credit
unicode
အဆိုတော် နီနီခင်ဇော်ကတော့ ပက်ပက်စက်စက်ကို တွယ်ခံနေရပါပီ…
နီနီခင်ဇော်ဟာ ဒီကာလမှာ ပြည်သူ့မျက်နှာမထောက် Cover ဆိုတဲ့အပြင် သူကာဗာဆိုတဲ့သီချင်းတွေရဲ့မူရင်းအဆိုတော်ဖြစ်သူ ဦးငှက် ဦးစိုင်းထီစိုင် တို့လို အဆိုတော်ကြီးတွေကို ဘယ်လိုကွက်ကျော်ရိုက်ထားတယ်ဆိုတာပြောပြမှာပါ
ဒီနေရာမှာပြောချင်တာက နီနီခင်ဇော်ဟာ မြန်မာပြည်ရဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်အနေနဲ့ ပြည်သူဆီကသဲ့ယူထားတဲ့ငွေတွေနဲ့နောက်ဆယ်နှစ်လောက်ဘာမှမလုပ်ဘဲထိုင်စားလို့ရတယ်
ငတ်စရာအကြောင်းမရှိပါဘူး တမင်ယွချင်လို့ကို လူထုဆန္ဒကိုဂမစိုက်ဘဲ ကမ်းခြေမှာယွပြနေတာ
ကျန်တာတွေကို တစ်ချက်ချင်းထောက်ပြမှာမလို့ တစ်ပုံချင်းအစဉ်လိုက်ဖတ်ပေးပါ
နီနီခင်ဇော်က သီချင်းအသစ်မဆိုဘူးလားဆိုတော့ မဆိုတာမဟုတ်ဘူး ဆိုတယ် မပေါက်တာ
ပိုးစိုပက်စက်မပေါက်တာ ၆လအတွင်း အသစ် သုံးပုဒ်ထုတ်ထားတယ် တစ်ပုဒ်မှမပေါက်ဘူး ဒီတော့ လူသိပြီးသားနာမည်ကြီးသီချင်းအဟောင်းတွေကို ပြန်ထုတ်ပြီး ဒုက္ခပင်လယ်ဝေနေတဲ့ အရပ်သားလူထုစီက ပိုက်ဆံကိုသဲ့ယူဖို့ကြိုးစားတယ် ဒါပါပဲ
ဆက်ရအောင် ကာဗာဆိုတယ်ဆိုတာကလည်း တခြားသူတွေလို Studio မှာ ငြိမ်ငြိမ်လေးဆိုတာမဟုတ်ဘူးနော်
လူနေအိမ်တွေမီးရှို့ခံနေရချိန် ပြည်သူတွေမျက်ရည်ဝေနေချိန်မှာ ကမ်းခြေတစ်ခုမှာ ဂါဝန်ကြီးတွေဖားဖားလျားလျားဝတ်ပြီး မြူထူးပျော်ပါးပြနေတာ
တချို့သီချင်းတွေကိုလည်း Cover နဲ့မတူဘဲ မူရင်းသီချင်း Vibe ကိုလုံးဝဖျောက်ပြီးနီနီခင်ဇော်ပုံစံဖြစ်အောင်ဆိုလိုက်တာ
ပိုအရေးကြီးတာက သူ Cover ဆိုတဲ့သီချင်းတိုင်းရဲ့ Caption (ခေါင်းစဉ်) မှာ မူရင်းအဆိုတော်ကို ဖော်ပြထားခြင်းလည်းမရှိသလို Cover ဆိုထားကြောင်း (Cover) ဆိုပြီးဖော်ပြထားခြင်းမရှိဘူး
နောက်မျိုးဆက်တွေက အဲ့သီချင်းတွေကို ပြန်နားထောင်မိတဲ့အခါ Cover ဆိုထားတဲ့ အငွေ့အသက်တွေမရှိတဲ့အတွက် နီနီဟာ ဒီသီချင်းတွေရဲ့မူရင်းအဆိုရှင်ဆိုပြီးထင်လာအောင် Discredit လုပ်ထားတယ်
နောက်လူတွေဒီသီချင်းတွေကိုနားထောင်ချင်လို့ Youtube မှာရှာကြည့်တဲ့အခါ Views ပိုများတဲ့ နီနီ့ Video တွေကိုပဲ မူရင်းလို့ထင်လာမယ် ဒီတော့သူကဆရာမကြီးလို့အထင်ခံရမယ်
ဒါပေမဲ့နီနီဟာ သီချင်းတိုင်းမှာမူရင်းအဆိုတော်တိုင်းကို Discredit ထားတာတော့မဟုတ်ပါဘူး
နိုင်ငံခြား Band တစ်ခုဖြစ်တဲ့ Bee Gees ရဲ့ How Deep Is Your Love ကို Cover ဆိုတဲ့အခါမှာတော့ Bee Gees ကိုခေါင်းစဉ် (Caption) မှာတင် မူရင်းအဆိုတော်နေရာကသိသာအောင် Credit ပေးထားပါတယ်
(ပုံကိုကြည့်ပါ မြန်မာသီချင်းတိုင်းမှာ Ni Ni Khin Zaw လို့ရေးထားပေမဲ့ Bee Gees ရဲ့သီချင်းမှာတော့ Bee Gees ဆိုပြီး တလေးတစား Credit ပေးထားပါတယ်)
ဒီနေရာကိုကြည့်ခြင်းဖြင့် နီနီမရဲ့ ကွက်ကျော်ရိုက်တာက လယ်ပြင်ဆင်သွားသလိုပေါ်နေပါပြီ ပြည်တွင်းက မူရင်းအဆိုတော်ကြီးတွေကိုတော့ ကျောလို့ရမှန်းသိတော့ လေးစားမှုမပြချင်ပေမဲ့ နိုင်ငံခြားက အဆိုတော်ကိုတော့မလုပ်ရဲပါဘူး တစ်နည်းနဲ့နည်းနည်းရိုင်းသွားရင် ဘို-ီးမှလူထင်တာမျိုးပေါ့
မြန်မာပြည်သူတွေကဒီအချက်ကို သတိပြုမိပြီးကွယ်လွန်သွားတဲ့အဆိုတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ Legacy (အမွေအနှစ်) အတွက်ရပ်တည်သင့်ပါတယ်
ပြီးတော့ မူရင်းဖန်တီးသူတွေရဲ့ခံစားခွင့်တွေကိုလည်းမေ့မနေသင့်ပါဘူး
နိုင်ငံတကာမှာတော့ သီချင်းတစ်ပုဒ်ကို Video ထဲမှာသုံးမယ်ဆို သီချင်းအမြတ်ငွေရဲ့ တစ်ဝက်တိတိကို သီချင်းရေးသူကိုပေးရမှာပါ Cover သီချင်းဆိုရင်တော့ မူရင်းအဆိုတော်ကိုပါ ပမာဏတစ်ခုပေးရမှာဖြစ်ပါတယ်
ဒီထက်အရေးကြီးတဲ့တစ်ချက်ကတော့ ဥပဒေစိုးမိုးတဲ့နိုင်ငံတိုင်းမှာ သီချင်းရဲ့ပိုင်ဆိုင်ခွင့်ကိုမည်သူပင်လက်ကိုင်စွဲထားပါစေ မူရင်းအဆိုတော်ဟာ (သေဆုံးသွားပါကသူ၏မိသားစုဟာ) သူရဲ့သီချင်းကိုမည်သူပြန်ဆိုခွင့်ရှိသည်မရှိသည်ကို လုံးဝ(လုံးဝ)ဆုံးဖြတ်ခွင့်အပြည့်အဝရှိပါတယ် မူရင်းအဆိုရှင်ငြင်းရင် မည်သူမျှပြန်ဆိုခွင့်မရှိပါဘူး
ဒါပေမဲ့နီနီဟာ တရားဥပဒေယိုယွင်းနေတဲ့ မြန်မာပြည်ရဲ့ အခြေအနေကိုအခွင့်ကောင်းယူပြီးကိုယ်ကျိုးရှာနေတာဟုတ်မဟုတ်တော့သူမကိုယ်တိုင်ပဲသိမှာပါ
ပြီးတော့ ကျွန်မတို့တွေဟာလည်း ကိုယ့် Idol မလို့ ဘယ်သူမလို့ဆိုပြီးဘက်မလိုက်ဘဲ ထိုက်သင့်တဲ့သူတိုင်းကို Sp/Boycott လုပ်ပြီး တလရကိုသစ္စာရှိဖို့လိုပါတယ်
(ဒီ Post ဟာ မြန်မာနိုင်ငံရဲ့ ဂီတလောကအတွက်အထောက်အကူတစ်ရပ်ပေးနိုင်မယ်လို့ထင်တာကြောင့် share ပေးကြဖို့တောင်းဆိုချင်ပါတယ်)
credit