယ် ဂျပုမလေး




credit