ဗဟုသုတ

တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ ဘာလဲ…???

တိုက္ခန္း ၀ယ္သူေတြ ေမးၾကတဲ့ ဘီစီစီ(BCC) စာ႐ြက္ဆိုတာ ဘာလဲ…???

ျမန္မာႏိုင္ငံရဲ႕ ေျပာင္းလဲလာတဲ့ ေခတ္ေရစီးေၾကာင္းနဲ႔ လူေနမႈ အဆင့္အတန္းေတြ ေျပာင္းလဲလာတဲ့ အေလွ်ာက္ ေနရာထိုင္ခင္း ေတြလဲ ေျပာင္းလဲလို႔ လာပါတယ္။

ယခုေနာက္ပိုင္း တိုက္ခန္းေတြျဖစ္လာတာေၾကာင့္ ဘီစီစီ စာ႐ြက္ကို အဓိက စာ႐ြက္စာတန္း အျဖစ္ စစ္ေဆးလာၾကပါတယ္။

BCC စာ႐ြက္ ဆိုတာ ( Building Complete Certificate ) (လူေနထိုင္ခြင့္ပုံစံ) စာ႐ြက္လို႔ ေခၚဆိုပါတယ္။

အဲဒီ စာ႐ြက္ေလးဟာ တိုက္ခန္းတစ္ခန္း ၀ယ်ယူမယ်ဆိုရင် အျခားလိုအပ္တဲ့ စာ႐ြက္စာတန္းေတြနဲ႔ အတူ BCC စာ႐ြက္ေလး ကိုလဲ အဓိကထား စစ္ေဆး သင့္ပါတယ္။

ဘီစီစီကို လူေနထိုင္ခြင့္လို႔ လူေတြ အလြယ္ေျပာပါတယ္ ။ အဲဒီေတာ့ စာ႐ြက္ေပၚမွာ လူေနထိုင္ခြင့္လို႔ ပါေနလိမ့္မယ္လို႔ မသိစိတ္က ထင္မွတ္ ထားၾကပါတယ္။

ဒါေပမယ့္ ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည္ပင္ဌာနကထုတ္ေပးတဲ့ အေဆာက္အဦး ၿပီးစီးေၾကာင္း အသိအမွတ္ျပဳလႊာလို႔ ေခၚတာပါ။

လူေတြေျပာေနၾကတဲ့ လူေနထိုင္ခြင့္ ဆိုတာနဲ႔ သေဘာတရားကေတာ့ အတူတူပါပဲ။ အေဆာက္အဦးေဆာက္လုပ္တာ ျပည့္စုံ ၿပီးစီးသြားပါၿပီ… ဒါေၾကာင့္ လူေနလို႔ ရၿပီ ဆိုတဲ့ သြယ္ဝိုက္ အသိေပးတဲ့ လူေနထိုင္ခြင့္ စာ႐ြက္ပါဘဲ ။

ဒါေပမယ့္ ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည္ပင္ဌာနကထုတ္ေပးတဲ့ အေဆာက္အဦးၿပီးစီးေၾကာင္း အသိအမွတ္ျပဳလႊာကို ေခၚတာပါ..။

အေဆာက္အဦးၿပီးစီးေၾကာင္း တရား၀င္ အသိအမွတ္ျပဳတာကို ျမန္မာအမ်ားစုက ျမန္မာမႈျပဳလိုက္တာမွာ လူေနခြင့္လို႔ ျဖစ္သြားပါတယ္..။

သေဘာတရားကေတာ့ အတူတူပါပဲ..။ အေဆာက္အဦးေဆာက္လုပ္တာ ျပည့္စုံၿပီးစီးသြားပါၿပီ ဆိုေတာ့ လူေနလို႔ ရၿပီေပါ့..။ လူေနလို႔ ရၿပီလို႔ သြယ္ဝိုက္ အသိေပးတဲ့ ဘီစီစီစာ႐ြက္ဆိုတာ လူေနခြင့္ စာ႐ြက္ေပါ့..။

ဘုတ္စိမ္းစာ႐ြက္ (လူေနထိုင္ရန္ လို႔ ပါတဲ့စာ႐ြက္) ပဲ ျပႏိုင္ရင္ တရား၀င္ ေဆာက္လုပ္ခြင့္နဲ႔ေတာ့ ေဆာက္ထားတယ္… အေဆာက္အဦး ၿပီးစီးေၾကာင္း စာ႐ြက္ ဘီစီစီေတာ့ တင္မထားဘူးလို႔ အဓိပ္ပါယ္ ရပါတယ္..။

လႈိင္နဲ႔ သဃၤန္းကြၽန္း တစ္ခ်ိဳ႕ရပ္ကြက္ေတြမွာ ဘုတ္စိမ္း(ေဆာက္လုပ္ခြင့္ျပဳမိန္႔) စာ႐ြက္ပါၿပီး.. ဘီစီစီစာ႐ြက္ မပါတဲ့တိုက္ေတြ တစ္ရပ္ကြက္လုံးနီးပါး ရွိတဲ့ ရပ္ကြက္တစ္ခ်ိဳ႕ရွိပါတယ္..။

ေဒၚေမသၪၨာသိန္း ၊တရားလႊတ္ေတာ္ေရွ႕ေန(Law Garden law firm)

photo #crd#ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္မ်ွေ၀ျခင္း ျဖစ္ပါသည္။

Unicode

တိုက်ခန်း ဝယ်သူတွေ မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ ဘာလဲ…???
မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ လူနေမှု အဆင့်အတန်းတွေ ပြောင်းလဲလာတဲ့ အလျှောက် နေရာထိုင်ခင်း တွေလဲ ပြောင်းလဲလို့ လာပါတယ်။

ယခုနောက်ပိုင်း တိုက်ခန်းတွေဖြစ်လာတာကြောင့် ဘီစီစီ စာရွက်ကို အဓိက စာရွက်စာတန်း အဖြစ် စစ်ဆေးလာကြပါတယ်။

BCC စာရွက် ဆိုတာ ( Building Complete Certificate ) (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ ခေါ်ဆိုပါတယ်။

အဲဒီ စာရွက်လေးဟာ တိုက်ခန်းတစ်ခန်း ဝယျယူမယျဆိုရငျ အခြားလိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ အတူ BCC စာရွက်လေး ကိုလဲ အဓိကထား စစ်ဆေး သင့်ပါတယ်။

ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေ အလွယ်ပြောပါတယ် ။ အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ် ထားကြပါတယ်။

ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦး ပြီးစီးကြောင်း အသိအမှတ်ပြုလွှာလို့ ခေါ်တာပါ။

လူတွေပြောနေကြတဲ့ လူနေထိုင်ခွင့် ဆိုတာနဲ့ သဘောတရားကတော့ အတူတူပါပဲ။ အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံ ပြီးစီးသွားပါပြီ… ဒါကြောင့် လူနေလို့ ရပြီ ဆိုတဲ့ သွယ်ဝိုက် အသိပေးတဲ့ လူနေထိုင်ခွင့် စာရွက်ပါဘဲ ။

ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာကို ခေါ်တာပါ..။

အဆောက်အဦးပြီးစီးကြောင်း တရားဝင် အသိအမှတ်ပြုတာကို မြန်မာအများစုက မြန်မာမှုပြုလိုက်တာမှာ လူနေခွင့်လို့ ဖြစ်သွားပါတယ်..။

သဘောတရားကတော့ အတူတူပါပဲ..။ အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံပြီးစီးသွားပါပြီ ဆိုတော့ လူနေလို့ ရပြီပေါ့..။ လူနေလို့ ရပြီလို့ သွယ်ဝိုက် အသိပေးတဲ့ ဘီစီစီစာရွက်ဆိုတာ လူနေခွင့် စာရွက်ပေါ့..။

ဘုတ်စိမ်းစာရွက် (လူနေထိုင်ရန် လို့ ပါတဲ့စာရွက်) ပဲ ပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်… အဆောက်အဦး ပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ် ရပါတယ်..။

လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး.. ဘီစီစီစာရွက် မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါး ရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။

ဒေါ်မေသဉ္ဇာသိန်း ၊တရားလွှတ်တော်ရှေ့နေ(Law Garden law firm)

photo #crd#လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။