အနုပညာ
ဖခင်စိုင်းထီးဆိုင်ရဲ့သီချင်းတွေကို ခွင့်ပြုချက်မတောင်းပဲ Cover Song သီဆိုနေတာကိုလုံးဝခွင့်အပြုကြောင်း ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ ဆိုင်စံ
Source: Hseng Sam’s fb
နိုင်ငံကျော် တေးရေးတေးဆို စိုင်းထီးဆိုင် ကတော့ တေးချစ်သူပရိသတ်တွေကို သူ့ရဲ့ သီချင်းကောင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ နိုင်ငံကျော် ဂီတအနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့သီချင်းတွေကို ပရိသတ်တွေက အပျော်သီဆိုကြသလို တချို့ကလည်း စီးပွားဖြစ်ပြန်လည်သီဆိုကြတာကြောင့် စိုင်းထီးဆိုင်ရဲ့မိသားစုတွေက တေးသီချင်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီး အခုလိုပဲ အသိပေးလာ ခဲ့တာကို တွေ့ရပါတယ်။
“ကျမရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သောတေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာမဟုတ်ပါကြောင်း (ပရိတ်သတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ)Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲ အသုံးပြုသီဆိုခွင့် တင်ခွင့်မရှိပါဘူ းတင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင်ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရအရေးယူမှာဖြစ်ပါတယ် တေးသံရှင်စိုင်းထီးဆိုင်မိသားစုမှတ်ချက်။ ။
အဖေရေးထားသော သီချင်းများကိုသာ သီးသန့်ရည်ရွယ်ခြင်းဖြစ်ပါသည် ဆရာစိုင်းခမ်းလိတ်နှင့် အခြားတေးရေးဆရာများရေးသားသောသီချင်းများကို ရည်ရွယ်ခြင်းမဟုတ်ပါ” ဆိုပြီး စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ တေးသံရှင်ဆိုင်စံက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့တာဖြစ်ပါတယ်။တေးသံရှင်ကြီး စိုင်းထီးဆိုင်ရဲ့ မိသားစုဝင်တွေကတော့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကို ခွင့်မတောင်းပဲ စီးပွားဖြစ်သုံးစွဲနေမှုတွေကြောင့် အခုလိုကြေငြာချက်ထုတ်ပြန်ခဲ့ရတာဖြစ်ပြီး ဆက်လက်တွေ့ရှိနေ ရင်လည်း တရားဥပဒေနဲ့အညီဆောင်ရွက်မယ်လို့ ပြတ်သားစွာအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။
Source: Hseng Sam’s fb
Credit; Cele Active World