ဗဟုသုတ

အိပ်တဲ့ပုံစံ (၆) မျိုးကနေ သိနိုင်တဲ့ သင့်ရဲ့ပင်ကိုစရိုက်

သင်က ညအိပ်တဲ့အခါ ဘယ်လိုပုံစံနဲ့ အိပ်လေ့ရှိပါသလဲ။ အိပ်ပုံအိပ်နည်းကနေတစ်ဆင့် သင့်ရဲ့ပင်ကိုစရိုက်ကို သိရှိနိုင်ပါတယ်။

၁။ သင်က ဒူးကိုကွေးပြီး ဘေးစောင်းအိပ်တတ်သူဆိုရင် စိတ်တည်ငြိမ်ပြီး ယုံကြည်လို့ရတဲ့သူပါ။ သင့်ကို လာရှုပ်လို့တော့ မရပါဘူး။ ဘဝမှာကြုံလာတဲ့ ပြဿနာတွေကို အလိုက်သင့် ပြေလည်အောင် ဖြေရှင်းတတ်တာကတော့ အရည်အချင်း တစ်ရပ်ပါပဲ။

၂။ သန္ဓေသားပုံစံ ကွေးပြီးအိပ်တတ်ရင်တော့ သင့်ကို လုံခြုံမှုပေးတာကို တစ်ခါတရံ လိုအပ်သူပါ။ အခြားသူတွေအပေါ်မှာလည်း ကိုယ်ချင်းစာစိတ် အမြဲထားတတ်တဲ့သူပါ။

အေးအေးဆေးဆေး နေတတ်ပြီး ပြဿနာကို မီးထွန်းရှာရတာကို အရမ်းမုန်းတဲ့စိတ် ရှိပါတယ်။ ပန်းချီဆွဲတာ၊ ကတာ၊ စာရေးတာ စတဲ့အနုပညာတွေမှာ ပိုပြီး အားသန်တတ်ပါတယ်။

၃။ ခြေတွေ၊ လက်တွေကို ဖြန့်ကျက်ပြီး မှောက်အိတ်တတ်သူဆိုရင် သင့်မှာ ခေါင်းဆောင်နိုင်တဲ့စွမ်းရည်တွေ ရှိပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာရော၊ အလုပ်ကိစ္စတွေမှာရော အများထက်ကို ပိုပြီး ဦးဆောင်နိုင်တတ်သူပါ။

အများထက်ပိုပြီး ရှေ့ကို တွေးခေါ်မြော်မြင်နိုင်စွမ်း ရှိပါတယ်။ တာဝန်ယူတတ်တာကတော့ သင့်ရဲ့ ပင်ကိုစရိုက်ဖြစ်ပြီး သင်နဲ့အတူ အခြားသူတွေကိုပါ အောင်မြင်အောင် လက်တွဲခေါ်ပေးတတ်သူပါ။

၄။ သင်က ပက်လက်အိပ်တတ်သူဆိုရင် ဘဝအပေါ်မှာ အမြဲအကောင်းမြင်စိတ် မွေးသူပါ။ လက်ရှိပစ္စုပ္ပန်ကိုသာ အာရုံစိုက်ထားတတ်ပါတယ်။ အလုပ်လုပ်တဲ့အခါ ဇွဲနဘဲနဲ့ လုပ်တတ်တာကတော့ အားသာချက်ပါပဲ။ ပက်လက်အိပ်တတ်သူတွေ အများစုမှာ ခိုင်မာတဲ့စိတ်ဓာတ်တွေ ရှိတတ်ကြပါတယ်။

၅။ လက်တွေကို ခန္ဓာကိုယ်ရဲ့ဘေးဘက်မှာ ချထားပြီး သတိပုံစံ အနေအထားနဲ့ အိပ်တတ်သူတွေက လူအများနဲ့ အလိုက်သင့် ပြုမူနေထိုင်ပြောဆိုတတ်သူတွေပါ။ သူတို့ရဲ့ဘဝမှာရှိတဲ့ ပန်းတိုင်တွေဆီကို မရောက်ရောက်အောင် သွားဖို့အတွက် စိတ်ဓာတ်ပြင်းထန်သူတွေပါ။ အချိန်ကို ရွှေလို့သဘောထားသူတွေပါပဲ။

၆။ ငဟစ်ငှက်လို ခြေထောက်တစ်ဖက်ကို ထောင်အိပ်သူတွေက ခန့်မှန်းရခက်တွေပါပဲ။ သူတို့က စွန့်စားသွားလာရတာကို အရမ်းသဘောကျပါတယ်။ စိတ်က အရမ်းမြန်တာကြောင့် သင့်အနားမှာရှိသူတွေ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင်တော့ အချိန်အကြာကြီး စဉ်းစားတတ်ပါတယ်။ တစ်ဖက်မှာတော့ သင်က အပြိုင်အဆိုင်နည်းပြီး တည်ငြိမ်အေးချမ်းတဲ့ဘဝကို ပိုပြီးမက်မောတတ်သူပါပဲ။

Zombie (lovemedia)

သင္က ညအိပ္တဲ့အခါ ဘယ္လိုပုံစံနဲ႔ အိပ္ေလ့ရွိပါသလဲ။ အိပ္ပုံအိပ္နည္းကေနတစ္ဆင့္ သင့္ရဲ့ပင္ကိုစရိုက္ကို သိရွိနိုင္ပါတယ္။

၁။ သင္က ဒူးကိုေကြးၿပီး ေဘးေစာင္းအိပ္တတ္သူဆိုရင္ စိတ္တည္ၿငိမ္ၿပီး ယုံၾကည္လို႔ရတဲ့သူပါ။ သင့္ကို လာရႈပ္လို႔ေတာ့ မရပါဘူး။ ဘဝမွာၾကဳံလာတဲ့ ျပႆနာေတြကို အလိုက္သင့္ ေျပလည္ေအာင္ ေျဖရွင္းတတ္တာကေတာ့ အရည္အခ်င္း တစ္ရပ္ပါပဲ။

၂။ သေႏၶသားပုံစံ ေကြးၿပီးအိပ္တတ္ရင္ေတာ့ သင့္ကို လုံျခဳံမႈေပးတာကို တစ္ခါတရံ လိုအပ္သူပါ။ အျခားသူေတြအေပၚမွာလည္း ကိုယ္ခ်င္းစာစိတ္ အျမဲထားတတ္တဲ့သူပါ။

ေအးေအးေဆးေဆး ေနတတ္ၿပီး ျပႆနာကို မီးထြန္းရွာရတာကို အရမ္းမုန္းတဲ့စိတ္ ရွိပါတယ္။ ပန္းခ်ီဆြဲတာ၊ ကတာ၊ စာေရးတာ စတဲ့အႏုပညာေတြမွာ ပိုၿပီး အားသန္တတ္ပါတယ္။

၃။ ေျခေတြ၊ လက္ေတြကို ျဖန႔္က်က္ၿပီး ေမွာက္အိတ္တတ္သူဆိုရင္ သင့္မွာ ေခါင္းေဆာင္နိုင္တဲ့စြမ္းရည္ေတြ ရွိပါတယ္။ ကိုယ္ေရးကိုယ္တာ ကိစၥေတြမွာေရာ၊ အလုပ္ကိစၥေတြမွာေရာ အမ်ားထက္ကို ပိုၿပီး ဦးေဆာင္နိုင္တတ္သူပါ။

အမ်ားထက္ပိုၿပီး ေရွ႕ကို ေတြးေခၚေျမာ္ျမင္နိုင္စြမ္း ရွိပါတယ္။ တာဝန္ယူတတ္တာကေတာ့ သင့္ရဲ့ ပင္ကိုစရိုက္ျဖစ္ၿပီး သင္နဲ႔အတူ အျခားသူေတြကိုပါ ေအာင္ျမင္ေအာင္ လက္တြဲေခၚေပးတတ္သူပါ။

၄။ သင္က ပက္လက္အိပ္တတ္သူဆိုရင္ ဘဝအေပၚမွာ အျမဲအေကာင္းျမင္စိတ္ ေမြးသူပါ။ လက္ရွိပစၥဳပၸန္ကိုသာ အာ႐ုံစိုက္ထားတတ္ပါတယ္။ အလုပ္လုပ္တဲ့အခါ ဇြဲနဘဲနဲ႔ လုပ္တတ္တာကေတာ့ အားသာခ်က္ပါပဲ။ ပက္လက္အိပ္တတ္သူေတြ အမ်ားစုမွာ ခိုင္မာတဲ့စိတ္ဓာတ္ေတြ ရွိတတ္ၾကပါတယ္။

၅။ လက္ေတြကို ခႏၶာကိုယ္ရဲ့ေဘးဘက္မွာ ခ်ထားၿပီး သတိပုံစံ အေနအထားနဲ႔ အိပ္တတ္သူေတြက လူအမ်ားနဲ႔ အလိုက္သင့္ ျပဳမူေနထိုင္ေျပာဆိုတတ္သူေတြပါ။ သူတို႔ရဲ့ဘဝမွာရွိတဲ့ ပန္းတိုင္ေတြဆီကို မေရာက္ေရာက္ေအာင္ သြားဖို႔အတြက္ စိတ္ဓာတ္ျပင္းထန္သူေတြပါ။ အခ်ိန္ကို ေရႊလို႔သေဘာထားသူေတြပါပဲ။

၆။ ငဟစ္ငွက္လို ေျခေထာက္တစ္ဖက္ကို ေထာင္အိပ္သူေတြက ခန႔္မွန္းရခက္ေတြပါပဲ။ သူတို႔က စြန႔္စားသြားလာရတာကို အရမ္းသေဘာက်ပါတယ္။ စိတ္က အရမ္းျမန္တာေၾကာင့္ သင့္အနားမွာရွိသူေတြ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္။

ဆုံးျဖတ္ခ်က္တစ္ခု ခ်ေတာ့မယ္ဆိုရင္ေတာ့ အခ်ိန္အၾကာႀကီး စဥ္းစားတတ္ပါတယ္။ တစ္ဖက္မွာေတာ့ သင္က အၿပိဳင္အဆိုင္နည္းၿပီး တည္ၿငိမ္ေအးခ်မ္းတဲ့ဘဝကို ပိုၿပီးမက္ေမာတတ္သူပါပဲ။

Zombie (lovemedia)