ဗဟုသုတ

အနော်ရထာမင်း ၏ ထူးဆန်းသော အိမ်မက်ကြီး(၃) ခုနှင့်နောက်ထပ် ပေါ်မည့် သာသနာပြုမင်းလောင်း

အနော်ရထာမင်း ၏ ထူးဆန်းသော အိမ်မက်ကြီး(၃) ခုနှင့်နောက်ထပ် ပေါ်မည့် သာသနာပြုမင်းလောင်း

ဓမ္ပဒီပတိုင်း ပုဂံပြည့်ရှင် အနော်ရထာမင်း သည် သူနတ်ရွာမစံမီ (၇) ရက်အလိုတွင် ထူးဆန်းသောအိမ် မက်ကြီးသုံးခုကို မက်လေသည်။

ပထမအိမ်မက် – အနော်ရထာမင်း ၏ နန်းတော်အုတ်တံတိုင်းတို့သည် ပြိုကျကုန်ပြီးနောက် နန်းတော်ထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီး

ထိုမီးတောက်ထဲမှ ရဲမက် တစ်ယောက်က ပြိုကျသော အုတ်တံတိုင်းကို ပြန် ထောင်လေသည်။

ဒုတိယအိမ်မက် – အနော်ရထာမင်း၏ နန်းတော်သည် လည်းပြိုကျလေသည်။ထိုအခါ နန်းတော် အနောက်တွင် ရှိသော

မီးဖိုထဲ မှ မီးလျှံများထဲမှ လူတစ်ယောက်က နန်းတော်ကို ပြန်လည်တည်ဆောက်ပေးလေသည်။

တတိယအိမ်မက် – အနော်ရထာမင်းသည် နန်းတော်ရှေ့သို့ ထွက်လာသောအခါ ကောင်းကင်ယံ၌ မြတ်စွာဘုရားတည်ရှိနေပြီး

မြေကြီးပေါ်တွင် နန်းတော်ပြင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကာ ရေကြည်တို့သည်လည်း မီးနှင့်ရောထွေးကာ နန်းတော်အပြင်ထိသို့ပါ လျှံကာထွက်လေသည်။

ထိုမီးအလျှံ ရေအလျှံတို့သည် အနော်ရထာမင်းအားမြုပ်ပြီးနောက် ထိုထဲမှ လူသားတစ်ပါးထွက်လာကာ မြတ်စွာဘုရားရှင်အား

ဦးတိုက်ရှိခိုးလေသည်။နောက်နေ့မနက်တွင် အနော်ရထာမင်းသည် ပုရောဟိတ်ပုဏ္ဍား အား သူ၏ အိမ်မက် (၃) ခုမေးလေသည်။

ပုရောဟိတ် လည်းထိုအိမ်မက် (၃) ခုအား သေချာဆင်ခြင်ပြီး တွက်ဆကာ အနော်ရထာမင်းအား သံတော်ဦးတင်လေသည်။

အရှင်မင်းကြီး “ပထမ “အိမ်မက်သည် နောင်သောကာလ ၌ ပုဂံပြည်ကြီးသည် ပျက်စီးယိုယွင်း ပြီးနောက် အရှင်မင်းကြီး

တည်ထောင်စုစည်းထားသော ပြည်သည် တကွဲတပြားဖြစ်လိမ့်မည်။ ထိုတကွဲတပြား ဖြစ်သောပြည်အား အရှင်မင်းကဲ့သို့ သော

ဘုန်းကံရှိသော မင်းတစ်ပါးမှ ပြန်လည်စုစည်း တည်ထောင်လိမ့်မယ်။

“ဒုတိယ” အိမ်မက်သည် ဤပြည်ထောင်သည် မညီညွတ်မှု့ များစွာ ရှိလာပြီး အရပ်လေးမျက်နှာကွဲနေသော

ဤပြည်ထောင်အား သူတစ်လူငါတစ်မင်း အုပ်ချုပ်လတ္တံ။ထိုအခါ မညီညွတ်သော ပြည်ထောင်အား ပြန်လည်စုစည်းမည့် ဒုတိယ မင်းတစ်ပါးပေါ်ပေါက်လာမည်ဖြစ်သည်။

တတိယအိမ်မက် – အရှင်မင်းကြီး တတိယအိမ်မက်သည်ကား အလွန်ထူးမြတ်လေသည်။ဤပြည်ထောင်သည်

မပြိုမကွဲ မပျက်စီးသောကာလဝယ် အရှင်မင်းကြီးကဲ့ သို့သော ဘုန်းကံကြီးသော သာသနာပြုမင်းတစ်ပါးပေါ်လိမ့်မယ်။

မြတ်ဗုဒ္ဓအားကြည်ညိုသော ထိုမင်းသည် မြတ်ဗုဒ္ဓ သာသနာအား ဤပြည်ထောင်သာမကပဲ ဇမ္မူတခွင်ဖြန့်လိမ့်မယ်အရှင်မင်းကြီးဘုရား။

ထိုအခါ အနော်ရထာမင်းကြီးလည်း ကောင်းလေစွ ကောင်းလေစွ ပုရောဟိတ်ကြီး ငါကြည်ညိုတော်မူသော ….

မြတ်ဗုဒ္ဓ၏ စစ်မှန်သောတရား တော်ကို ဇမ္မူတခွင်အထိပါဖြန့်မယ့် မင်း တစ်ပါးပေါ်ထွန်းလာဦးမှာကို ငါကိုယ်တော်မြတ်

အတိုင်းမသိဝမ်းသာတော်မူတယ်။ အနော်ရထာမင်းလည်း နှစ်သက်တော်မူသဖြင့် ပုရောဟိတ်အား ရွေတပြည် /

ဆင် ခုနှစ်ကောင်/ မြင်းရှစ်ဆယ် အားချီးမြင့်ကာ သထုံမြို့မှ ရှိသော အကောက်ခွန်တို့အား အပိုင်စားစေသည်။

နောက်နေ့မနက်တွင်ကား အနော်ရထာမင်းကြီးမှ သူ၏လေသာဆောင်သို့ ပုရောဟိတ်အား ဆင့်ခေါ်ကာ

သာသနာပြုမင်း အကြောင်းအားမေးလေသည်။မနေ့ကနန်းဆောင်တွင် မှုးမတ် စစ်သည်ဗိုလ်ပါ တို့ရှိ ၍

ရာဇ အိန္ဒြေဆောင်ကာမမေးမြန်းပဲ ဒီနေ့တွင်သာ လေသာဆောင်တွင်မေးလေသည်။

ဟဲ့ ပုရောဟိတ်ကြီး သာသနာပြုမင်းက ငါကိုယ်တော်မြတ်မရှိသည့်နောက်ပိုင်း ဘယ်ခေတ်မှာ ပေါ်မလဲကွဲ့။

မှန်ပါအရှင်မင်းကြီး ဘုရားသာသနာ ငါးထောင်ရှိတွင် ဝိမုတ္တိယုသ ခေတ် ၂ ခေတ်ရှိပါတယ်။

သာသနာနှစ် ၂၅၀၀ တွင် ခေတ်ငါးခေတ် ရှိပြီး တစ်ခေတ်တွင် နှစ်ငါးရာရှိပါတယ်။

မြတ်စွာဘုရား ပွင့်ထွန်းသောကာလနဲ့နောက်ပိုင်း ပထမ ဝိမုတ္တ္တိယုသ ခေတ် နှစ်ငါးရာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် သာသနာ ၂၅၀၀ ကျော်ရင် ဒုတိယ ဝိမုတ္တိယုသခေတ် နှစ်ငါးရာ ပြန်စပါမယ်ဘုရား။

ဒုတိယ ဝိမုတ္တိယုသခေတ် မှာ သာသနာပြုမင်းပေါ်ပါမယ် အရှင်မင်းကြီး ။ဒါဆို သာသနာပြုမင်းက

မြတ်စွာဘုရားရဲ့ သာသနာ ၂၅၀၀ နဲ့ ၂၆၀၀ ကြားပေါ်မှာလား ပုရောဟိတ်ကြီး။

မှန်ပါဘုရား နက္ခတာယာ လမ်းကြောင်းအရ အဝိဇ္ဇာကင်းစင်သော သာသနာနှစ် ၂၆၀၀ နားနီးမှာပေါ်မှာပါဘုရား။

ထိုမင်းလက်တွင် ဤပြည်သည် တစ်ရာ့တစ်ပါးသော တိုင်းနိူင်ငံတို့တွင် ထင်ရှားဧကန် ဘုန်းမီးနေလတောက်ပလိမ့်ဖြစ်ပါလိမ့်မည်။

တစ်ရာ့တစ်ပါးသော မင်းများလည်း ထိုမင်းအား လေးစား ဦးခိုက်ကြလိမ့်မည်။အနော်ရထာမင်းလည်း

အားရသဖြင့် နဝရတ် လက်စွပ်ကို ပုရောဟိတ်အား ထပ်မံ ချီးမြင့်လေသည်။

ဦးမြင့်ခိုင် / SaiMyoWin

အေနာ္ရထာမင္း ၏ ထူးဆန္းေသာ အိမ္မက္ႀကီး(၃) ခုႏွင့္ေနာက္ထပ္ ေပၚမည့္ သာသနာျပဳမင္းေလာင္း

ဓမၸဒီပတိုင္း ပုဂံျပည့္ရွင္ အေနာ္ရထာမင္း သည္ သူနတ္႐ြာမစံမီ (၇) ရက္အလိုတြင္ ထူးဆန္းေသာအိမ္ မက္ႀကီးသုံးခုကို မက္ေလသည္။

ပထမအိမ္မက္ – အေနာ္ရထာမင္း ၏ နန္းေတာ္အုတ္တံတိုင္းတို႔သည္ ၿပိဳက်ကုန္ၿပီးေနာက္ နန္းေတာ္ထဲတြင္ မီးေတာက္တစ္ခု ေပၚလာၿပီး

ထိုမီးေတာက္ထဲမွ ရဲမက္ တစ္ေယာက္က ၿပိဳက်ေသာ အုတ္တံတိုင္းကို ျပန္ ေထာင္ေလသည္။

ဒုတိယအိမ္မက္ – အေနာ္ရထာမင္း၏ နန္းေတာ္သည္ လည္းၿပိဳက်ေလသည္။ထိုအခါ နန္းေတာ္ အေနာက္တြင္ ရွိေသာ

မီးဖိုထဲ မွ မီးလွ်ံမ်ားထဲမွ လူတစ္ေယာက္က နန္းေတာ္ကို ျပန္လည္တည္ေဆာက္ေပးေလသည္။

တတိယအိမ္မက္ – အေနာ္ရထာမင္းသည္ နန္းေတာ္ေရွ႕သို႔ ထြက္လာေသာအခါ ေကာင္းကင္ယံ၌ ျမတ္စြာဘုရားတည္ရွိေနၿပီး

ေျမႀကီးေပၚတြင္ နန္းေတာ္ျပင္တစ္ခုလုံး မီးဟုန္းဟုန္းေတာက္ကာ ေရၾကည္တို႔သည္လည္း မီးႏွင့္ေရာေထြးကာ နန္းေတာ္အျပင္ထိသို႔ပါ လွ်ံကာထြက္ေလသည္။

ထိုမီးအလွ်ံ ေရအလွ်ံတို႔သည္ အေနာ္ရထာမင္းအားျမဳပ္ၿပီးေနာက္ ထိုထဲမွ လူသားတစ္ပါးထြက္လာကာ ျမတ္စြာဘုရားရွင္အား

ဦးတိုက္ရွိခိုးေလသည္။ေနာက္ေန႔မနက္တြင္ အေနာ္ရထာမင္းသည္ ပုေရာဟိတ္ပု႑ား အား သူ၏ အိမ္မက္ (၃) ခုေမးေလသည္။

ပုေရာဟိတ္ လည္းထိုအိမ္မက္ (၃) ခုအား ေသခ်ာဆင္ျခင္ၿပီး တြက္ဆကာ အေနာ္ရထာမင္းအား သံေတာ္ဦးတင္ေလသည္။

အရွင္မင္းႀကီး “ပထမ “အိမ္မက္သည္ ေနာင္ေသာကာလ ၌ ပုဂံျပည္ႀကီးသည္ ပ်က္စီးယိုယြင္း ၿပီးေနာက္ အရွင္မင္းႀကီး

တည္ေထာင္စုစည္းထားေသာ ျပည္သည္ တကြဲတျပားျဖစ္လိမ့္မည္။ ထိုတကြဲတျပား ျဖစ္ေသာျပည္အား အရွင္မင္းကဲ့သို႔ ေသာ

ဘုန္းကံရွိေသာ မင္းတစ္ပါးမွ ျပန္လည္စုစည္း တည္ေထာင္လိမ့္မယ္။

“ဒုတိယ” အိမ္မက္သည္ ဤျပည္ေထာင္သည္ မညီၫြတ္မႈ႕ မ်ားစြာ ရွိလာၿပီး အရပ္ေလးမ်က္ႏွာကြဲေနေသာ

ဤျပည္ေထာင္အား သူတစ္လူငါတစ္မင္း အုပ္ခ်ဳပ္လတၱံ။ထိုအခါ မညီၫြတ္ေသာ ျပည္ေထာင္အား ျပန္လည္စုစည္းမည့္ ဒုတိယ မင္းတစ္ပါးေပၚေပါက္လာမည္ျဖစ္သည္။

တတိယအိမ္မက္ – အရွင္မင္းႀကီး တတိယအိမ္မက္သည္ကား အလြန္ထူးျမတ္ေလသည္။ဤျပည္ေထာင္သည္

မၿပိဳမကြဲ မပ်က္စီးေသာကာလဝယ္ အရွင္မင္းႀကီးကဲ့ သို႔ေသာ ဘုန္းကံႀကီးေသာ သာသနာျပဳမင္းတစ္ပါးေပၚလိမ့္မယ္။

ျမတ္ဗုဒၶအားၾကည္ညိဳေသာ ထိုမင္းသည္ ျမတ္ဗုဒၶ သာသနာအား ဤျပည္ေထာင္သာမကပဲ ဇမၼဴတခြင္ျဖန္႔လိမ့္မယ္အရွင္မင္းႀကီးဘုရား။

ထိုအခါ အေနာ္ရထာမင္းႀကီးလည္း ေကာင္းေလစြ ေကာင္းေလစြ ပုေရာဟိတ္ႀကီး ငါၾကည္ညိဳေတာ္မူေသာ ….

ျမတ္ဗုဒၶ၏ စစ္မွန္ေသာတရား ေတာ္ကို ဇမၼဴတခြင္အထိပါျဖန္႔မယ့္ မင္း တစ္ပါးေပၚထြန္းလာဦးမွာကို ငါကိုယ္ေတာ္ျမတ္

အတိုင္းမသိဝမ္းသာေတာ္မူတယ္။ အေနာ္ရထာမင္းလည္း ႏွစ္သက္ေတာ္မူသျဖင့္ ပုေရာဟိတ္အား ေ႐ြတျပည္ /

ဆင္ ခုႏွစ္ေကာင္/ ျမင္းရွစ္ဆယ္ အားခ်ီးျမင့္ကာ သထုံၿမိဳ႕မွ ရွိေသာ အေကာက္ခြန္တို႔အား အပိုင္စားေစသည္။

ေနာက္ေန႔မနက္တြင္ကား အေနာ္ရထာမင္းႀကီးမွ သူ၏ေလသာေဆာင္သို႔ ပုေရာဟိတ္အား ဆင့္ေခၚကာ

သာသနာျပဳမင္း အေၾကာင္းအားေမးေလသည္။မေန႔ကနန္းေဆာင္တြင္ မႈးမတ္ စစ္သည္ဗိုလ္ပါ တို႔ရွိ ၍

ရာဇ အိေျႏၵေဆာင္ကာမေမးျမန္းပဲ ဒီေန႔တြင္သာ ေလသာေဆာင္တြင္ေမးေလသည္။

ဟဲ့ ပုေရာဟိတ္ႀကီး သာသနာျပဳမင္းက ငါကိုယ္ေတာ္ျမတ္မရွိသည့္ေနာက္ပိုင္း ဘယ္ေခတ္မွာ ေပၚမလဲကြဲ႕။

မွန္ပါအရွင္မင္းႀကီး ဘုရားသာသနာ ငါးေထာင္ရွိတြင္ ဝိမုတၱိယုသ ေခတ္ ၂ ေခတ္ရွိပါတယ္။

သာသနာႏွစ္ ၂၅၀၀ တြင္ ေခတ္ငါးေခတ္ ရွိၿပီး တစ္ေခတ္တြင္ ႏွစ္ငါးရာရွိပါတယ္။

ျမတ္စြာဘုရား ပြင့္ထြန္းေသာကာလနဲ႔ေနာက္ပိုင္း ပထမ ဝိမုတၱၱိယုသ ေခတ္ ႏွစ္ငါးရာ ၿပီးဆုံးခဲ့ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္ သာသနာ ၂၅၀၀ ေက်ာ္ရင္ ဒုတိယ ဝိမုတၱိယုသေခတ္ ႏွစ္ငါးရာ ျပန္စပါမယ္ဘုရား။

ဒုတိယ ဝိမုတၱိယုသေခတ္ မွာ သာသနာျပဳမင္းေပၚပါမယ္ အရွင္မင္းႀကီး ။ဒါဆို သာသနာျပဳမင္းက

ျမတ္စြာဘုရားရဲ႕ သာသနာ ၂၅၀၀ နဲ႔ ၂၆၀၀ ၾကားေပၚမွာလား ပုေရာဟိတ္ႀကီး။

မွန္ပါဘုရား နကၡတာယာ လမ္းေၾကာင္းအရ အဝိဇၨာကင္းစင္ေသာ သာသနာႏွစ္ ၂၆၀၀ နားနီးမွာေပၚမွာပါဘုရား။

ထိုမင္းလက္တြင္ ဤျပည္သည္ တစ္ရာ့တစ္ပါးေသာ တိုင္းႏိူင္ငံတို႔တြင္ ထင္ရွားဧကန္ ဘုန္းမီးေနလေတာက္ပလိမ့္ျဖစ္ပါလိမ့္မည္။

တစ္ရာ့တစ္ပါးေသာ မင္းမ်ားလည္း ထိုမင္းအား ေလးစား ဦးခိုက္ၾကလိမ့္မည္။အေနာ္ရထာမင္းလည္း

အားရသျဖင့္ နဝရတ္ လက္စြပ္ကို ပုေရာဟိတ္အား ထပ္မံ ခ်ီးျမင့္ေလသည္။

ဦးျမင့္ခိုင္ / SaiMyoWin